*110* ဘယ်သူကဘယ်သူနဲ့အိပ်ချင်နေရတာလဲ

10.2K 1.7K 61
                                    

ရုန်ယိ ကျန်းမုကို သူ့အခန်းထဲကိုခေါ်လိုက်သည်။

"ဖေဖေ..."
သူ့ကိုမြင်တာနဲ့ ကျန်းမုက ချက်ချင်းသူ့ဆီအမြန်ပျံသန်းလာပြီး လည်ပင်းကိုလာဖက်ကာ အနံ့ရှုလိုက်သည်။
ဖေဖေ့အနံ့လေးက အရမ်းကောင်းတာဘဲ.....

ရုန်ယိ သူ့ကိုအပြုံးလေးနဲ့ ချီးကျူးလိုက်သည်။
"မဆိုးဘူးဘဲ...မင်း ငါ့ကို အခုဆို ဖေဖေလို့တောင်ခေါ်နိုင်နေပြီ"

အနောက်ကနေလိုက်လာတဲ့ ရုန်ဟွမ်ကလည်းပြောလာသည်။
"သခင်ငယ်လေးမုက တစ်ခါတစ်ရံ ရိုးစင်းတဲ့ စကားလုံးတွေတော့ပြောနိုင်ပါတယ်...ကျွန်တော်တို့ သူ့ကိုမကြာခဏစကားပြောပေး သင်ပေးနေရင် တစ်လလောက်ကြာသွားရင်တော့ သခင်ငယ်လေးထောင်လိုမျိုးဘဲ သူတွေးနေတာလေးတွေကို ထုတ်ပြောလာနိုင်မှာပါ"

အမှန်မှာတော့ ကျန်းမုက လူတွေနဲ့အချိန်တော်တော်ကြာအောင် စကားမပြောခဲ့ရတာကြောင့် စကားလုံးတွေကို ချောချောမွေ့မွေ့မပြောနိုင်ရုံသာဖြစ်လေသည်။

ထို့နောက် ရုန်ယိက ကျန်းမုကိုသူ့ပေါင်ပေါ်တင်လိုက်ပြီး
"ဖေဖေ့ကို တစ်ခုလောက်ကူညီပေးမလား"

ကျန်းမုက စဥ်းတောင်မစဥ်းစားတော့ဘဲ ချက်ချင်းပြန်ဖြေလာသည်။
"ဟုတ်"

"ပုချီရဲ့မျက်နှာဖုံးကို သွားချွတ်ပေး...ဒါပေမဲ့အမြန်တော့လုပ်မှရမယ်နော် သိပြီလား"
ရုန်ယိက ကျန်းမုကို အခုချက်ချင်းသွားမလုပ်ခိုင်းဘဲ အဲ့အစား ကလေးကို ပုချီနဲ့ရင်ဆိုင်ဖို့ နည်းနည်းလောက်သင်ပေးလိုက်ပြီး အရင်ဆုံးခြံဝန်းထဲမှာ လေ့ကျင့်ခိုင်းထားလိုက်သည်။

ကျန်းမုလေ့ကျင့်နေတာကိုကြည့်ရင်းနဲ့ ရုန်ယိ ရုန်ဟွမ်ကိုမေးလိုက်သည်။
"မင်းသခင်နဲ့ငါ့ကို ခြံဝန်းတစ်ခုထဲနေရအောင် ဘယ်သူစီစဥ်ပေးထားတာလဲ"

"အားစုပါ"

ယင်ကျင်းရဲ့က ကျန်းမုလေ့ကျင့်နေတာကို ပြတင်းပေါက်ကနေရပ်ကြည့်နေတာတွေ့လိုက်တာကြောင့် သူရုန်ဟွမ်ကိုပြောတဲ့စကားကို ယင်ကျင်းရဲ့ပါကြားနိုင်လောက်တဲ့အထိ အသံကိုမြှင့်ကာပြောလိုက်၏။
"ဒီကောင်လေးကတစ်ခါတစ်လေဉာဏ်ကောင်းတယ်..ဒါပေမယ့် တစ်ခါတစ်လေကျတော့လည်း အရေးကြီးတဲ့အချိန်ကျမှ တုံးအသွားရော..ငါတို့က အခုအိမ်အသစ်မှာနေနေကြပြီဘဲကို သူက ငါတို့ကိုအခန်းခွဲထားပေးစရာလိုသေးလို့လား..လူတွေသာသိသွားရင် ငါတို့ကို ကျင့်ကြံဖော်တွေမဟုတ်ဘူးလို့ထင်သွားကြမှာပေါ့..အားစုက တစ်ကယ်မသိတတ်တာဘဲ....ဟုတ်တယ်မလား.."

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now