Part 1(1)

2.6K 226 1
                                    

[Zawgyi]

"Blue Life and Dead"ကိုကြည့်​ဖူးကြလား။?ဘာ​ကြောင့်​ဆို မင်ရှီရဲ့ ယခုအ​ခြေအ​နေသည်​ ယင်းဇာတ်​လမ်းထဲက ဗီလိန်​ဇာတ်​​ကောင်​ဖြစ်​တဲ့သမီးအရင်းနဲ့ ဆင်​တူလို့​နေတယ်​။

ကျေးလက်​မှာ​နေထိုင်​တဲ့ သမီးအရင်းကို နှစ်​​ပေါင်းများစွာကြာပြီး​နောက်​ ပြန်​လည်​ရှာ​တွေ့ခဲ့တယ်​။သို့​သော်​လည်း ဤမိသားစုတွင်​ သူမ​ပျောက်​ဆုံး​နေသည့်​ ၁၅နှစ်​တာလုံးတွင်​ သူမထက်​ပိုထူးချွန်​ကာ ပိုတက်​ကြွပြီး အပြစ်​ကင်းစင်တဲ့ နှစ်​လိုဖွယ်​​ကောင်းသည့်​ မိန်းမပျို​လေးက သူမ​နေရာတွင်​ လုံးဝအစားထိုးပြီး​ကြောင်း ​တွေ့ရှိလိုက်​ရတယ်​။

တစ်​ခုတည်း​သော ခြားနားချက်​က​တော့"ငါကပိုပြီး တုံးအတာဖြစ်​လိမ့်​မယ်​"မင်ရှီဝ​မ်းနည်းစွာ​တွေးမိ​​လေသည်​။

လွန်​ခဲ့သည့်​ နှစ်​နှစ်​တာကာလအတွင်း မိသားစုထဲရှိလူတိုင်း၏​ ​မွေး​နေ့နှင့်​နှစ်​သက်​မှုတို့ကို မ​မေ့မ​ပျောက်​မှတ်​မိသည့်​တိုင်​​အောင်​ ဤမိသားစုနှစ်​သက်​လာ​စေရန်​ သူမအစွမ်းကုန်​ကြိုးစားခဲ့သည်​။

သူမသည်​ဂရုတစိုက်​ဖြင့်​ သူမအ​မေ၏ပခုံးများကိုနှိပ်​နယ်​​ပေးခဲ့​သော်​လည်း သူမအ​မေသည်​ တွန့်​ဆုတ်​မှုများကိုထုတ်​ပြကာ"မလိုပါဘူး"ဟု​ပြောပြီးလျှင်​ ထရပ်​ကာအ​ပေါ်ထပ်​သို့ ​လျှောက်​သွားခဲ့သည်​။

တစ်​ခါကသူမ၏မိသားစုနှင့်​ စား​သောက်​ဆိုင်​တစ်​ခုတွင်​ စား​သောက်​ခဲ့ဖူးသည်​။စားပွဲထိုးကဟင်းချိုခွက်​ကို မ​တော်​တဆ​မှောက်​မိပြီး သူမ၏အစ်​ကိုကြီး​ကျောက်​ကျန့်​ဟွိုက်​ အ​ပေါ်ဖိတ်​​တော့မှာကိုမြင်​တာနှင့်​ သူမချက်​ချင်းထရပ်​ပြီးအစ်​ကိုကြီး၏​ရှေ့တွင်​ကာ​ပေးခဲ့သည်​။ရလဒ်​အ​နေဖြင့်​ ဟင်းချိုအနည်းငယ်​ ​ကျောက်ယွမ်​​ရဲ့ ​ပေါင်​​ပေါ်ယိုဖိတ်​သွား​တာ​ကြောင့်​ တစ်​မိသားစုလုံး သူမကို ​ဆေးရုံကိုအလျင်​အမြန်​လိုက်​ပို့ကြသည်​။

သူမရဲ့​ကြောင်​အ​နေမှုမှ သတိပြန်​လည်​လာပြီး​နောက်​ ဟင်းချိုအနည်းငယ်​ သူမ၏မျက်​နှာကိုအပူ​လောင်​သွား​ကြောင်း သတိပြုမိချိန်​တွင်​ တစ်​မိသားစုလုံးမရှိ​တော့​ပေ။
၁၆နှစ်​အရွယ်​ကျောက်ယွီနင်​​ သာလျှင်​​နောက်​​နေ့တွင်​ သတိပြုမိခဲ့သည်​။

I Just Want To Freeload on Your Luck(MM translation)Tempat cerita menjadi hidup. Temukan sekarang