2: စတင်လွဲမှားခြင်း

1K 114 5
                                    

အချိန်အားဖြင့် နှစ်နှစ်မျှကြာမြင့်ခဲ့လေပြီ။
ကာကွယ်ရေးစက်ဝန်းအား စွမ်းအားကူးပြောင်းရသည်မှာ မလွယ်ကူသောအလုပ်မှန်း ရိပေါ်နားလည်လိုက်သည်။ ကျင့်ကြံထားသောစွမ်းအင်တို့အား စုပ်ယူလိုက်တာကြောင့် စွမ်းအားကူးပြောင်းပြီးသွားလျှင် ရိပေါ်၏ခန္ဓာကိုယ်သည် အလွန်ပင် ပင်ပန်းလှသည်။ ရိပေါ်လို ကိုယ်ခံအားကောင်းပြီး အတွင်းအားမြင့်သောသူပင်လျှင် သည်လောက်ပင်ပန်းလှတာ မိဖုရားကြီးသာလျှင် အဘယ်မျှပင်ပန်းခဲ့လိမ့်မည့်နည်း။

နတ်နန်းဆောင်မှပြန်လာတော့ အရှင်ဟာ ရိပေါ်၏အဆောင်တော်သို့ ရောက်နေလေသည်။ အရှင်ဟာ တစ်ယောက်တည်းလာရောက်ခြင်း မဟုတ်ခဲ့ပါ။

'ကြင်ယာတော်ဝမ် လာပြီလား'

'အရှင် ဘယ်လိုအကြောင်းကြောင့်များ ရုတ်တရက်ရောက်လာရတာလဲ'

'ကိုယ်တော် မိဖုရားမမြှောက်ခင် ဝမ့်ကိုအရင်ဆုံး မိတ်ဆက်ပေးချင်လို့။ ဒါက ကိုယ်တော်ချစ်မြတ်နိုးမိသွားတဲ့ အမျိုးသမီးလေး လျန်ဖေးယွမ်'

ရိပေါ် တုန်လှုပ်သွားပါသည်။ ရိပေါ်က တစ်နေ့နေ့တစ်ချိန်ချိန်တော့ အရှင်ဟာ သူ့အပေါ် မေတ္တာသက်ဝင်လာလိမ့်မည်ဟု မျှော်လင့်ခဲ့မိပါသည်။ ချစ်မြတ်နိုးမိသွားတယ်တဲ့လား အရှင်ရယ် ချစ်မြတ်နိုးမိသွားပါတယ်တဲ့လား။

'ကြင်ယာတော်ဝမ့်ကို ဂါရဝပြုပါတယ်'
ဖေးယွမ်ကာ ကြင်ယာတော်ဝမ့်အား ဂါရဝထပြုသည်။

'ထပါ'
ဖေးယွမ်က ထကာ Sean၏နံဘေးတွင် ထိုင်နေလေသည်။
ငါကိုယ်တော်တောင် မထိုင်ဖူးတဲ့နေရာလေးပါ ဖေးယွမ်...
ငါကိုယ်တော် အမြဲငေးကြည့်နေခဲ့ရတဲ့ နေရာလေးပါ...

"အရှင်"

"ဆိုပါဦး ကြင်ယာတော်ဝမ်"

"နန်းတော်ထဲဝင်ဝင်ချင်း မိဖုရားနေရာပေးတယ်ဆိုတာ မလျော်ကန်ပါဘူးအရှင်။ မိန်းကလေးလျန်ဟာ ကျွန်တော်မျိုးရဲ့မှတ်ဉာဏ်အသိအရ နန်းတွင်းမှူးမတ်တို့ရဲ့အိမ်က မဟုတ်ဘူးလို့လည်းထင်ပါတယ်"

ကြင်ယာတော်ဝမ်၏အပြောမှာ အရှင်ဟာဒေါသထွက်သွားပေမယ့် တွေးစစလေးတော့ဖြစ်သွားရသည်။

Consort WangWhere stories live. Discover now