5

322 37 13
                                    

Unicode ver.

Renjunကို စဥ်းစားခိုင်းပြီး တစ်ပတ်ကျော်ကြာတော့ Jeno အဖြေကို မေးသင့်၊ မမေးသင့် တွေဝေနေမိသည်။ အဖြေက မကောင်းတဲ့အခါ သူအဆင်ပြေပါ့မလား။

အအေးသောက်ရင်းနဲ့ တမှိုင်မှိုင် တတွေတွေ ဖြစ်နေတဲ့ Jeno ကြည့်ရင်း Haechan နဲ့ Jaemin ပါ မှိုင်ချင်လာသည်။

*Jeno မင်းဘာဖြစ်နေတာလဲ*

Jaemin မေးတော့ သူမပြောဖြစ်ဘဲ လျှိုထားတဲ့ ဒီအကြောင်းတွေကို ကုန်စင်ပြောပြလိုက်သည်။ Jeno လည်း ပြောပြီးရော

*ဝှါး ဒီ Lee Jeno ငါတို့ကို ပြောတော့ လူကြီးတွေဆီက ဖုန်းဝင်လာလို့ပါဆိုပြီး*

*ဟုတ်ပါ့ တကယ်ပဲ ငါတို့ကို မပြောပဲ*

သူ့ကို ပြောဆိုနေတဲ့ သူငယ်ချင်းတွေကို Jeno ပြန်အဖက်မလုပ်နိုင်။ သူ့စိတ်ထဲ မေးသင့် မမေးသင့်ကသာ ကြီးစိုးနေသည်။

*မင်းတို့ ပြောချင်ရင် နောက်မှ ဆက်ပြောကွာ အခုတော့ ငါမေးသင့်လား၊ မမေးသင့်ဘူးလား Renjun ကို*

*မေးသင့်တယ်*
*မမေးသင့်ဘူး*

သူငယ်ချင်းနှစ်ယောက်ဆီက အဖြေနှစ်မျိုးရလာသည်မို့ Jeno အရမ်းပျော်မိပါသည် နှစ်ယောက်ကတော့ သူ့အစား မေးသင့်တယ် မမေးသင့်ဘူနဲ့ အငြင်းပွားနေလေသည် အစုတ်ပလုတ်လေးတွေ

Jeno အတွေးပြတ်အောင် ဖုန်းကို ထုတ်ကြည့်တုန်း ကန်တင်းထဲကို ဝင်လာတဲ့ Renjun။ တစ်ယောက်တည်း ဝင်လာတာမို့ ဒါကိုမြင်တဲ့ Haechanက လှမ်းခေါ်တဲ့အခါ စဥ်းစားခိုင်းတဲ့ Jeno က မနေတတ်။

တစ်ဖက်မှာ နှစ်ယောက်စီ မျက်နှာချင်းဆိုင် ထိုင်ရတဲ့ စားပွဲမို့ Renjun ရောက်တဲ့အခါ လွတ်နေတဲ့ Jeno ဘေးသာ ဝင်ထိုင်လိုက်သည်။

*နေ့လည်စာ လာစားတာလား Renjun တစ်ယောက်တည်းလား*

*နေ့လည်စာစားချိန် နေ့လည်စာမစားလို့ ဘာလာလုပ်ရမှာလဲ တစ်ယောက်တည်းမြင်နေတာကို သက်သက်မဲ့မေးနေသေးတယ်*

Haechan မေးတဲ့ ဒီအမေးကို Renjun ဖြေတယ်ထင်ရင်တော့ မိတ်ဆွေမှားသွားပါပြီ။ Renjun ဘေးမှာ ထိုင်နေတဲ့ Jeno ရဲ့ အဖြေတွေပါ။

Jeno အဖြေကို Haechan က ဒေါသထွက်ပြီး ပြောဆိုနေပေမယ့် Renjun ကတော့ ရယ်မိသည်။

κι εγω σε αγαπω [NoRen]Where stories live. Discover now