6

323 30 13
                                    

Horror movie ကြည့်ရအောင်ဆိုသော Renjun စကားကြောင့် ဒီည Jeno dorm မှာ horror movie ကြည့်ကြမည်ဖြစ်သည်။ Horror Movie ကြည့်တိုင်း နားကို လက်နှစ်ဖက်နဲ့ အုပ်ထားတတ်တဲ့ Renjun ပုံစံက Jeno ကို အသည်းယားစေပါသည်။ တစ်ခါတစ်လေ ရင်ခွင်ထဲကို ဝင်ဝင်ပုန်းတတ်သည်မို့ ဇာတ်ကားပြီးသည့်အခါ Jeno စနောက်မိရင် စွာတေးလေးက စိတ်ကောက်သေးသည်။ အတန်းချိန်ပြီးလို့ ထွက်လာသော Renjun ကို မြင်မှ Jeno အတွေးတွေ ရပ်သွားလေသည်။

*ဘာတွေ တစ်ယောက်တည်း ရယ်နေတာလဲ*

*အာ တစ်စုံတစ်ယောက်က horror movie ကြည့်ရင် နားပိတ်ထားတတ်တဲ့အကြောင်းလေး စဥ်းစားမိလို့ပါ*

*ဘာ*

*အင်း*

Jeno စနောက်ပြီး ပြုံးနေတော့ Renjun က သူ့ကို မစောင့်ဘဲ ဘောက်ဆတ်ဆတ်နဲ့ လှည့်ထွက်သွားလေသည်။ Jeno, Renjun နောက်ကို ပြေးလိုက်သွားပြီး လက်ကိုဆွဲတော့ ရုန်းလေသည်။ ဒီလက်ဖဝါးသေးသေးလေးက Jeno လက်ကို ရုန်းနိုင်မည်တဲ့လား။

*စိတ်မကောက်နဲ့တော့ Dorm မပြန်ခင် မုန့်ဝယ်ရင်းနဲ့ ဟော့ပေါ့လိုက်ကျွေးမယ် စားမယ်မလား*

Jeno ပြောလိုက်တော့ စူပုတ်ပုတ် မျက်နှာကို မပြောင်းဘဲ ခေါင်းညိတ်ပြလေသည်။ အသည်းယားဖို့ကောင်းလွန်းနေသည်မို့ Jeno ပါးလေးကို နမ်းလိုက်တော့ ဘာမှပြန်မလုပ်။ အင်း Mood က အရမ်းကြီး serious မဖြစ်ဘူးပဲ။ ဟော့ပေါ့ကြောင့်များလားတော့ မပြောတတ်။

............……….….......................……….…...................

Hotpot စားပြီး ညကျရင် ရုပ်ရှင်ကြည့်ရင်း စားဖို့ မုန့်ဝင်တော့ မုန့်တစ်ခုချင်းစီကို သေချာကြည့်ပြီး ဝယ်နေတဲ့ Renjun။ ဘေးမှာတော့ Jeno က ခြင်းတောင်းလေးကိုင်လို့ Renjun ဝယ်သည်ကိုပဲ ကြည့်နေလေသည်။

*Jeno* Renjun ခေါ်တော့ Renjun လက်ထဲက မုန့်ကို ငေးနေသော Jeno က Renjun ကို ကြည့်လာသည်။ Jenoက ပြောလေ ဆိုတဲ့သဘောနဲ့ ခေါင်းညိတ်ပြလိုက်တော့

* အခု ဒါတွေဝယ်ပြီးတာနဲ့ dorm ပြန်ရင် စောဦးမှာမို့ ချယ်ရီပင်တွေအောက် သွားရအောင်* ပူဆာသလို ပြောလာတဲ့ Renjun က ကြောင်ပေါက်လေး အစာတောင်းနေဟန်နဲ့တူသည်။

You've reached the end of published parts.

⏰ Last updated: Apr 25, 2022 ⏰

Add this story to your Library to get notified about new parts!

κι εγω σε αγαπω [NoRen]Where stories live. Discover now