[Zawgyi]
နှစ်ယောက်တည်းအတွက် စီစဉ်ထားတဲ့ ညစာစားပွဲမှာ လူပိုတစ်ယောက်ပါလာပေမယ့်လို့ ရိပေါ်ရဲ့ စိတ်အခြေအနေက အရမ်းကြီးဆိုးသွမ်းမနေဘူး။
အကြောင်းကတော့ ရှောင်းကျန့်ရဲ့ဘက်လိုက် မှုကြီးက ရိပေါ်ဘက်ကို သိသိသာသာစောင်းနေခဲ့လို့ပါပဲ။ ဒါက ရိပေါ်မပိုင်ရသေးပေမဲ့ ဆိုင်နေကြောင်း ပြလိုက်သလိုပါပဲ။
ရိပေါ်က ဒါနဲ့တင် တော်တော်ကြီးကျေနပ်သွားပါတယ်။
ရှောင်းကျန့်က ဘယ်သူမို့လို့လဲ...
ဝမ်ရိပေါ်ရဲ့ စကြဝဠာကြီးလေ...အဟင်း
ဟင်းပွဲတွေတစ်ပွဲပြီးတစ်ပွဲလာချအပြီးမှာတော့ ဝိတ်တာလေးက နောက်ဆုံး ကာစတမ်မာစိတ်ကြိုက် တောင်းဆိုထားတဲ့ စပယ်ရှယ်ဟင်းပွဲပါဆိုပြီး ရှောင်းကျန့်ရှေ့တည့်တည့်မှာလာချပေးသွားတယ်။
ရှောင်းကျန့်က မျက်စိရှေ့ရောက်လာတဲ့ ဟင်းပွဲကြောင့် အထူးအဆန်းဖြစ်နေမိတယ်။
ရှောင်းကျန့်ထင်ထားတာက ဒီလိုဆိုင်ကြီးမှာ dinnerဆိုတော့ အမဲသားစတိခ်တို့ ဘာတို့ပဲဖြစ်မယ်ထင်ထားတာကိုး။
"ဒါက...
သစ်အယ်သီးတွေလား"
"အင်း..."
ခေါင်းညိတ်လို့အသံပြုတဲ့ရိပေါ် မျက်နှာက ဖမ်းတတ်မယ်ဆို အပြုံးနုနုတို့ဝေတယ်။
" ကိုက သစ်အယ်သီးနဲ့မတည့်ဘူးလေ"
ဝင်ပြောလာတဲ့ချင်းအာကြောင့် ရိပေါ်က မျက်ခုံးတွေတွန့်ချိုးသွားမိတယ်။
"ဟုတ်လား"
ရိပေါ်က ရှောင်းကျန့်ကိုဦးတည်ပြီးမေးတယ်။
မျက်ဝန်းထဲရယ်တော့ မျှော်လင့်ချက်အရိပ်အယောင်လေးသန်းတယ်။
"အဲ့လိုပြောတယ်...ကိုယ်လည်း မတည့်ဘူးဆိုတာနဲ့ ရှောင်ထားတာ"
"လုံးဝကိုမရတာနော်။ ကိုက သစ်အယ်သီးအနံ့ပါတာတောင် စားလို့ရတာမဟုတ်ဘူး။ အသက်ရှူကြပ်ပြီး စိုးရိမ်ရတဲ့အထိကိုဖြစ်တာနော်"
ချင်းအာကတော့ စိုးရိမ်သလိုတရစပ်ပြောနေပြီး ထိုဟင်းပွဲကို ရှောင်းကျန့်နဲ့ဝေးရာပို့လိုက်တယ်။ ရိပေါ်ကတော့ ရှောင်းကျန့်ကိုသာ တိတ်တိတ်ကလေးကြည့်နေမိတယ်။
![](https://img.wattpad.com/cover/274652271-288-k717220.jpg)