4 : ရှောင်းပြည်ထောင်စုနှင့် ကြင်ယာတော်ဝမ်

1K 122 16
                                    

[Edit : မြှုပ်ကွက်ပါတယ်။ မှန်ရင် အာဘွားပေးမယ် 🤪]

'အရှင်မင်းကြီးကို ဂါရဝပြုပါတယ်'

'အင်း...မောင်မင်းက ရှောင်းကျန့်နော်'

'မှန်လှပါ မင်းကြီးဘုရား'
အရှင်မင်းကြီးက ထပါလို့မမိန့်သေးတာကြောင့် ရှောင်းကျန့် ဒူးတစ်ဖက်ထောက်လျက်ဖြင့်ဂါရဝပြုသည့်အနေအထားတွင်ပဲရှိနေသေးသည်။

'ဝမ့်ဆီက ဘာလိုချင်လို့လဲ'

'အရှင် ဘာကိုဆိုလိုချင်သလဲဆိုတာ ကျွန်တော်မျိုးနားမလည်ပါဘူး'

'ဟက်* ရှောင်းကျန့် ရှောင်းကျန့်...ဝမ်ဆိုတာ လူတစ်ယောက်ကို လွယ်လွယ်ယုံစားလေ့မရှိဘူး။ မောင်မင်းကိုတော့ တစ်ကြိမ်တစ်ခါတည်းတွေ့ဖူးရုံနဲ့ ကိုယ်ရံတော်အဖြစ်ပါ ခန့်အပ်ချင်တယ်တဲ့လား'

'ကျွန်တော်မျိုးက ယုံကြည်ချင်စရာကောင်းလို့ဖြစ်မှာပါ အရှင်'

'ရယ်စရာတွေ သိပ်မပြောနဲ့ရှောင်းကျန့််...ဝမ့်ဆီကိုဘာလို့ ချဉ်းကပ်တာလဲပဲဖြေ'

Seanက ရှောင်းကျန့်၏လည်ပင်းအားညှစ်ကာ နံရံတွင်ကပ်လိုက်ပြီး မေးလာသည်။ Sean၏မျက်ဝန်းတို့ဟာ ဒေါသရိပ်ကြောင့် နီရဲလျက်ရှိနေသည်။ တဆတ်ဆတ်တုန်ရီနေသောမေးရိုးတို့ဟာလည်း မည်မျှစိတ်တိုနေကြောင်း ဖော်ပြနေသည်။

'ကျွန်တော်မျိုးက ဒီအတိုင်း လမ်းမှားဝင်ခဲ့မိရုံပါ။ အရှင်က ဘယ်လိုအရာကြောင့်များ စိတ်တိုနေရပါသလဲ'

Seanက ပြုံးစစမျက်နှာပေးဖြင့်ပြောလာသောရှောင်းကျန့်အား လည်ပင်းညှစ်ထားရာမှ ဘေးသို့ပစ်ပေါက်လိုက်ရာ ရှောင်းကျန့် နံရံနှင့်ပြန်တိုက်မိပြီး ကြမ်းပြင်ပေါ်သို့လဲကျသွားတော့သည်။ လည်ပင်းအညှစ်ခံထားခဲ့ရသည့်ဒါဏ်ကြောင့်လည်း ချောင်းများအဆက်မပြတ်ဆိုးလျက်ရှိသည်။

'ဘယ်လိုအကြောင်းပြချက်နဲ့ချဉ်းကပ်သလဲတော့ ငါကိုယ်တော်မသိဘူး ဒါပေမယ့် ဝမ်ဆိုတာ မောင်မင်းလွယ်လွယ်လှည့်စားလို့ရတဲ့သူမဟုတ်ဘူး'

'ကျွန်တော်မျိုးက ဘာကိစ္စကြောင့်များ ကြင်ယာတော်ဝမ်ကို လှည့်စားရပါ့မလဲအရှင်။ အရှင်က လူတိုင်းကို အရှင့်လိုထင်ပြီး ကြင်ယာတော်ဝမ်ဆိုတာနဲ့ အသုံချခံသက်သက်လို့ပဲထင်နေတာပါလား။ ကြင်ယာတော်ဝမ်လည်း စိတ်ရင်းနှင့်ဆက်ဆံခံရပိုင်ခွင့်ရှိပါတယ် အရှင်'

Consort WangWhere stories live. Discover now