🌻 (Unicode)

1K 135 5
                                    

"ဝုန်း..."

စခန်းမှူးရှောင်း သူတို့အိမ်နဲ့ကပ်လျက်ရှိတဲ့ လက်ဝှေ့ရုံထိ ဝမ်ရိပေါ်ကို ဆွဲခေါ်သွားကာ လက်​ဝှေ့ကွင်းအလယ်တွင် တစ်ကိုယ်လုံးကို ကိုင်မြှောက်ပြီးကိုင်ပေါက်လိုက်​၏။ဝမ်ရိပေါ် ဘာမှပြန်မခုခံသလို ချက်ချင်းပြန်ထ၍ စခန်းမှူးရှောင်းရှေ့တွင် ဒူးထောက်ချလိုက်သည်။

"တောင်းပန်ပါတယ် စီနီယာ..."

"ငါ့ ဂျူနီယာလေး တော်လှပါချည်ရဲ့ ချီးမွှမ်းလိုက်ရတာ...ငါ့သားကိုမှ..."

စခန်းမှူးရှောင်း ဝမ်ရိပေါ်ကို နောက်တစ်ခေါက်ထပ်ကိုင်ပေါက်မည်ကြံလိုက်ပြီးမှ စိတ်လျော့လိုက်ကာ...

"ဘာမှ မဖြစ်ခဲ့သေးဘူးမလား..."

"ဘာဆို ဘာမှ မဖြစ်ခဲ့ပါဘူး စီနီယာ...ဒါတော့ ယုံပေးပါ..."

စခန်းမှူးရှောင်းစိတ်ကို အလုံးစုံလျော့ချလိုက်​၏။ သူ့ဂျူနီယာ​၏ ကိုယ်ကျင့်တရားကိုသူသိသည်မဟုတ်လား။ ညတုန်းက ရှောင်းလေးပျောက်သွားလို့ သူတို့လင်မယားနှစ်ယောက်စလုံးခေါင်းမီးတောက်သွားတာ။

မနက်ကျမှ အရှေ့မှာ အပြစ်သားတစ်ယောက်လို ဒူးထောက်နေတဲ့ ဝမ်ရိပေါ်ဆိုတဲ့ကောင်က ပြန်လာပို့တာ။ ပြောချင်တာက တစ်ညလုံးသူ့ဆီရောက်နေပါတယ်ပေါ့။ သူစိတ်တိုတာက သပ်သပ်တစ်ခု။ သူ့သားကိုခေါ်ထားတာထက် အကျိုးအကြောင်းလေးတောင် လှမ်းမပြောဘဲ သူလည်း ရှောင်းလေးနဲ့ အလိုတူ အလိုပါဖြစ်နေတာ။

ကိုယ်ယုံကြည်ရတဲ့ ဂျူနီယာတစ်ယောက်က ဆိုးလွန်းတဲ့သူ့သားရဲ့ဆန္ဒအတိုင်းလိုက်လုပ်နေတော့ ဘယ်သူမဆို ခံပြင်းမှာပဲမဟုတ်လား။ သားကို တိုတာထက် သူ့ဂျူနီယာကို အားမရတာ။ ရွေးစရာတွေ အဲ့လောက်ရှားလို့ အသက် ၃၄ နှစ်ရောက်မှ ရွေးလိုက်တာက သူ့ရဲ့သားလူဆိုးကို။

ကိုယ့်သားကို ကြည့်လိုက်တော့လည်း လက်ဝှေ့ကြိုးဝိုင်းအပြင်ကနေ အအေးသောက်ပြီး သူနဲ့မဆိုင်သလို အေးအေးလူလူထိုင်ကြည့်နေတာပင်။

"ရှောင်းလေး ဒီကိုလာဦး..."

"ဘာလုပ်မလို့လဲ..."

The Kid Who Snatched My 💚Where stories live. Discover now