ခင့်.. သက်လျာ part(29)

3.3K 247 3
                                    

နေမင်းရဲ့ အလင်းရောင်ကို အမှောင်ထုဟာကြီးစိုးစပြုနေပြီ ကျေးငှက်တို့လဲ အိပ်တန်းပြန်ကြပြီ. ထိုချိန်.. အိပ်မှာ လုပသော မိန်းမပျို၏ မျက်ဝန်းအစုံ နိုးထလာခဲ့သည်....  ဆောင်း နေ့လည်ထဲက အိပ်လိုက်တာ ပြန်ထလာတော့.. ညနေပင်စောင်းစပြုနေပြီ.. အတော်ကို အိပ်ပျော်သွားတာဘဲ ညကျမအိမ်ပျော်ဘဲ နေမှဒုက္ခဘဲ... ဆောင်း အတွေးများဖြင့်.. မျက်နှာသစ်ကာ အောက်ထပ် မီးဖိုခန်းသို့ ဆင်းလာလိုက်သည်... ခင့် ကိုလဲမတွေ့ သဖြင့်.. မျက်ဝန်းဝိုင်းဝိုင်း တို့က ရှာပုံတော် ဖွင့်လျှက်ပါ... မီးဖို ခန်းအရောက်တွင်.. အထဲမှမြင်းကွင်းကြောင့်.. ဆောင်း ပြုံးလိုက်မိသည်.. ခင် တစ်ခုခု ချက်နေပုံပင်...

'''ခင်... '''

ဆောင်းရဲ့ ခေါ်သံကြောင့်.. ခင့်လှုပ်ရှားမှုတို့ ခေတ္တရပ်တန့်သွားပေမယ့်.. ချက်ချင်း နောက်လှည့်ကြည့်ကာ... အပြုံးချိုချိုတို့ ဝေမျှသည်.. ခင် ပြုံးနေလျှင် သိပ်လှသည်

'''နိုးပြီလား..သက်လျာ... ပြပါအုန်း.. သက်သာရဲ့လား... '''

ဆောင်း လက်တို့ကို အသာဆွဲယူကာ..  စစ်ဆေးမေးမြန်းနေသော ခင့်ကို.. ဆောင်းပြုံးကာ...

'''သက်သာပါပြီ.. ခင်ရဲ့.. '''

''''ဗိုက်ဆာပြီလား.. သက်လျာ... '''

နေ့ခင်းထဲက မထတန်းအိပ်ထားသော ဆောင်းမှာ ဗိုက်ဆာနေပြီဖြစ်တာကြောင့်.. ခေါင်းတစ်ဆက်ဆက် ငြိမ့်ပြလိုက်သည်...

'''ဒါဆို သွားထိုင်နေ.. ခင် နို့ဆန်ပြုတ် နွေးနေတာ.. ယူလာခဲ့ပေးမယ် နော်... '''

''အွန်း ...'''

ခင်... သက်လျာအတွက်. နို့ဆန်ပြုတ် ခပ်နေစဥ်.. ခင့်လက်တို့မတုန်အောင် အတော်ထိန်းနေရသည်... ဒုစရိုက်လုပ်ဖို့ လက်မတွန့်ခဲ့တဲ့ ခင်က.... သက်လျာကို အိပ်ဆေးခပ်ဖို့ပင်... လက်တုန်နေသည်....

'''ကျေးဇူးဘဲ ခင်... '''

ဆန်ပြုတ်ပန်းကန် ချပေးသည်နှင့်.. ကျေးဇူးတင်စကား ဆိုလာသော သက်လျာကြောင့် ခင် စိတ်ထဲ အောင့်သက်သက်ရယ်.. ခင့် လုပ်ရက်ကို သိရင်.. သက်လျာ... ခင့်ကို ဘာများပြောလေမလဲ....

ခင့် သက်လျာ......(complete)Where stories live. Discover now