ခင့်..သက်လျာ part (42)

3.3K 243 6
                                    

နောက်ပါးမှ ရစ်ပတ်လာသော.. လက်သွယ်သွယ်ကြောင့်...ခင် လုပ်လက်စတို့ ရပ်တန့်လိုက်သည်... ထိုအထိတွေ့လေးကို... ခင် ဘယ်လောက်တောင်လွမ်းလိုက်ရလဲ....

'''ဟင့်... ခင်.. ဆောင်း.. အင့် တို့လက်ထပ်ကြမယ်.... '''

ရှိုက်သံတစ်ဝက်နဲ့... ရောထွေးလာသော စကားလုံးတစ်ချိုးနဲ့... ကျောပြင်ထက်.. ရိုက်ခတ်လာသော မျက်ရည်စတို့က... ခင်..မျက်ရည်လည် လောက်အောင် စွမ်းနိုင်သည်.... ရှေ့ရက်များက ခင် သက်လျာဆီက သိပ်ကြားချင်ခဲ့တဲ့... စကားပါဘဲ... အခုကြားရတော့... ခင် မပျော်နိုင်တဲ့အပြင်.. နောင်တ တောင်ရနေမိပြီ..... ခင့် ရဲ့ သဝန်တိုမှုနဲ့ ဒေါသတွေဟာ.... သက်လျာကို မျက်ရည်ကျစေသည်တဲ့လား.....

'''ဟင့်..ခင်....အင့်ဟင့်.....''''

မလွှတ်တန်း ဖတ်တွယ်ထားပါသော... သက်လျာဆီမှ ခေါ်သံကြောင့်.. ခင့်အတွေးတို့ ရပ်တန့်ကာ.... မျက်ရည်စတို့ကို မျက်တောင်ရှည်တို့ က.. ပုတ်ခတ်သိမ်းစည်းလိုက်မိသည်... ခင်... မျက်ရည်မကျချင်ပါ.... ကျပိုင်ခွင့်လဲ မရှိဘူးလို့... ခင်ထင်သည်... သက်လျာကို... စိတ်ဆင်းရဲအောင်... လုပ်ပြီး... ခင်က မျက်ရည်ကျပြလို့... ဖြစ်မတဲ့လား သက်လျာ.......

ခင်... ခါး၌ရစ်နွယ်သော သက်လျာရဲ့ လက်တို့ကို ခပ်ဖွဖွ ကိုင်ကာ....

''''သက်လျာ..... ခင့်ကို မျက်နှာလေးပြပါအုန်း.... ''''

ခင့်စကား အဆုံး နောက်ကျောဖက်မှ... ခေါင်းလုံးလုံးလေး လှုပ်ခါမှုကို ခံစားရသည်ကြောင့်

''''ခင့်ကို... မျက်နှာလေးတောင်... မပြချင်တော့ဘူးလား... ဟင်.... သက်လျာ.... ''''

ထိုခါမှ ပြေလျော့လာသော လက်သွယ်သွယ်တို့ ကြောင့်.... ခင်... သက်လျာနဲ့ မျက်နှာချင်းဆိုင် လှည့်လိုက်သည်... နှစ်ရက်လောက် မတွေ့လိုက်ရသည့်... ဒီမျက်နှာလေးဟာ ခင့် ကို အမောဆို့စေခဲ့ပြီ.... ဒါဟာလဲ.. ခင့် အမှားပါလေ.....

''''မျက်နှာလေး ချောင်သွားလိုက်တာ သက်လျာရယ်..... ''''

ခင် သဘောကျရတဲ့.. ပါးမို့မို့နှစ်ဖက်ကို ကိုင်ကာ ပြောမိတော့.... ခင့် လက်ကို ဆုပ်ကိုင်လာသည့် လက်သွယ်သွယ်.....

ခင့် သက်လျာ......(complete)Where stories live. Discover now