''''ခင် လက်မခံဘူး...!!!''''
နေ့ ညတို့အလျှင်မြန်ကူးပြောင်းလာသည်မှာ.. ခုဆို ဆောင်းကျောင်းပိတ်တာ... တစ်လကျော်နေပြီ ဖြစ်သလို... ဆောင်းခြံထဲရှိ.. သစ်ပင်ရိပ်အောက်... ငြင်းခုံပွဲမှာလဲ နေ့စဥ်ရက်ဆက်.... တရက်မပျက်.....
''''ဆောင်း....လိုချင်တယ်.....''''
''''သက်လျာ.... !!!''
ဒါပါဘဲ... နေ့တိုင်း ခိုင် မကြားချင်မှတဆုံး ကြားနေရသော... ထိုနှစ်ယောက်ရဲ့ ငြင်းခုံသံကို...မနက်တိုင်း ယာထဲမသွားခင်... ကြားနေရသည်မှာ ရိုးနေပြီဖြစ်တာကြောင့်... ခိုင် တချက်ကြည့်ကာ အိမ်ထဲသို့ဝင်လာလိုက်သည်.....
'''ထွေးညို... ဘာချက်လဲ... '''
မီးဖိုခန်းမှ... ထွေးညိုအား ခိုင်လှမ်းအော်၍မေးသည်... ခနကြာ... ထွေးညိုထွက်လာကာ...
'''ဒီနေ့ ပဲသီးစုံဟင်း... သက်ရက်သီးသုတ်.. ကြက်ဥကြော်တယ်လေ..... မမခိုင်....'''
ထွေးညိုစကား အဆုံး ခိုင် ထွေးညိုရှိရာသို့ သွားကာ... လက်မောင်းအားဆုပ်ကိုင်၍...
'''ငါ ဗိုက်ဆာတယ်... ထွေးညို.... '''
'''ဟမ်... '''
လက်မောင်းကို လှုပ်ရမ်းကာ ဗိုက်ဆာကြောင်းပြောလာသော... မမခိုင်သည်... သူ့အရပ်ကြီးမှမထောက် ...ထွေးညိုအား ကလေးလိုပူဆာနေသည်...
'''နေမြင့်နေပြီကို... ခုထိ ထမင်းကြမ်းမစားရသေးဘူးလား...မမခိုင်....''''
'''အွန်း.... '''
အသံနဲ့အတူ ခေါင်းပါငြိမ့်ပြသော.. မမခိုင်ကိုကြည့်ကာ... ထွေးညိုရီချင်စိတ်ကိုထိန်းထား ရသည်... အသံထွက်ရီမိရင်... ထွေးညိုအော်ခံရနိုင် ဖွယ်ရှိသည်မှာ အမှန်...
''''ဒါဆိုလဲ.. ထိုင်အုန်း... ထွေးညိုသွားခူးပေးမယ်.... '''
'''ငါလိုက်သယ်ပေးမယ်.... '''
မီးဖိုခန်းထဲ ဝင်သွားသော... ထွေးညိုနောက်လိုက်ကာ.. ကူသယ်ပေးလိုက်သည်.. ခိုင်မနက်ထဲက ဘာမှမစားခဲ့... ခိုင့်ကိုကြီးတို့ ပြောပေမယ့်.. တမင်မစားဘဲ... ဒီကလေးမချက်တာစား ချင်လို့... လာရခြင်းဖြစ်သည်...
ထွေးညို... ရှေ့က ပါးလုတ်ပလောင်းစားနေသော... မမခိုင်ကိုကြည့်နေမိသည်...ဗိုက်ဆာေနသည်ကို ဘာလို့များဒီအချိန်ထိ အဆာခံနေသလဲ.... ကိုကြီး ခိုင်ဇော်ထမင်းမချက်တာတော့ မဖြစ်နိုင်....