Part - 6

954 97 3
                                    

[ Zawgyi ]

"ဒီအလွှာက ဟိုဘက်​မျက်​​စောင်းထိုးတစ်​ခန်းပဲ လူရှိတယ်​"

"အင်း မဆိုးဘူး...​ကျေးဇူးပဲ ယွီဟန်​"

"အာ မဟုတ်​တာ...ကျွန်​​တော်​က လုပ်​​ပေးရမှာပါ"

ဆိတ်​ငြိမ်​ရပ်​ကွက်​ဆိုတဲ့အတိုင်း ပတ်​ဝန်းကျင်​က ​အေး​အေး​ဆေး​ဆေးရှိလှတယ်​။ တိုက်​ခန်းကလည်း​​ပေးရတဲ့ ​ဈေးနဲ့တန်​​အောင်​ ​ရှောင်းကျန့်​အကြိုက်​ဖြစ်​တာမို့ ရှာထား​ပေးတဲ့ ယွီဟန်​ကို ​​ကျေးဇူးတင်​မိတယ်​။

"ဒါပဲ ယူမယ်​..ယွီဟန်​ တစ်​ခါတည်း​ငွေ​ချေလိုက်​​တော့"

"ဟုတ်​ကဲ့အမ်​ဒီ​ရှောင်း"

.

_____________________

"​ပေါ်လာ​သေးတယ်​​နော်​ ဥက္ကဌကြီး"

အ​ရှေ့ခုံမှာဝင်​ထိုင်​တဲ့ ဟိုက်​ခွမ်းကို ရိ​ပေါ်က ​ထေ့​ငေါ့စွာ​ပြောလာတယ်​။

"သူခိုးကလူပြန်​ဟစ်​လို့...ဂျာမနီကပြန်​လာပြီးကတည်းက ​ပျောက်​​နေတာ ဘယ်​သူမို့လို့လဲ"

"..."

"​ပြော...ဂျာမနီမှာ ဘာဖြစ်​ခဲ့တာလဲ"

ရိ​ပေါ်က ပုခုံးတွန့်​လို့ ဘာမှမသိတဲ့ပုံလုပ်​ပြတယ်​။

"ဘာမှမဖြစ်​ဘဲ ​လေ့ကျင့်​​ရေးက​ရော ဘာလို့မဆင်းရတာလဲ"

"ဘာမှမဖြစ်​ပါဘူး အစ်​ကိုကြီးရာ...ဂျာမနီကအပြန်​ တစ်​ပတ်​​လေးနားမိတာကို မန်​​နေဂျာကပွားလိုက်​ ဥက္ကဌကပွားလိုက်​နဲ့ ညစ်​တယ်​ဗျာ"

ဝမ်​ဟိုက်​ခွမ်းက ​လေ့ကျင့်​​ရေးမဆင်းတာကို စိတ်​ဆိုးတာမဟုတ်​ဘဲ မ​ပြောမဆို တိတ်​ဆိတ်​လွန်းသွားတတ်​တဲ့ ညီငယ်​ကိုစိတ်​ပူလို့ဖြစ်​တယ်​။

အရင်​တုန်းက ရိ​ပေါ်က ​အေးတိ​အေးစက်​နဲ့ ခံစားချက်​​တွေရဲ့အ​ဝေးမှာ​နေတဲ့သူဆိုရင်​ အခုရိ​ပေါ်က ​​ပေါ့ပျက်​ပျက်​မျက်​နှာထားနဲ့ ခံစားရသမျှကို ဖုံးကွယ်​ထားတတ်​တဲ့ ​ကောင်​​လေးဖြစ်​တယ်​။

"အစ်​ကိုကြီး​ပြော​တော့ အလုပ်​ကိစ္စဆို? ​ပြောစရာမရှိရင်​ လစ်​မယ်​"

'NOTHING' Wo Geschichten leben. Entdecke jetzt