He Is My Father (Unicode)

1K 134 6
                                    

တနင်္လာနေ့ကြီးမှာ ကျောင်းလစ်လာတဲ့ ရှောင်းကျန့်က လက်ထဲမှာ လိပ်စာကတ်ကို ကိုင်ထားရင်း သူ့အရှေ့က မြင့်မားသည့် ကုမ္ပဏီအဆောက်အဦးကြီးကိုကြည့်လို့နေသည်။ ချုံချင်းမြို့မှာ သူမသိသည့်နေရာက ရှားသည်။ သို့သော် သူ့အရှေ့က ကုမ္ပဏီကဘယ်တုန်းကပေါက်ရောက်လာတာလဲ သူတောင်မသိလိုက်ရ။

ရှောင်းကျန့်သူ့မူအတိုင်း ပီကေကိုဝါးရင်း လွယ်အိတ်ကို ပုခုံးပေါ် တင်လိုက်၍ ခပ်တည်တည်ပင် သူ့ရှေ့က အဆောက်အဦးအတွင်းသို့ဝင်လိုက်​၏။

အဝင်ဝမှ ဂိတ်စောင့်သည့် လူက ရှောင်းကျန့်ကို အထက်အောက်ပြန်ပြန်လှန်လှန်ကြည့်လိုက်ပြီး...

"ကလေး ဘာကိစ္စရှိလို့လဲ ဒီမှာ..."

"ဝမ်ရိပေါ် ဆိုတဲ့ လူနဲ့တွေ့ချင်လို့..."

မိမိတို့သူဌေးကို နာမည်တပ်ပြီးခေါ်လာတဲ့ အထက်တန်းကျောင်းဝတ်စုံဝတ်ထားသည့် လူငယ်ကြောင့် အပေါက်စောင့်ကြီး မျက်မှောင်ကျုံ့လိုက်သည်။

"ဒီက ကလေးက သူဌေးနဲ့ဘယ်လိုပတ်သက်နေလို့လဲ..."

"ကျွန်တော်က သူ့သား..."

"ဟေ..."

ဘုရားစူးရချည်ရဲ့။ ဝမ်သူဌေးမှာ ကလေးရှိတယ်ဆိုတာမပြောနဲ့ အိမ်ထောင်ကျပြီးပြီလို့တောင် သူမကြားဖူးတာပင်။

အရှေ့က ကောင်လေးကို ကြည့်လိုက်တော့လည်း တကယ်ကို အပိုင်ကြီးဖြင့်ခပ်တည်တည်ပြောနေတာဖြစ်သည်။ ဒါပေမယ့် ဒီကလေးပြောတာ အမှန်ဆိုရင်လည်း သူ့တို့သူဌေး ၁၆ နှစ်သားလောက်ကတည်းက တိတ်တိတ်ပုန်း အိမ်ထောင်ကျထားတာပင်ဖြစ်လိမ့်မည်။ ဘယ်လိုတွေးတွေး ယုတ္တိကိုမရှိ။

"ခေါ်ပေးစမ်းပါ ပါပါးကို...ဝမ်ကျန့်ရောက်နေတယ်လို့..."

"ခဏလေးနေဦး..."

အပေါက်စောင့်ကြီး သူ့ခါးကြားထဲက ဖုန်းကိုထုတ်လိုက်ပြီး တစ်စုံတစ်ယောက်ကို ဖုန်းခေါ်လိုက်​၏။

ဝမ်ရိပေါ်က အစည်းအဝေးခန်းထဲရောက်နေတာဖြစ်ပြီး သူ့အတွင်းရေးမှူး​၏ ခွင့်တောင်းမှုကြောင့် ဆွေးနွေးနေတာကို ခဏရပ်ကာ အတွင်းရေးမှူးဘက်သို့လှည့်၍...

The Kid Who Snatched My 💚Where stories live. Discover now