7 : ကိုယ်တော့်အပိုင်ဖြစ်ပေးပါ ဝမ်

731 92 13
                                    

[Unicode]

ဖြန်း*

အဆောင်တော်သို့ ဝင်ဝင်လာချင်းမှာပင် ပါးပြင်ပေါ်ကျရောက်လာသည့် လက်ဖဝါးနုနုလေးမှာ အားအင်အရတော့ဖြင့် ကြမ်းတမ်းလျက် ရှောင်းပြည်ထောင်စု၏အရှင်သခင်၏ဦးခေါင်းအား လည်ထွက်သွားစေသည်။

စပ်ဖျင်းဖျင်းခံစားရသောပါးပြင်ရှိပါးစောင်အား လျှာဖြင့်ထိုးကာ ဟက်ခနဲရယ်မိသည်။ ထို့နောက် အရှေ့ရှိလူ၏လည်ပင်းအား ဆွဲကိုင်ညှစ်ကာ နံရံသို့ဆောင့်တွန်းလိုက်တော့ အင့်ခနဲအသံပြုသည်မှာ သနားစရာ...။

"ငါကိုယ်တော်ဘယ်သူဘယ်ဝါမှန်းသိနေလျက်နဲ့ အခုလိုအပြုအမူမျိုး လုပ်ဝံ့သလား ဝမ်"

"မင်းက ရှင်ဘုရင်မဟုတ်ဘူး မင်းက လူယုတ်မာ မင်းလိုလူယုတ်မာမျိုးက ရှင်ဘုရင်ဖြစ်ဖို့မထိုက်တန်ဘူး ရှောင်းကျန့်!"

ခက်ထန်နေသောမျက်ဝန်းတို့က အမှန်တကယ်ပင် မုန်းတီးနေသည်ထင်၏။ ဘယ်လိုလုပ်မလဲဝမ် မင်းမုန်းတီးနေတဲ့ကိုယ့်ရဲ့ခြေတော်ရင်းမှာ ဝပ်တွားခစားရမှာက မင်းကိုယ်တိုင်ပဲလေ။

"အဟင်း နူးနူးညံ့ညံ့ကြင်ယာတော်ဝမ်ရဲ့ ပုံစံအမှန်က အခုလိုမျိုးထင်တယ်နော်...အပြောအဆို ကြမ်းတမ်းလိုက်တာများ အကျဉ်းထောင်ထဲက စစ်သေနာပတိချုပ်ဝမ်က ရှင်ဘုရင်အပေါ် အခုလိုရိုင်းစိုင်းရမယ်လို့ သင်ပေးထားခဲ့သလား"

စစ်သေနာပတိချုပ်ဝမ်ဟူသည်ကား ကြားလိုက်ခါမှ သတိရသွားသည်ထင်သည်။ စိုးရိပ်ပူပန်မှုဖြင့်ပြည့်နှက်နေတဲ့မျက်နှာလေးဟာ ခုနကလိုမျိုး ခက်ထန်မနေတော့...။

"ခမည်းတော်...ငါ့ခမည်းတော်ကို ဘာလုပ်လိုက်လဲ ရှောင်းကျန့်"

ရှောင်းဧကရာဇ်ကား ထိုင်ခုံ၌ထိုင်လျင် အခါးရည်အား အေးဆေးတည်ငြိမ်စွာထည့်ကာ သောက်နေသည်။

"တွေ့ချင်လား မင်းရဲ့ဖခင်နဲ့...မကြာခင်မှာတော့ လုံးဝမတွေ့ရတော့ဘူးထင်တယ်"

"ရှောင်းကျန့် မင်း!"

မျက်စိရှေ့သို့ရောက်လာသည့် အပြာရောင်အလင်းတန်းကြောင့် ဝမ်ရိပေါ် သူ၏ရေခဲကြာပွတ်အားထုတ်ကာတိုက်ခိုက်လာသည်ကို သိလိုက်သည်နှင့်တစ်ပြိုင်နက် သူသည်လည်း ကောင်းကင်ဘုံမှချီးမြှင့်ထားသောဓါးအားထုတ်ကာ ခုခံလိုက်သည်။

Consort WangWhere stories live. Discover now