part 2❤️

545 32 4
                                    

Part 2 (Uni)

"ပြောပြော~ဘာပြောမှာလဲ"

"ငါတို့ကမိဘတွေသဘောတူလို့ယူခဲ့တာဆိုတော့ မားတို့စိတ်တိုင်းကျသာယာတဲ့အိမ်ထောင်ရေးဖြစ်အောင်နေပြကြမယ် ငါတို့ခြင်းမချစ်ရင်းတောင်အနည်းဆုံးအိမ်ထောင်သည်နဲ့တူအောင်မားတို့‌ရှေ့
အခေါ်ဝေါ်ပြောင်းသင့်တယ် မင်းကိုကျန့်ကျန့်လို့ခေါ်မယ် ငါကိုတော့မင်းထပ်အသက်ကြီးလို့‌Geဒါမှမဟုတ်ကိုကိုလို့ခေါ်စေခြင်းတယ်မင်းသဘောကရော ပြီးမှ၃နှစ်ကြာမှကွာရှင်းတာတော့ငါတို့နှစ်ဦးကြားကိစ္စပေါ့ မားတို့အမြင်အတွက်သူတို့စိတ်တိုင်းကျဖြစ်အောင်နေပေးတာပေါ့ မင်းလည်းမချုပ်ချယ်သလို့ငါလည်းမချုပ်ချယ်ရဘူး ၃နှစ်အတွင်းတော့မားတို့သဘောကျအကုန်နေပေးမှာမို့ မင်းလည်းသည်းခံငါလည်းကြိုးစားမယ် ၃နှစ်အတွင်းမားတို့ဆန္ဒပြီးရင်တော့ငါတို့စိတ်တိုင်းကျပေါ့  မင်းကိုငါညီလေးတစ်ယောက်လို့စောင့်ရှောက်မှာပါ မင်းလည်းငါကိုအကိုတစ်ယောက်လို့အကုန်တိုင်းပင်လို့ရတယ် ၃နှစ်အတွင်းတော့ငါအတွက်မင်းတစ်ယောက်ထဲရှိမှာမို့စိတ်ချပါ ငါအိမ်ထောင်သည်ပီသစွာနေမှာပါ မင်းကိုဂရုစိုက်ပေးမယ် မားတို့ရှေ့ချစ်လည်းပြမယ် ကျန်တဲ့အချိန်တော့ညီကိုလို့ဘဲနေကြတာပေါ့ ငါကနူးနူးညံ့ညံ့ချစ်ပြတဲ့အမျိုးစားထဲတော့မပါဘူး ချုပ်ချယ်တာလည်းမကြိုက်ဘူး ဒါမဲ့စိတ်ချပါ၃နှစ်အတွင်းငါမင်းကိုသစ္စာမဖောက်ဘူးခင်ပွန်းတာဝန်ကျေပြွန်စေရမယ်"

"ကိုကို?"

"မခေါ်ခြင်းလို့လား အဆင်မပြေလည်းမားတို့ရှေ့မှာဘဲခေါ် ငါအတင်းမလုပ်ခိုင်းပါဘူး ငါကိုယ်တိုင်းချုပ်ချယ်တာမကြိုက်သလို့သူများလည်းမချုပ်ချယ်ပါဘူး"

"မဟုတ်ပါဘူး ခေါ်ခြင်းပါတယ်"(ခေါ်ခြင်းတာအရမ်းဘဲ သာသာရောခေါ်လို့ရမလား)

"Ok ကျန့်ကျန့်"

"ငယ်~"

"ဟင်?"

"ငယ်~ ကျန့်ငယ်လို့ခေါ်ပေး"

ခနတာလေးဘဲဖြစ်ဖြစ် ကိုကိုဆီက
ကျွန်‌တော်အတွက် ကျန့်ငယ်ဆိုတဲ့ကိုယ်ပိုင်နာမ်စားလေးတစ်ခုတော့သိမ်းပိုက်လို့ရတယ်မလား ဒါလေးကတော့ကျွန်တော်ရဲ့ချိုးနိမ့်ထားတဲ့အတ္တဆန်းမူလေးတစ်ခုမို့ပါ ၃နှစ်ဆိုတဲ့အချိန်ခနလေးအတွင်းမှာ ရခဲတဲ့အခွင့်ရေးအဖြစ် ခင်ဗျားကိုကျွန်တော်အပိုင်အဖြစ်အတ္တကြီးစွာသတ်မှတ်ခွင့်ပြုပါ ၃နှစ်ပြီးရင်တော့ကိုကိုစိတ်တိုင်းကျပေါ့ကျွန်တော်နာခံပါမယ် မချုပ်နှောင်းတော့ပါဘူး

💚ကိုကိုရဲ့ကျန့်ငယ်❤️💌Where stories live. Discover now