[Zawgyi]
"ရိပေါ်ရာ ကိုယ်ပြောပါတယ်
ဒီတိုင်းကိတ်တစ်လုံးဝယ်ပြီး အဆောင်မှာပဲစားကြရအောင်ပါဆိုတာကို"ရှောင်းကျန့်က ရိပေါ်ကိုအပြစ်တင်တာမဟုတ်ဘဲ ထပ်ပြီး စိတ်ရှုပ်မခံစေချင်တော့လို့ပဲဖြစ်တယ်။
အထူးသဖြင့် ဒီနေ့လိုထူးခြားတဲ့နေ့ရက် မျိုးမှာပေါ့။ ဘာအစီအစဉ်တွေဆွဲထားမှန်းမသိတဲ့ရိပေါ်က အပန်းဖြေစခန်းရှိတဲ့တောင်တက်စခန်းဆီခေါ်လာတယ်။
ဒါပေမဲ့တောင်ခြေအရောက် မှာပဲ တစ်ချိန်လုံးတက်ကြွခဲ့တဲ့ရိပေါ်က ချက်ချင်းကြီးမှိုင်ကျသွားတယ်။
အကြောင်းအရင်းကိုမပြောသေးပေမဲ့ ရိပေါ်ရဲ့စိတ်ပျက်အားလျော့မှုကြောင့် ရှောင်းကျန့်က အဆောင်ကိုသာပြန်ဖို့နဲ့ သက်တောင့်သက်သာဖြတ်သန်းဖို့ပြောတယ်။
"ရိပေါ်...ကိုယ် စားလို့ကောင်းတဲ့ ကိတ်..."
"ကော...ပုံမှန်ဆို ဒီတောင်ခြေမှာ စေ့စပ်လက်စွပ်လုပ်ပေးတဲ့ အန်တီကြီးတစ်ယောက်ရှိတယ်"
ရိပေါ်ရဲ့တည်ကြည်လေးနက် မှုနဲ့စေ့စပ်လက်စွပ်ဆိုတဲ့ စကားကြောင့် ရှောင်းကျန့်ဟာ နှလုံးသားလေး တုန်ခါသွားတာကိုသတိထားမိလိုက်တယ်။
"စေ့စပ်လက်စွပ်လား"
"အင်း"
"..."
ရိပေါ်ရဲ့ မရွှင်ပျတော့တဲ့ဘမျက်နှာလေးကြောင့်ရှောင်းကျန့်မှာ အလျင်အမြန်တခြားနည်းစဉ်းစားရတော့တယ်။
"ဒီလိုလုပ်...ကောတို့ မြို့ထဲက အကောင်းဆုံးဆိုင်မှာ လက်စွပ်သွားလုပ်ကြမယ်လေ"
"ကော သိလား...ကျွန်တော်ဒီအထိကောကိုခေါ်လာခဲ့တဲ့အဓိက အချက်ကို"
ရှောင်းကျန့်က ခေါင်းခါပြတယ်။
"ဒီတောင်ခြေက အန်တီကြီး လက်စွပ်က သာမန်မဟုတ်ဘူး...တဲ့"
"ဈေးကြီးလို့လား...ဒါမှမဟုတ် အကန့်အသတ်နဲ့ထုတ်တာလား"
"...သူက...သူက....ဒီတောင်ပေါ်က အချစ် သင်္ကေတအရွက်အခက်တွေကို လက်စွပ်ထဲထည့်ပြီး ပုံဖော်တာ...တဲ့"
"...."
"ပြီးတော့..."
ရိပေါ်က သူ့စကားတွေကို ရှောင်းကျန့်ပြက်ရယ်ပြုမှာလည်း စိုးရိမ်ပါတယ်။
![](https://img.wattpad.com/cover/274652271-288-k717220.jpg)