*106* ဂိုဏ်းချုပ်ကို ပုချီနဲ့မှားယွင်းခြင်း

9.2K 1.7K 88
                                    

ရုန်ယိတို့တွေ ကျိုရွှီဂိုဏ်းရဲ့ဂိတ်ဝကိုရောက်လာကြတဲ့အခါ အစောင့်က သူတို့တစ်ယောက်ချင်းစီကိုသေချာစစ်ဆေးလေ၏။

ပုချီက အရင်တစ်ခေါက်သူ့ကိုစစ်ဆေးခဲ့တဲ့ အစောင့်ခေါင်းဆောင်ရဲ့ရှေ့ကိုသွားပြီး မျက်နှာဖုံးမပြလိုက်သည်။ အစောင့်ခေါင်းဆောင်က သူ့ကိုမှတ်မိသွားပြီး ချက်ချင်းအထဲကိုဝင်ခွင့်ပြုလိုက်၏။

ပုချီရဲ့ ရုပ်ဆိုးဆိုးမျက်နှာဖုံးကိုတစ်ချက်ကြည့်လိုက်ပြီး ရုန်ယိ ပုံမှန်အတိုင်းလေးဘဲမေးလိုက်သည်။
"ခင်ဗျားအမြဲမျက်နှာဖုံးတပ်ထားတာက ခင်ဗျားကို ကျွန်တော်သိနေလို့များလား"

အကယ်၍ ရုန်ယိသာ သူ့ကိုမသိခဲ့ရင် သူအမြဲတမ်းဒီလိုမျက်နှာဖုံးကြီးတပ်ထားစရာမလိုပေ။

"ကျုပ်တော့အဲ့လိုမထင်ဘူး"
ပုချီက ခဏလောက်ရပ်လိုက်ပြီးမှ
"ဆရာကြည့်ချင်ရင် ကျုပ်မျက်နှာကိုတွေ့ရအောင် ခဏလောက်ချွတ်ပြမယ်လေ"

"ကောင်းပြီလေ...ကျွန်တော်လည်း ခင်ဗျားဘယ်လိုရုပ်ရည်ရှိလဲဆိုတာသိချင်နေတယ်"
အမှန်တော့ ရုန်ယိအစကဒီအတိုင်းလေးသာပြောလိုက်တာဖြစ်သည်။ ဒါပေမဲ့အခုတော့ သူတစ်ကယ်ကို ပုချီရဲ့မျက်နှာကိုတွေ့ချင်နေလေပြီ။

"ဆရာ..အသင့်ပြင်ထားနော်"

ရုန်ယိ မျက်ခုံးပင့်လိုက်မိသည်။ သူတစ်ကယ်ကြီး သူ့မျက်နှာကိုပြချင်တယ်ပေါ့...။

ပုချီက မျက်နှာဖုံးကိုချွတ်လိုက်ပြီးနောက် အလင်းအလျှင်နဲ့ပြန်တပ်လိုက်၏။

ရုန်ယိ "......"

သောက်လခွီးတဲ့မှဘဲ!!..ဒီလောက်မြန်နေမှတော့ ဘယ်သူကသူ့မျက်နှာကိုတွေ့လိုက်ရမှာလဲဟ.....။

ပုချီက ပြုံးကာပြန်ပြောလာသည်။
"ဆရာ တွေ့လိုက်ရတယ်မလား"

ရုန်ယိလည်း ပြန်ပြုံးပြလိုက်ပြီး
"ဟင့်အင်း...ဒါပေမဲ့ ခင်ဗျားကျုပ်ကို တစ်ခုတော့သင်ပေးလိုက်တယ်"

"ဘာများလဲ"

"ကျွန်တော် နောက်တစ်ခါ ခင်ဗျားကို မွမ်းမံတာကိုသင်ပေးတဲ့အချိန်ကျရင် ဒီလိုအမြန်နှုန်းနဲ့လုပ်ပြသင့်တယ်လို့လေ..ခင်ဗျားရဲ့အရည်အချင်းအရဆိုရင်တော့..ကောင်းကောင်းသင်ယူနိုင်မှာသေချာပါတယ်"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now