*107* အဲ့လူကကျွန်တော်ဘဲ

9.1K 1.6K 30
                                    

ရုန်ယိနဲ့ 'ပုချီ'တို့ရဲ့ဆွေးနွေးပွဲလေးက အရှိန်မြင့်နေတဲ့အချိန်မှာ တံခါးအပြင်က တပည့်တစ်ယောက်က အော်ပြောလာသည်။
"ဂိုဏ်းချုပ်!...ထိုက်ရွှီတောင်သခင်ရုန် လာတွေ့ပါတယ်"

"အဟွတ်!.."
အခုလေးတင် မုန့်တစ်ခုခိုးစားပြီး တစ်ကိုက်ဘဲကိုက်ရသေးတဲ့ရုန်ယိမှာ ချက်ချင်းတစ်ခုလုံးကိုမြိုချလိုက်ပြီး ဘေးပတ်ပတ်လည်ကို လိုက်ကြည့်လိုက်၏။
"ဂိုဏ်းချုပ်...ဒီမှာရှိနေတာလား!"

ဒါပေမဲ့ ဒီခန်းမထဲမှာက သူနဲ့ 'ပုချီ' နဲ့ဘဲရှိနေတာလေ....။

"သောက်ကျိုးနည်း!...လန့်လိုက်တာမှ မုန့်တောင်နင်တော့မယ်!."
ရုန်ယိမှာ သူ့ဝိညာဥ်စွမ်းအားနဲ့ မုန့်တစ်ခုလုံး လည်ချောင်းထဲကနေ အောက်ကျသွားအောင် မနည်းလုပ်လိုက်ရသည်။

'ပုချီ' က ပြုံးလိုက်ပြီး အခန်းပြင်က တပည့်ကိုလှမ်းပြောလိုက်သည်။
"ဝင်ခိုင်းလိုက်!"

"ဟုတ်ကဲ့"

ရုန်ယိ သိချင်စိတ်နဲ့ မေးကြည့်လိုက်၏။
"ဂိုဏ်းချုပ်က ဘာလို့ရောက်မလာရသေးတာလဲ"

'ပုချီ' ကသူ့ကိုပြန်မဖြေလာပေ။

ရုန်လင်းရှု ဝင်လာတဲ့အချိန်မှာ ရုန်ယိပါရောက်နေတာတွေ့လိုက်ရတာကြောင့် သူခြေလှမ်းတွေမြန်လိုက်ကာ 'ပုချီ' ရှေ့ကိုလျှောက်လာပြီး ဂါရဝပြုလိုက်သည်။
"နှုတ်ဆက်ပါတယ် ဂိုဏ်းချုပ် "

ရုန်ယိမှာ ကြက်သေသေသွားရပြီး 'ပုချီ'နဲ့ ရုန်လင်းရှုတို့ကို တစ်လှည့်စီကြည့်လိုက်မိသည်။

'ပုချီ'က သူ့ကိုပြုံးပြလာ၏။

ရုန်ယိ မယုံကြည်နိုင်တဲ့အမူအယာနဲ့ 'ပုချီ' ကိုလက်ညှိုးထိုးပြလိုက်ကာ
"သူက....ဂိုဏ်းချုပ်!!"

"ရုန်ယိ မရိုင်းနဲ့စမ်း!"
ရုန်လင်းရှုက သူ့လက်ကို ပုတ်ချလိုက်သည်။

"အဘိုး....အခုလေးတင် သူ့ကို ဂိုဏ်းချုပ်လို့ခေါ်လိုက်တာလား!"

ရုန်လင်းရှုက သူ့ကိုစိုက်ကြည့်လိုက်ပြီး
"မင်းအရင်က သူ့ကိုမတွေ့ဖူးလို့လား"

ရုန်ယိ "......"

သူက မူလပိုင်ရှင်မှ မဟုတ်တဲ့ဟာ..သူဘယ်လိုလုပ် တွေ့ဖူးရမှာလဲ..။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now