*111* ခင်ဗျားသဘောကျလား

9.9K 1.7K 67
                                    

ညရောက်တဲ့အခါ ရုန်ဟွမ်က ရုန်ယိရဲ့ခေါင်းအုံးကို ယင်ကျင်းရဲ့အခန်းထဲထည့်ပေးကာ အခန်းထဲက စားပွဲတွေ ကုလားထိုင်တွေအကုန်လုံးကို သူ့သိုလှောင်လက်စွပ်ထဲကို ထည့်သိမ်းလိုက်သည်။ ထို့နောက် ယင်ကျင်းရဲ့နဲ့နှစ်ယောက်တည်း ရင်းရင်းနှီးနှီးနေချင်နေတဲ့ ရုန်ယိရဲ့ဆန္ဒလေးကိုဖြည့်ဆည်းပေးနိုင်ရန်အတွက် ရုန်ယိနဲ့အိပ်ရတာကိုဘဲသဘောကျတဲ့ ယင်ထောင်နဲ့ ကျန်းမုတို့ကို ချော့မော့ကာသူ့အခန်းထဲကိုခေါ်သွားပေးလိုက်သည်။

ဘာမှမရှိတော့တဲ့အခန်းကိုကြည့်ရင်း ရုန်ယိတစ်ယောက် စိတ်ကျေနပ်မှုအပြည့်နဲ့ ခေါင်းငြိမ့်လိုက်သည်။ ဒါပေမဲ့လည်း ယင်ကျင်းရဲ့က အိပ်ယာတစ်ဖက်စွန်းမှာထိုင်ကာ တရားထိုင်ကျင့်ကြံနေတာကိုတွေ့လိုက်ရတဲ့အခါမှာတော့ သူစိတ်ဓာတ်တွေထိုးကျသွားပြန်လေသည်။ သူ ရုန်ဟွမ်ကို အိပ်ရာကြီးကိုပါဖယ်ပစ်လိုက်ဖို့ပြောလိုက်ရမှာ...ဒါပေမဲ့ အဲ့လိုလုပ်လိုက်ရင်လည်း သူတို့မှာ အိပ်စရာနေရာတောင်မရှိတော့ဘဲ ဖြစ်သွားမှာပေါ့...။

သူအပြင်ဝတ်စုံကိုချွတ်ပြီး အိပ်ယာတစ်ဖက်မှာထိုင်ချလိုက်ကာ တရားထိုင်ကျင့်ကြံနေတဲ့ ယင်ကျင်းရဲ့ကိုကြည့်ရင်း သူ့ကိုသွားနှောင့်ယှက်တာကလည်းမသင့်တော်ဘူးလို့ခံစားနေရသလို စကားသွားပြောဖို့ခေါင်းစဥ်ကလည်းရှာမတွေ့ချေ။ နောက်ဆုံးတော့ သူတစ်ဖက်လှည့်ကာ အိပ်ဖို့သာပြင်လိုက်တော့၏။

ရုန်ယိအတွက် ဒါကပထမဆုံးအကြိမ် လူတစ်ယောက်ကိုချစ်မိသွားတာဖြစ်လေသည်။ ဒါပေမဲ့ သူချစ်ရတဲ့သူနဲ့ နီးစပ်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကို သူမသိသလို ဒီဆက်ဆံရေးကိုဘယ်လိုကိုင်တွယ်ရမလဲဆိုတာ တိတိကျကျသိရှိနိုင်ဖို့နဲ့ ယောက်ျားတစ်ယောက်ကို ဘယ်လိုလိုက်ရမလဲဆိုတာကို မေးဖို့အတွက် သင့်တော်တဲ့သူကိုလည်း သူရှာမတွေ့ပေ။

အင်း....သူ့ရဲ့ ဒုတိယအစ်ကိုသာ ဒီနေရာမှာရှိနေမယ်ဆိုရင်ပေါ့လေ...သူက သူ့ချစ်မှုရေးရာအကြံပေးဖြစ်လာလိမ့်မည်။

ဒါပေမယ့်လည်း မကြာခဏလမ်းခွဲခံနေရတဲ့ ရုန်ချီအကြောင်းပြန်စဥ်းစားမိလိုက်တဲ့အခါ ရုန်ယိ မနေနိုင်ဘဲ မျက်ဆံသာလှန်လိုက်မိသည်။ ကြည့်ရတာတော့ ကိစ္စတွေအကုန်လုံးကို ကိုယ့်အားကိုယ်ကိုးတာက ပိုပြီးယုံကြည်စိတ်ချရမဲ့ပုံပေါ်သည်။ ရုတ်တရက် ရန်ချိုးရွှမ်က သူ့ကို လိင်မှုဆက်ဆံရေးစာအုပ်တစ်အုပ်ပေးဖူးတာ သတိရသွားသည်။ ထိုစာအုပ်က လူတစ်ယောက်ကို ဘယ်လိုဆွဲဆောင်ရမယ်ဆိုတာ သင်ပေးနိုင်မလားလို့ သူသိချင်မိသွား၏။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now