Part 26(1)

1.1K 198 4
                                    

[Zawgyi]

အောက်​တိုဘာ လစဉ်​စာ​မေးပွဲတွင်​ ​ကျောက်​မင်​ရှီက ​ကျောက်​ယွမ်​ထက်​ အဆင့်​ပိုမြင့်​ပြီး အဆင့်၁၇ရခဲ့ရ​ကြောင်း ကျောက်​ယွီနင်​ ဗုဒ္ဓဟူး​နေ့ ​မှသာသိလိုက်​ရသည်​။

သူ သံသယဖြစ်​ပြီး အံ့အားသင့်​သွားခဲ့တယ်​။

သူ စိတ်​​စောစွာနဲ့ ​နေ့လည်​စာစားချိန်​ထိ​စောင့်​ဆိုင်း​နေခဲ့ပြီး​နောက်​တွင်​ တတိယနှစ်​ကန်​တင်းဘက်​ကို အမြန်​​ပြေးသွားခဲ့သည်​။

ကျောက်​မင်​ရှီ ကိုယ်​တိုင်​ချက်​ပြုတ်​ထားတဲ့ ထမင်းတစ်​နပ်​ကို ​​ကျောက်​ယွီနင်​စားခွင့်​ရခဲ့တာ တစ်​လနီးပါးရှိ​နေခဲ့ပြီဖြစ်​သည်​။သူ ​ကျောင်းပျက်​ပြီး ဂိမ်းသွားကစားတဲ့အချိန်​တိုင်း ​​​ကျောက်​မင်​ရှီဆီက​နေ​​ကျောင်း​ကို ပြန်ဆွဲ​ခေါ်လာမခံရ​တော့ဘူး။

ကျောက်​မင်​ရှီ သူ့ကို​ပြောခဲ့တာ​တွေကို သူမယုံ​နိုင်​​သေးဘူး။သူမက သူတို့မိသားစုနဲ့ တကယ်​အဆက်​အသွယ်​​တွေအားလုံးဖြတ်​​တောက်​ပစ်​နိုင်​တယ်​ဆိုတာ သူမယုံချင်​ဘူး။

သူ့ရဲ့​မျှော်​လင့်​ချက်​အားလုံးကို သူ့အစ်​ကိုကြီး​ပေါ်ထား ထား​ခဲ့​ပေမဲ့ သူ့အစ်​ကိုကြီးက သူ့ကို ဒီအ​ဖြစ်​အပျက်​ရဲ့အ​ကျိုးအ​ကြောင်းကို ဘယ်​လိုရှင်းပြရမလဲ မသိသည့်​ပုံ​ပေါ်​နေပြီး အခုတ​လောအိမ်​ပြန်​မလာခဲ့​ပေ။

သူ့အစ်​ကိုကြီးက မင်​ရှီအိမ်​ပြန်​လာ​အောင်​ မစည်းရုံးနိုင်​ဘူးဆိုတာ ​ကျောက်​ယွီနင်​သိသွားခဲ့သည်​။

ကျောက်​​ယီ်ွနင်​က ​ကျောက်​မင်​ရှီမရှိလျှင်​ သူနှင့်သူ့မိသားစုတို့ လွန်​ခဲ့​သောနှစ်​နှစ်​ခန့် ​က အ​ခြေအ​နေကိုပြန်​​ရောက်​ရှိသွားလိမ့်​မယ်​လို့ ​မူလကထင်​ခဲ့တယ်​။

သို့​သော်​ ​ကျောက်​မင်​ရှီကိုအမှန်​တကယ်​ဆုံးရှုံးရခါနီးမှာ သူထင်​ထားသည်​ထက်​ ပိုစိတ်​မချမ်းသာဖြစ်​ကာ စိုးရိမ်​​နေရလိမ့်​မယ်​လို့ သူမထင်​ထားခဲ့​ဘူး။

ကျောက်​မင်​ရှီက သူ့ဘဝမှာ တစ်​လကြာမျှ​ပေါ်မလာခဲ့​ဘူး။

I Just Want To Freeload on Your Luck(MM translation)Where stories live. Discover now