This Little Snatcher (Unicode)

1.8K 120 1
                                    

ဈေးဆိုင်တန်းများ မုန့်ဆိုင်များ တန်းစီနေသော ချုံချင်း​၏ ညဈေးတန်းလေးတွင် လူတန်းစားအမျိုးမျိုး အရွယ်အမျိုးမျိုးသော လူများဖြင့် စည်ကားနေကြသည်။

လည်ပတ်ကြသောလူတို့​၏ တီးတိုးစကားပြောသံလေးများ၊ ဈေးသည်တို့​၏ ဧည့်သည်ကို ဖိတ်ခေါ်နေသည့်အသံလေးများဖြင့် ကြိတ်ကြိတ်တိုးဖြစ်နေသည့်အချိန်တွင်...

အသက် ၁၇ နှစ်အရွယ်ကောင်လေးတစ်ယောက်က လက်ထဲတွင်ပန်းသီးတစ်လုံးကိုင်ကာ ခင်းကျင်းထားသော ဈေးဗန်းများ တွေ့တွေ့သမျှလူများကို တွန်းတိုက်လို့ ပြေးနေသည်။ သူ့နောက်တွင်လည်း ဈေးသည်ဖြစ်ဟန် လူကြီးပိုင်းတစ်ယောက်က ပြေးလိုက်လို့နေပြီး...

"ဟေ့ ဟိုကောင်လေး ရပ်စမ်း ငါ့ပန်းသီးတွေကို ဝယ်မလိုလိုနဲ့အလစ်သုတ်သွားတာ...ရုပ်လေးကြည့်တော့ ကလေးသာသာနုနုဖတ်ဖတ်လေးနဲ့ အကျင့်က $&%€#^..."

လူကြီးကပြောလည်းပြော ပြေးလည်းပြေးလိုက်ရင်း တစ်နေရာရောက်တော့ အသက်အရွယ်စကားပြောတာကြောင့် လိုက်လို့မမီတော့။

ထိုအခါ အရှေ့ကပြေးနေတဲ့ကောင်လေးက သူ့လက်ထဲက ပန်းသီးကို တစ်ကိုက်ကိုက်လိုက်ရင်း လက်ညိုးနဲ့လက်ခလယ်လေးကို အသုံးပြုလို့ ငြိမ်းချမ်းရေးသင်္ကေတလေးထောင်ပြလိုက်​၏။ပြီးတာနဲ့ လက်ထဲက ကိုက်လက်စပန်းသီးကို အနောက်မှာကျန်ခဲ့သည့် ထိုလူကြီးဘက်သို့ပြန်ပစ်ပေးလိုက်ပြီး လျှာထုတ်ပြကာ ဆက်၍ပြေးသွား​၏။

"ဟား...ဟား...ဟား..."

လူရှင်းတဲ့နေရာအထိပြေးလာတဲ့ကောင်လေးက လွတ်လွတ်လပ်လပ် အကျယ်ကြီးကို  ရယ်မောလိုက်သည်။ ပြီးနောက်ဘောင်းဘီအိတ်ကပ်ထဲက ပီကေကို ပါးစောင်အတွင်းသို့သွင်း၍နီးစပ်ရာသစ်ပင်အောက်က ခုံတန်းရှည်ကြီးတွင် သူ့အိပ်ရာအလား လှဲလျောင်းလိုက်​၏။ ကောင်းကင်ကြီးကို မော့ကြည့်ရင်းမှ မျက်လုံးတွေကို မှိတ်လိုက်ရင်း လေညင်းခံနေတဲ့ပုံက အေးအေးလူလူ။

အနက်ရောင်စွပ်ကျယ်လက်ပြတ်နှင့် ဂျင်းဘောင်းဘီဒူးပြဲကိုဝတ်ဆင်ထားသည့် ထိုကောင်လေးက ပီကေကိုဝါးနေပြီး တမင်တကာ မပွ ပွအောင်ထိုးဖွထားတဲ့ ဆံနွယ်ပျော့ပျော့တို့ကြောင့် လမ်းသရဲအငယ်စားနှင့်တူနေ​၏။ လှဲနေရင်း ဒူးနန့်နေတဲ့ပုံက မည်သူ့ကိုမှ ဂရုမစိုက်သည့်နှယ်။

The Kid Who Snatched My 💚Where stories live. Discover now