Part 8❤️

562 26 4
                                    

Part 8(uni)

သူငယ်ချင်းဖြစ်သူထပ်ကျန့်ငယ်ကိုရိပေါ်အမှန်တကယ်ပိုအလေးပေးမိပါတယ် သူငယ်ချင်းတစ်ဖြစ်ညီကိုဝမ်းကွဲတစ်ဖြစ်ခင်ရတဲ့ဝမ်ဟောက်ရွှမ်းရဲ့မင်္ဂလာပွဲကိုလျစ်လျူရူပြီး တစ်နေ့လုံးကျန့်ငယ်ဘေးနားမှာအရိပ်လို့ကပ်နေမိတယ်

အဲ့နေ့ကသူကြောင့်နေမကောင်းဖြစ်သွားတဲ့ကျန့်ငယ်ကိုသေချာပြုစုနေရလို့ ဟောက်ရွှမ်းတို့မင်္ဂလာပွဲကိုသတိရပေးမဲ့ ကျန့်ငယ်ကိုထားပြီးမသွားနိုင်သလို့ဖျား‌နေတဲ့ကျန့်ငယ်ကိုအတင်းတိုက်တွန်းပြီးအတူလည်းမသွားစေခြင်းတာမို့ ဟောက်ရွမ်းကိုသာဖုန်းဆက်ပြီးအသည်းအသန်းတောင်းပန်လိုက်ရတယ် ဖုန်းဆက်တဲ့အချိန်အတွင်းဟောက်ရွမ်းရဲ့ဆူဆဲသံကိုနားနဲ့မဆန့်အောင်ကြားလိုက်ရသေးတယ်

"ဝမ်ရိပေါ်!! မင်းငါမင်္ဂလာပွဲလေးတောင်လာဂုဏ်မပြုနိုင်ဘူး မင်းဘယ်လို့အကိုလဲ ဘယ်နေရာသူငယ်ချင်းကောင်းလဲ"

"တကယ်တောင်းပန်ပါတယ်ကွာ ငါကျန့်ငယ်နေမကောင်းဘူး"

"ကျန့်ကျန့်ကဒီနေ့ကြီးမှဘာလို့ထဖျားရတာလဲ"

"အဲ့ဆိုမင်းကရော ဘာလို့ဒီနေ့ကြီးမှမင်္ဂလာထဆောင်ရတာတုန်း"

"မင်း မင်း ကပ်မပြောနဲ့ဝမ်ရိပေါ်!! မင်းကသုံးစားမရတဲ့အကို ငါမင်းကိုအကြီးကြီးစိတ်ဆိုးတယ် တစ်ပတ်တိတိလာမခေါ်နဲ့!"

တီ~တီ~တီ~

သူပြန်ဖြေတဲ့စကားတောင်မစောင့်ဘဲဖုန်းချသွားတဲ့ ဟောက်ရွှမ်းကတကယ်စိတ်ဆိုးနေတာဘဲ တကယ်လည်းစိတ်ဆိုးသင့်ပါတယ်သူမှားတာဘဲကိုး

ဒီမင်္ဂလာပွဲမှာစုန့်မိသားစုကိုမိဘအရာကရောဆွေမျိုးအရာကရောမတက်ခိုင်းခဲ့ပါဘူး စုန့်အိမ်တော်ကလည်းသူတို့သားကိုဂရုမစိုက်တဲ့ပုံကဘယ်လောက်သိသားသလဲဆိုသားဖြစ်သူမင်္ဂလာဆောင်မှာကိုးတစ်အိမ်တော်လုံးမသိကျဘူးတဲ့လေ ဒီလို့မိသားစုမျိုးမို့လည်းဝမ်မိသားစုဘက်ကဒီမင်္ဂလာပွဲကိုကန့်ကွက်ခဲ့တာ 

ယောင်္ကျားလေးခြင်းလက်ထပ်တာကိုဟောက်ရွှမ်းမိဘတွေကဘာမှမပြောခဲ့ပေးမဲ့ သူတို့သားရဲ့ချစ်ရသူကစုန့်မိသားစုကဖြစ်မှန်းသိတဲ့အခါ ခါးခါးသီးသီးကန့်ကွက်ခဲ့ကြတာ စုန့်အိမ်တော်ကနာမည်ဆိုးရောနာမည်ပျက်ပါရှိတဲ့အိမ်တော်ကြီး အဲ့လို့မကောင်းတဲ့အိမ်တော်ကြီးနဲ့ပတ်သတ်နေတဲ့ကျိရန်ကို ဝမ်ဦးလေးနဲ့အဒေါ် ကန့်ကွက်တာဖြစ်သင့်ပါတယ် ဟောက်ရွှမ်းကတော့မိဘတွေကိုကန့်ကွက်ရမလာဆိုပြီးလူငယ်ပီပီတစ်ဇွတ်ထိုးသောင်းကျန်းခဲ့သေးတာ ဒါကိုကျိရန်ကအတော်ထိန်းယူခဲ့ရပြီး မိဘတွေနဲ့ပြန်အဆင်ပြေအောင်သူကိုယ်တိုင်းဘဲအပြောဆိုးခံပြီးကြိုးစားပေးခဲ့တာ ဒီအချက်ကြောင့်ကျိရန်ကိုဝမ်ဦးလေးနဲ့အဒေါ်ကစုန့်မိသားစုနဲ့မတူတဲ့ကျိရန်ကိုစမ်းသတ်မူလေးအနည်းငယ်ပြုလုပ်ပြီး သဘောကျပါချည်းရဲ့ဆိုပြီးချက်ခြင်းလက်ထပ်ပွဲစီစဉ်ပေးတော့တာဘဲ

💚ကိုကိုရဲ့ကျန့်ငယ်❤️💌Where stories live. Discover now