3

229 37 13
                                    

Unicode ver...

ဒီနေ့ တက္ကသိုလ်တွေ စတက်ရမယ့်နေ့ ...

အမှတ်ကောင်းလို့ ကြိုက်ရာ တက္ကသိုလ်၊ ကြိုက်ရာ ဘာသာရပ် ရွေးချယ်ခွင့်ရတဲ့အခါ computer program ပိုင်း စိတ်ဝင်စားတဲ့ Jeno က computer science ကို တက်ရောက်ခဲ့သည်။

Jaemin က စီးပွါးရေးမေဂျာတက်ခဲ့သလို Haechan ကတော့ တေးဂီတပိုင်းဆိုင်ရာမေဂျာကို ရွေးချယ်ခဲ့သည်။ တက္ကသိုလ်တစ်ခုတည်းမို့ မေဂျာမတူ၊ အတန်းချိန် ကွဲရင်တောင် အရင်လိုတော့ ပေါင်းမိနေကြဦးမယ့် သူတွေပါပင်။

သူချစ်ရတဲ့သူကရော ...

Jeno ဘက်က မမေးခဲ့သလို Haechan တို့ကလည်း ဘာမှမပြောခဲ့။

တက္ကသိုလ်တက်တော့ အိမ်နဲ့ ဝေးသည်မို့ Jeno အဆောင်သာ ငှားနေဖြစ်သည်။ အဆောင်ကနေ ကျောင်းကို ဆယ့်ငါးမိနစ်ခန့်ကြာသည်မို့ အရင်လို စက်ဘီးစီးရင်းသာ ကျောင်းတက်ဖို့ တွေးထားသည်။

ပထမဆုံးရက်မို့ ကျောင်းထဲပဲ လျှောက်သွားမည် လုပ်ထားသော သူတို့သုံးယောက်အကြံအတိုင်း လျှောက်သွားရန် ဆုံမည့်နေရာဆီသာ Jeno တိုက်ရိုက် မောင်းသွားလိုက်သည်။

Jeno ဆုံရပ်ကို ရောက်ခါနီးတော့ Haechan, Jaemin တို့နဲ့အတူ သူသတိရနေခဲ့သော Renjun စကားပြောနေသည်ကို မြင်လေသည်။

ဘာလို့ တိုက်ဆိုင်နေရပြန်တာလဲကွာ ....

Jeno စက်ဘီးကို ဆက်မနင်းတော့ဘဲ တွန်းသွားလိုက်တော့ သူလာနေသည်ကို Haechan က Renjun ကို ပြောလိုက်ပုံပင် အနောက်ကို တစ်ခါလေးတောင် လှည့်မကြည့်ဘဲ သူ မရောက်ခင် ထွက်သွားလေသည်။

Jeno, Jaemin တို့နားရောက်တော့ စူးစိုက်ကြည့်နေတဲ့ Haechan နဲ့ Jaemin မျက်လုံးတွေဟာ Jeno သိချင်စိတ်များ ရှိနေမလား ပြန်စူးစမ်းနေသလိုပင်။ Jeno လည်း မသိချင်ယောင်ဆောင်ပြီးပဲ

*ကဲ ငါ ရောက်ပြီဆိုတော့ပဲ အခု လျှောက်သွားကြတော့မလား*

Jeno ပြောတော့ သူငယ်ချင်းနှစ်ယောက်က ခေါင်းညိတ်ပြလေသည်။ သူ မမေးတော့ ဘာမှဆက်မပြောဘဲ အလိုက်တသိနဲ့ လျှော ပေးလိုက်တဲ့ ဒီသူငယ်ချင်းနှစ်ယောက်ကို Jeno ကျေးဇူးတင်မိသည်။

κι εγω σε αγαπω [NoRen]Where stories live. Discover now