Part 7❤️

418 25 8
                                    

Part 7(uni)

‌ကိုကိုရဲ့သူငယ်ချင်းဆိုတာကသူနောက်ကတစ်ဖွားမှမခွာဘဲလိုက်လာတော့ ရှောင်ကျန့်တစ်ယောက်စိတ်ကျဉ်းကြပ်လာပြီး တကယ်ပါဘဲသူနောက်ကတစ်ကောက်ကောက်လိုက်ရအောင်သူက၃နှစ်သားလား ဘယ်နားဘာရှိတယ်ပြောရင်းတော်ပေါ့ ရှောင်ကျန့်တဲ့ကိုကိုလွှဲပြီးဘယ်သူကမှစိတ်ရူပ်အောင်လုပ်တာမျိုးမခံဘူးဆိုပြီး

ပြောပြီးတာနဲ့ယူဘင်းကိုမျက်‌ခြေဖျက်ပြီးဆန့်ကျင်ဘက်ဝေးရာကိုတစ်ချိုးတည်းပြေးလာတော့တာဘဲ

ဘုတ်!!

"ကံဆိုးမှသွားရာမိုးလိုက်လို့ရွာ"ဆိုတဲ့ဆိုးရိုးစကားပုံတကယ်မှန်တာဘဲလို့ရှောင်ကျန့်မှတ်ချက်ပေးမိတယ်

ဘာလို့ဆိုယူဘင်းနဲ့စိတ်ရူပ်လို့ဆိုပြီးဝေးရာပြေးမှစိတ်ရူပ်စရာကိစ္စထပ်ဖန်းတီးမိပြန်တယ် အကြောင်းကတော့ရှေ့မကြည့်နောက်မကြည့်ပြေးလာတဲ့သူနဲ့သူရှေ့ဘယ်ချိန်မှန်းမသိခင်ကတည်းကရောက်လာတဲ့ဝန်းထမ်းမလေးနဲ့ဘုတ်!ခနဲ့မြည်းအောင်ဝင်တိုက်မိပြီး ဝန်းထမ်းမလေးလက်ထဲကကော်ဖီပူပူသူလက်ဖမိုးပေါ်နဲ့ဒေါက်မြင့်နီနီရဲရဲကိုစီးထားတဲ့ဝန်းထမ်းမလေးဖိနိပ်ပေါ်ကိုခရီးစိုက်သွားလို့ပါ

"ရှင်လူတစ်ယောက်လုံးရှေ့မှာရှိတာမမြင်ရအောင်ဘယ်လို့ပြေးလာတာလဲ"

သူအမှားနဲ့သူမို့ ရှောင်ကျန့်တစ်ယောက်နှုတ်ဆိတ်နေမိတယ် ဒါမဲ့တိုက်မိတဲ့သူကမအော်ဘဲဘယ်ကမှန်းမသိထပ်ရောက်လာတဲ့ဒေါက်နီနီရဲရဲနဲ့ခြေတစ်စုံပိုင်ရှင်ကထ‌အော်တော့ရှောင်ကျန့်စိတ်အချဉ်ပေါက်လာမိသည်

"ဒီမှာ မင်းကဘာလို့လာအော်ရတာလဲ တိုက်မိတာသူလေ"

မိန်းကလေးတွေများဘာလို့နီနီရဲရဲကိုသဘောကျလဲမသိပါဘူး သူတို့ရဲ့မရှည်တဲ့အရပ်ကိုဒေါက်မြင့်ဖိနပ်တွေစီးပြီးဖုံးဖိနေတာလို့ရှောင်ကျန့်မြင်မိပါတယ် သေချာကြည့်မှမျက်နှာမှာလည်းခြယ်သထားလိုက်တာနှုတ်ခမ်းဆိုနီတာရဲနေတာဘဲ ပါးအို့ကိုတော့ပန်းရောင်မထင်မရှားလေးခြယ်သထားတာမို့အပြစ်မဆိုတော့ပါဘူး နှစ်ယောက်လုံးသေချာကြည့်မှလှတော့လှသား ဒါမဲ့ဒီမိန်းကလေးတွေအလှကဆေးအကူမလို့ဘဲလှနေတဲ့သူကိုတော့မမှီပါဘူး

💚ကိုကိုရဲ့ကျန့်ငယ်❤️💌Where stories live. Discover now