*113* နောက်ထပ်ခွေး*တစ်ကောင်ရောက်လာပြန်ပြီ

9.6K 1.5K 34
                                    

ရုန်ယိ သူတို့ကိုကြည့်ရင်း မျက်လုံးတွေမှေးကျဥ်းလိုက်သည်။

"ဆရာတူအစ်ကိုရုန်....အဆင်ပြေရဲ့လား"
ဝင်ပေါက်ကိုစောင့်ကြပ်နေတဲ့ တပည့်နှစ်ယောက်ကပြေးလာပြီး ရုန်ယိပေါ်မှာ ပေကျံနေတဲ့အညစ်အကြေးတွေကို ရေဝိညာဥ်စွမ်းအားသုံးကာ သန့်ရှင်းပေးလာ၏။ ထို့နောက် ဒေါသတွေထွက်ကာ လေထဲကတပည့်တွေဘက်ကို သူတို့ဓားတွေနဲ့ ချိန်ရွယ်လိုက်ကြသည်။
"လျှိုတင်း...ဒါထျန်းရွှီတောင် မင်းတို့ပိုင်နက်မဟုတ်ဘူးကွ....ဒီလို ကိုယ်ကျင့်သိက္ခာမရှိတဲ့လုပ်ရပ်တွေ ပြဿနာရှာတာတွေကို ဒီနေရာမှာလာလုပ်လို့မရဘူး...မင်းတို့ အမြန်ဆင်းလာပြီး မတောင်းပန်ရင် ဒီနေရာကနေထွက်သွားဖို့မစဥ်းစားနဲ့"

လျှိုတင်းက ထိုအုပ်စုထဲက ပိန်ပိန်ပါးပါးနဲ့လူဖြစ်သည်။
"ငါတို့က မင်းတို့ကိုကြောက်မယ်များထင်နေတာလား"

သူတို့ကငါးယောက်ရှိနေတဲ့အချိန်မှာ တစ်ဖက်က ရုန်ယိပါမှ သုံးယောက်သာရှိနေတာကြောင့် သူတို့ လုံးဝကိုကြောက်ရွံ့မနေပေ။

ရုန်ယိ အစောင့်တပည့်တစ်ယောက်ရဲ့ဓားကိုဖိချလိုက်ပြီး
"သူတို့ပြောတာမှန်တယ်...ငါက သဘောထားကြီးတာမလို့ ဒီလိုအသေးအဖွဲကိစ္စလေးကိုစိတ်ထဲမထည့်တော့ဘူး"

အစောင့်တပည့်နှစ်ယောက်မှာတော့ စိတ်တွေဆိုးနေလေသည်။
"ဒါပေမဲ့..ဆရာတူအစ်ကိုရုန်..."

အခု ဒီလူတွေက သူတို့ရဲ့ဆရာတူအစ်ကိုကို အနိုင်ကျင့်ရဲနေကြပြီ...သူတို့ကို သင်ခန်းစာမပေးခဲ့ရင် သူတို့က ပိုပြီးစည်းလွတ်ဝါးလွတ်ဖြစ်လာပြီးတော့ သူတို့ထျန်းရွှီတောင်ကတပည့်တွေကို လေးစားမှုတောင်မရှိတော့ဘဲ ဖြစ်လာလိမ့်မည်။

လျှိုတင်းနဲ့ တကွမ်းတို့က ဒီစကားကိုကြားတဲ့အခါ ကျယ်လောင်စွာရယ်မောလာကြသည်။ သူတို့မျက်လုံးထဲမှာတော့ ရုန်ယိက သူရဲဘောကြောင်တဲ့သူသာဖြစ်၏။ သူတို့ဘက်က လူအရေအတွက်မှာအရေးနိမ့်နေတာကြောင့် သူကကြောက်ရွံ့နေပြီး သူတို့ကိုမတောင်းပန်ခိုင်းတာဖြစ်ပေလိမ့်မည်။

"အရှုံးသမား"

"ငကြောက်"

အစောင့်တပည့်နှစ်ယောက်မှာ အံတွေကြိတ်ကာ ထိုသူတွေကိုဒေါသတွေနဲ့စိုက်ကြည့်လိုက်သည်။ သူတို့ရဲ့စိတ်ထဲမှာလည်း ရုန်ယိကို စပြီးအထင်သေးလာမိနေလေပြီ။ ရုန်ယိက သန္ဒေပြောင်းမိုးကြိုးမီးတောက်ဝိညာဥ်သွေးကြောပိုင်ဆိုင်နေပြီး ထျန်းရွှီတောင်ထိပ်ကို ဆရာတူအစ်ကိုကြီးပိုင်ယွမ်ချန်ကို ပေးအပ်ဖို့ ဂိုဏ်းချုပ်ကိုတောင်းဆိုခဲ့တဲ့သူဖြစ်တာကြောင့် သူပြောင်းလဲသွားပြီလို့ သူတို့ထင်ခဲ့လေသည်။ ဒါပေမဲ့ သူကအရင်ကအတိုင်း သတ္တိမရှိတဲ့သူဖြစ်နေဆဲပင်။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now