Part - 18

1K 139 18
                                    


[ Zawgyi ]

ရိ​ပေါ်က ​ရှောင်းကျန့်​ရဲ့အတိတ်​​နေ့ရက်​​တွေထဲမှာ သူကအဓိကဇာတ်​​ဆောင်​တစ်​ဦးဖြစ်​ခဲ့ဖူး​ကြောင်းကို မ​ပြောပြဖြစ်​ဘူး။

မမှတ်​မိနိုင်​​တော့တဲ့​ရှောင်းကျန့်​က အလကားသက်​သက်​ကိုယ့်​ကိုယ်​အပြစ်​တင်​စိတ်​​တွေဝင်​သွားမှာ မလိုလားဘူး။ သိပ်​ကိုအ​ရေးပါတဲ့အတိတ်​​တွေဖြစ်​ခဲ့​ပေမဲ့လည်း ဒီ​လောက်​နဲ့ထုပ်​သိမ်းထားရုံ​ပေါ့။ အခုလက်​ရှိ​ရှောင်းကျန့်​ကသာအ​ရေးအကြီးဆုံးမို့။

အတိတ်​က ​ရှောင်းကျန့်​က ရိ​ပေါ်အတွက်​သိပ်​အ​ရေးပါတယ်​ဆိုရင်​ အခုပစ္စုပ္ပန်​က​ရှောင်းကျန့်​က ဘယ်​အရာနဲ့မှနှိုင်းယှဉ်​လို့မရတဲ့ အဖိုးတန်​ဆုံးဖြစ်​တည်​မှုမျိုးပဲ။

"ဒါဆို...အခု​ရှေ့​လျှောက်​ ကိုယ့်​ရဲ့​နေ့ရက်​​တွေထဲမှာ ပါဝင်​လာလို့မဖြစ်​ဘူးလား"

ရှောင်းကျန့်​ဆီက ဒီ​မေးခွန်းကိုကြားလိုက်​ရတဲ့အခါ ရိ​ပေါ်နှလုံးသား​လေးက ဒိတ်​ကနဲခုန်​လှုပ်​တယ်​။

အချစ်​က အရင်​တုန်းကလိုပဲ စိတ်​မြန်​လက်​မြန်​​လေး....

"ခင်​ဗျားက ခွင့်​ပြုမှာလား"

"အင်း...ကိုယ်​က​ကောင်​​လေးနဲ့ သူစိမ်းမဖြစ်​ချင်​ဘူး"

"ကျွန်​​တော်​ကလည်း ခင်​ဗျားနဲ့သူငယ်​ချင်းမဖြစ်​ချင်​ဘူး"

"..."

ကောင်​​လေးက ငြင်းလိုက်​တယ်​ဆိုတဲ့အသိ​ကြောင့်​ ​ရှောင်းကျန့်​က တိတ်​ဆိတ်​သွားရပြန်​တယ်​။ ​ကောင်​​လေးက သူနဲ့မနီးစပ်​ချင်​ဘူးပဲ။

ဘယ်​လိုလုပ်​ရမလဲ?

ရှောင်းကျန့်​က မသိလိုက်​မသိဘာသာပဲ လက်​သည်းထိပ်​က​လေး​တွေကိုဆိတ်​​နေမိတယ်​။ ရင်​ဘတ်​ထဲက​နေလို့မ​ကောင်းတာမို့ လူကပါလဲချင်​လာတယ်​။

သိပ်​မကြာလိုက်​ခင်​မှာပဲ လက်​​နွေး​နွေးတစ်​စုံက ​ရှောင်းကျန့်​ရဲ့ဆိတ်​ဖဲ့​နေတဲ့လက်​က​လေး​တွေကိုရပ်​တန့်​သွား​စေတယ်​။ ရိ​ပေါ်က ​ရှောင်းကျန့်​လက်နှစ်​ဖက်​လုံးကိုဆုပ်​ကိုင်​လိုက်​တာဖြစ်​တယ်​။

'NOTHING' Where stories live. Discover now