*108* ကောင်းတယ်

8.8K 1.6K 42
                                    

ပုချီမှာ သူ့ရဲ့မြေခွေးလက်သည်းလိုလက်တွေကို လက်တွေနဲ့ အမြန်ကာလိုက်ရသည်။

ရုန်ယိ အမိန့်သံနဲ့ပြောလိုက်၏။
"ပုချီ....ခင်ဗျားရဲ့ဆရာအနေနဲ့ ခင်ဗျားကိုမလှုပ်ဖို့ ကျွန်တော်အမိန့်ပေးတယ်"

"ဟုတ်ကဲ့"
ပုချီမှာ ထပ်မလှုပ်တော့..။

ရုန်ယိ နှုတ်ခမ်းလေးအနည်းငယ်ကွေးသွားသည်။ ထို့နောက် လက်ဆန့်ပြီး သူ့မျက်နှာဖုံးကိုဆွဲချွတ်လိုက်သည်။ တစ်ခုကျွတ်သွားတဲ့အခါ အောက်မှာနောက်မျက်နှာဖုံးတစ်ခုက ပေါ်လာလေ၏။

သူ့မျက်လုံးထောင့်တွေ တွန့်သွားရသည်။ သူလက်ထဲကဟာကိုလွှတ်ပစ်ပြီး ထပ်ချွတ်လိုက်တဲ့အခါ တတိယတစ်ခုက ပေါ်လာပြန်သည်။

"သောက်လခွီးတဲ့မှဘဲ...ခင်ဗျား မျက်နှာဖုံးတွေကို ဘယ်နှစ်ခုတောင်ဝတ်ထားတာလဲ ဟမ်!"

ပုချီက ပြုံးလိုက်ပြီး
"ကျုပ်လည်း မသိဘူး"

"ခင်ဗျားရဲ့ သောက်မျက်နှာဖုံးတွေကို မချွတ်နိုင်ဘူးဆိုတာ ကျွန်တော်မယုံဘူး"
ရုန်ယိ မျက်နှာဖုံးကိုဆက်ဆွဲချွတ်လိုက်သည်။ သုံးခု...လေးခု...ငါးခု...ခြောက်ခု...ခုနစ်ခု...ရှစ်ခု........၄၆၇ခု.....

ထိုအချိန်မှာ လှည်းကရပ်သွားပြီး လှည်းသမားကပြောလာသည်။
"သခင်လေး...အိမ်တော်ကိုပြန်ရောက်ပါပြီ"

နောက်တစ်ခဏမှာဘဲ လှည်းထဲကနေပြီး ပုံစံမျိုးစုံနဲ့မျက်နှာဖုံးများစွာ ထွက်ကျကုန်တော့သည်။

လှည်းသမားနဲ့ အစောင့်တွေအကုန်လုံး ကြက်သေသေကုန်ကြ၏။

ရုန်ယိ လှည်းထဲကနေ ထွက်သွားလိုက်ပြီး
"ပုချီ!....ကောင်းတယ်!..."

ပုချီရဲ့မျက်နှာပေါ်မှာ မျက်နှာဖုံးဘယ်နှစ်ထပ်တောင်ရှိနေမလဲဆိုတာသူမသိတော့...မျက်နှာဖုံးတွေက မရေမတွက်နိုင်အောင်ရှိနေသကဲ့သို့ပင်။ သူ ပုချီရဲ့မျက်နှာကိုမတွေ့ခဲ့ရပေမယ့်လည်း ပုချီက ဂိုဏ်းချုပ်နဲ့ဆွေမျိုးတော်တာကတော့ သေချာလေသည်။ မဟုတ်ရင် သူတို့အသံတွေက ဒီလောက်ကြီး ဆင်တူနေမှာမဟုတ်။

ပုချီက နောက်ကလိုက်လာပြီး မျက်နှာဖုံးတွေကောက်ကာ သူ့မျက်နှာပေါ်မှာတစ်ခုပြီးတစ်ခုပြန်တပ်နေလေသည်။ ထို့နောက် အော်ခေါ်ရင်းနဲ့ ရုန်ယိကိုအမှီလိုက်လာ၏။
"ဆရာ...ကျုပ်ကိုစောင့်ပါဦး!!.."

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now