*109* နတ်ဘုရားများကိုပင့်ဖိတ်ခြင်း

9.3K 1.5K 22
                                    

ပစ္စည်းတွေထုတ်ပိုးပြီးတဲ့အခါ သူတို့ယင်အိမ်တော်ထဲကနေ ထွက်လာလိုက်ကြလေသည်။

ရုန်ယိ ဂိတ်ဝက အိမ်တော်နာမည်ရေးထားတဲ့ သစ်သားပြားကို တယုတယနဲ့ငေးမောကြည့်လိုက်မိသည်။ ဒီနေရာမှာ အကြာကြီးမနေထိုင်ခဲ့ရပေမယ့်လည်း ဒီနေရာက သူပထမဆုံးကူးပြောင်းပြီးရောက်ရှိလာခဲ့တဲ့နေရာဖြစ်လေသည်။ ဒါကြောင့် သူ့အမှတ်တရများစွာ တည်ရှိနေခဲ့သောနေရာလေးဖြစ်၏။

"မင်းမျက်နှာဖုံးကို ချွတ်တာနဲ့ ငါလည်း မင်းကိုလိုက်ထိုးဆိတ်နေတာတွေ ရပ်လိုက်မယ်"
ဒေါင်းဖြူက ရုန်ယိပေါ်ကနေပျံသန်းသွားတဲ့အချိန်မှာ သူ့မျက်နှာကိုအတောင်နဲ့ ရိုက်မိသွားတာကြောင့် ရုန်ယိမျက်နှာပေါ်က ယုယငေးမောနေမှုတွေ ချက်ချင်းပျောက်ကွယ်သွားရတော့သည်။

"......"
ရုန်ယိ သူ့မျက်နှာသူ ပွတ်လိုက်ပြီး လူတိုင်းကိုပြောလိုက်သည်။
"သွားကြစို့"

ထို့နောက်သူလည်း တစ်ခြားသူတွေနဲ့အတူ လှည်းနဲ့ ယန်လမ်းကိုသွားတော့သည်။ ဟိုးခပ်ဝေးဝေးကတည်းက ရုန်စုတစ်ယောက် အစေခံတွေကို နာမည်ရေးထိုးထားတဲ့သစ်သားပြားကို ချိတ်ဆွဲဖို့ညွှန်ကြားနေတာကို မြင်လိုက်ရလေသည်။

သူတို့ကိုတွေ့တဲ့အခါ ရုန်ယိ စိတ်လှုပ်ရှားစွာနဲ့ လက်ဝှေ့ယမ်းပြလိုက်၏။

ရန်ချိုးရွှမ် လှည်းထဲကထွက်ပြီး ဂိတ်ပေါက်ဝကိုလှမ်းကြည့်လိုက်တဲ့အခါ အိမ်တော်တစ်ခုလုံးကို ကောင်းမွန်လှတဲ့ ခရမ်းရောင်ဝိညာဥ်ချီစီးကြောင်းကြီးက ဝန်းရံနေတာကိုတွေ့လိုက်ရသည်။ သူမ ရင်သပ်ရှုမောစွာနဲ့ ရေရွတ်လိုက်မိသည်။
"ဘယ်လောက်တောင် အံ့သြစရာကောင်းလိုက်တဲ့အိမ်လဲ"

"ကျွန်တော် နည်းနည်းပြင်ဆင်ပြီးရင် ဒီ့ထက်ကောင်းအောင်လုပ်ပေးမယ်"
ရုန်ယိ လှည်းထဲကထွက်လာတဲ့ ယင်ကျင်းရဲ့ဘက်ကိုလှည့်မေးလိုက်သည်။
"ကလေးတွေအဖေ..ခင်ဗျားရောဘယ်လိုထင်လဲ"

ယင်ကျင်းရဲ့က ဒီလိုကိစ္စတွေအပေါ်ဇီဇာကြောင်တတ်တဲ့သူမျိုးမဟုတ်တာကြောင့် အိမ်ကိုတစ်ချက်သာ ကြည့်လိုက်၏။
"အိမ်တစ်လုံးပါဘဲ"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now