*112* အကြမ်းဖက်လာရင်ပြန်အကြမ်းဖက်တဲ့နည်းလမ်း

10.1K 1.6K 42
                                    

သူတို့ရဲ့ တစ်ယောက်အပေါ်တစ်ယောက်ခံစားချက်တွေကို တိုးတက်လာအောင်လုပ်ဖို့အတွက် နေ့စဥ်အပြုအမူလေးတွေကနေစဖို့နဲ့ သူတို့နှစ်ယောက်ကြား ပိုပြီးရင်းနှီးလာစေဖို့အတွက် အတူတစ်ကွအချိန်တွေကုန်ဆုံးကြဖို့ ဆုံးဖြတ်လိုက်သည်။

နောက်နေ့မနက်ခင်းမှာတော့ ရုန်ယိက နိုးလာတာနဲ့ တရားထိုင်ကျင့်ကြံနေတဲ့ ယင်ကျင်းရဲ့ကိုအနမ်းပေးလိုက်သည်။

ယင်ကျင်းရဲ့က သူ့ကိုတစ်ချက်သာကြည့်လာပြီး ပြန်တရားထိုင်နေတော့သည်။

စားပွဲပေါ်မှာ မနက်စာတွေပြင်ဆင်ပြီးတဲ့အချိန်မှာ ရုန်ယိက သူရယ်ကလေးတွေရယ်နဲ့ အတူစားသောက်ဖို့အတွက် ယင်ကျင်းရဲ့ကိုအတင်းသွားခေါ်လာ၏။

ယင်ကျင်းရဲ့က စားဖို့ငြင်းဆန်ခဲ့ရင်လည်း ရုန်ယိက သူ့ကိုရအောင်ကျွေးပြီး သူ့အကြောင်းတွေ ထိုသူပိုပြီးသိရှိလာစေဖို့အတွက် သူကဘယ်အစားအစာတွေကိုကြိုက်တယ် ဘယ်အစားအစာတွေကိုတော့မကြိုက်ဘူးဆိုတာကို တတွတ်တွတ်နဲ့ပြောပြနေလိုက်သည်။

မနက်စာစားသောက်ပြီးနောက် ယင်ကျင်းရဲ့က တရားထိုင်ကျင့်ကြံမယ်ဆိုရင် ရုန်ယိကလည်းသူ့ကိုအဖော်ပြုပေးပြီး သူနဲ့အတူကျင့်ကြံလေသည်။ အကယ်၍ ယင်ကျင်းရဲ့က စာအုပ်ဖတ်တာ ကျားကစားတာတွေလုပ်ခဲ့ရင်လည်း ရုန်ယိက သူ့အနီးနားမှာဘဲနေပေးပြီး မွမ်းမံခြင်းအင်းကွက်တွေလုပ်ရင်လုပ် မဟုတ်ရင် လက်နက်တွေ ချပ်ဝတ်တွေကိုဘယ်လိုသန့်စင်ရမလဲဆိုတာကို သင်ယူလေ့လာသည်။

နှစ်ယောက်လုံးအားတဲ့အချိန်ဆိုရင်တော့ ရုန်ယိက သူ့ကို ဒီကမ္ဘာကြီးအကြောင်းကို ပြောပြဖို့ ယင်ကျင်းရဲ့ကိုပြောလေ့ရှိသည်။

ရုန်ယိ ဒီကမ္ဘာကိုရောက်တာ နှစ်လကျော်နေပြီဖြစ်တာကြောင့် ဒီကျင့်ကြံရေးလောကကြီးကို နယ်မြေကြီးခြောက်ခုပိုင်းခြားထားတာကိုသူသိသည်။ အရှေ့ ၊ တောင် ၊ အနောက် နဲ့ မြောက်ဘက်တို့မှာ တုံထန်း ၊ နန်ပိုင် ၊ ရှီးကျင်းနဲ့ ပေပ ဆိုပြီးနယ်မြေကြီးလေးခုရှိကာ ကျုံးဟိုင်နယ်မြေနဲ့ ကျုံးကုနယ်မြေတို့ကတော့ ထိုနယ်မြေလေးခုရဲ့ အလယ်မှာ အသီးသီးတည်ရှိနေကြလေသည်။ နယ်မြေတွေက တစ်ခုနဲ့တစ်ခု ကြားထဲမှာ သမုဒ္ဒရာကြီးတစ်စင်းနဲ့ပိုင်းခြားခံထားရတာကြောင့် သယ်ယူပို့ဆောင်ရေးက ပို့ဆောင်ရေးအစီအရင်တွေနဲ့ သင်္ဘောပျံတွေအပေါ်မှာ မှီခိုကြရသည်။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now