Not That Junior I Used To Know (Unicode)

861 128 0
                                    

"ရှောင်းလေး မာမားကို ဖုန်းခေါ်လိုက်...ပါပါးတို့ရှိတဲ့စားသောက်ဆိုင်ကို တစ်ခါတည်းလာလို့..."

​ရှောင်းကျန့် စိတ်မပါစွာနဲ့ ဘောင်းဘီအိတ်ကပ်ထဲက ဖုန်းကိုထုတ်လိုက်ကာ...

"မာမား ပါပါးက ဒီကိုလာခဲ့တဲ့..."

"....."

"အင်း...ပါပါးရဲ့ အသိကလိုက်ကျွေးမလို့တဲ့..."

"....."

"မသိဘူး...မာမားသိချင်ရင် ပါပါးကိုမေး...ဒါပဲ ဖုန်းချလိုက်ပြီ..."

သူ့ပိုက်ဆံအိတ်ကိုအလစ်သုတ်ဖို့ကြံခဲ့တဲ့ကလေးဟာကျောင်းတုန်းက ဂျူဒို အသင်းဝင် စီနီယာရဲ့ သားဖြစ်နေတာကြောင့် ဝမ်ရိပေါ် ဘာမှအကျယ်အကျယ်ထပ်မလုပ်တော့ဘဲ ညစာ ကျွေးရန် သူ့စီနီယာကိုပဲ အဆင်မြင့်စားသောက်ဆိုင်တစ်ခုရှိရာသို့ ညွှန်ခိုင်းလိုက်လေသည်။ သူက နယ်ခံမဟုတ်တော့ ဘယ်ဆိုင်ကကောင်းလဲမသိ။

ညဘက်ရောက်လာတော့ လေအေးတွေစိမ့်လာသည့်ထင် စွပ်ကျယ်ဂျိုင်းပြတ်လေးဝတ်ထားသည့်ကောင်လေးခန္ဓာကိုယ်ကျုံ့လာတာကိုသတိထားမိ​၏။ ခေါင်းမာအပေတေ ခံချက်ကချမ်းပါသည်လို့တစ်ခွန်းမှမဟ။

စီနီယာရှောင်းကလည်း သူ့သားအကြောကိုသိလို့ပေလား သူ့သားချမ်းနေတာတောင်မျက်ကွယ်ပြုထား​၏။ ဒါ့ကြောင့် ကြားထဲက မနေနိုင်သည့် သူကပဲ အပြင်ကုတ်အင်္ကျီကိုချွတ်၍ထိုကောင်လေး​၏ ကိုယ်ပေါ်သို့ လွှမ်းပေးလိုက်သည်။ ဒါတောင်ပြန်ရလိုက်တာ ပေစောင်းစောင်းအကြည့်တစ်ချက်။ စေတနာထားဖို့ကိုမကောင်းတာ အဲ့လိုဟာမျိုးလေးကို။

"ပြောပါဦး ငါ့ဂျူနီယာတစ်ယောက်ဘာတွေလုပ်..."

နာမည်ကြီးစားသောက်ဆိုင်တစ်ခုကိုရောက်လာတော့ မှာထားသည့် အစားအသောက်များကို စောင့်နေရင်း စခန်းမှူးရှောင်းက ဝမ်ရိပေါ်ကိုစကားစလိုက်​၏။

"ကျွန်တော်က မိဘလုပ်ငန်းပဲ ဆက်ခံရတာပေါ့...ဟိုတယ်လုပ်ငန်းတချို့ကို ခြေဆန့်ဖို့ ချုံချင်းထိတောင်ရောက်လာတာ...စီနီယာတို့ဒီမှာရှိမှန်းကျွန်တော်မသိဘူး..."

"အေး ငါတို့လည်း ဒီကို ရှောင်းလေး ငါးနှစ်သားလောက်တုန်းက ရာထူးတိုးနဲ့ ပြောင်းလာတာ...သူ့အမေလည်း ဒီမှာပဲ တာဝန်ကျတော့ ဒီကိုပဲအပြီးပြောင်းလာကြတာ ၁၂ နှစ်ရှိပြီ..."

The Kid Who Snatched My 💚Where stories live. Discover now