ခင့်..သက်လျာ part(40)

3.1K 229 4
                                    

တစ်နေ့တာရဲ့ နံနက်ခင်းဟာ သူ့အလိုလို ရောက်ရှိပြန်ပါပြီ ဒီနေ့ဟာ ကျောင်းပြန်ဖွင့်ပြီမလို့... ခင့်သက်လျာလေး ကျောင်းသွားဖို့ပြင်ဆင်နေလောက်ပြီ.... ဒီနေ့တော့ ခင်.. သက်လျာကို ကျောင်းလိုက်ပို့ရန်တွန့်ဆုတ်နေသည်ကြောင့်... လိုက်မပို့မိ.... ခင်ကိုယ်တိုင်လည်း ယာထဲသွားဖြစ်မယ်မထင်... ခင့်အတွေးထဲ... စိုးရိမ်မှုတို့ကြီးစိုးနေသည်... မတွေးဘဲလဲ... ခင်မနေနိုင်... သက်လျာကိုမယုံကြည်၍လည်းမဟုတ်....

'''ဟေ့... ခင်....'''

ခြံထဲမှ ခင့်အား.. လှမ်းအော်သံကြောင့်.. ခင် ခြံဝသို့အကြည့်ရောက်မိသည်... ခပ်သွက်သွက်လျှောက်လာနေပါသော ဦးသီဟ ပင်... ခြေလှမ်းတို့တက်ကြွနေပုံထောက်.. ကိုစိုင်းနဲ့ပြေလည်နေပြီ.. ထင်ပါ့.... ကိုစိုင်းဆေးခန်းစဖွင့်ကတည်းက.. ဦးသီဟပါ... ဆေးခန်း၌သောင်တင်နေသည်မှာ.. အတော်ကြာပြီ... ကိုစိုင်းလဲ ဆေးခန်းမှာပင် ညအိပ်သည်...

''''ဘာတွေများ.. တွေးနေတာလဲ... ကွ...'''

''''ဘာမှမဟုတ်ပါဘူး... ဘယ်လိုလဲ ခများ ကိုစိုင်းနဲ့ အဆင်ပြေသွားပြီလား.... '''

ခင့်အမေးကို ဦးသီဟ ပခုံးတစ်ချက်တွန့်ကာ ရီပြသည်...

'''စ စချင်းရက်တွေကလောက် မဆိုးတော့ပါဘူး... သိပ်စကားမပြောပေမယ့်.. ခါးခါးသီးတော့မဟုတ်ဘူးရယ်... ဒါပေမယ့် ချော့နေရတုန်း... ''

ရယ်ကျဲကျဲနဲ့.. ပြန်ဖြေသော ဦးသီဟကို.. ခင်ခေါင်းသာခါမိသည်... တရားမဝင် လုပ်ငန်းပေါင်းများစွာ ဦးဆောင်ခဲ့သော ဦးသီဟမှာ ဒီလို အူကြောင်ကြောင် အကျင့်မျိုးရှိသည်ကို.. ခင်နဲ့ ခင့်အိမ်ကလူတွေသာ သိကြသည်မှာ အမှန်....

''''ခင်... မင်းဘာဖြစ်ဖြစ် ငါ့ကိုပြောလို့ရပါတယ်ကွ... ပြောပါ... မင်းဘာဖြစ်နေတာလဲ... '''

''''သက်လျာကြောင်း... တွေးနေတာပါ... '''

'''ပုသေးလေးက... ဘာဖြစ်လို့လဲကွ... မင်းတို့ချစ်သူတွေဖြစ်နေကျပြီမဟုတ်လား... '''

'''အွန်း... ခင်...စိုးရိမ်နေတာ ..'''

''''ဘာကိုလဲ... '''

'''ယောကျားတစ်ယောက်နဲ့ ယှဥ်လာရင်... ခင်..'''

'''ယောကျားတစ်ယောက်နဲ့ ပြိုင်လုရမယ့် အနေထားရှိနေလို့လား ''''

ခင့် သက်လျာ......(complete)Where stories live. Discover now