Part - 1

937 13 0
                                    

"နှောင်ကြိုး မဲ့သော"
အပိုင်းတစ်
တခါတခါ အချစ်ဆိုတာဘာလဲ သိပ်သိချင်မိတယ်။သိအောင်တော့ မကြိုးစားချင်ခဲ့ဖူး။သိဖို့လဲ အခွင့်အရေး မရှိခဲ့ဖူးဆိုပါ‌တော့။

တစ်စုံတစ်ယောက်ကို နှလုံးသားထဲက နက်နက်ရှိုင်းရှိုင်းချစ်ကြည့်ရင် ဘယ်လိုနေမလဲဆိုပြီး တွေးဖူးတာ အကြိမ်ကြိမ်။ဒီလိုနဲ့ အသက်၃၀ကျော် လာတဲ့ ကိုယ်ဟာ အလုပ်တာဝန်နဲ့ နိုင်ငံခြားကို တစ်နှစ်တာ ဈေးကွက်သစ် လေ့လာဖို့ ရောက်ခဲ့တယ်။

နေရာသစ် ပတ်ဝန်းကျင်အသစ်မှာ ကိုယ်ဟာတ‌ယောက်ထဲ ယောင်ချာချာနဲ့ ဖြစ်နေခဲ့တဲ့ ကိုယ်ဟာ တစ်နေ့ ဝယ်စရာရှိလို့ဈေးသွားခဲ့တယ်။‌ ဈေးထဲမှာ အကျီဝယ်ရင်း ဈေးသည်က ပြန်အမ်းရမယ့်ငွေလို‌နေသေးတာမို့ ငွေပြန်ရဖို့ကြိုးစားမိတယ်။ဘာသာစကားမတူသူကို ငွေ ပြန်ပေးဖို့ ပြောရတာ ကိုယ့်အတွက်တကယ် မလွယ်ပါဖူး။translator သုံးပြီး ပြောဖို့ကြိုးစားနေတုံး ဘေးနားကို သူရောက်လာပြီး ဆိုင်ရှင် အဒေါ်ကြီးကို ထိုင်းလို မေးသံကြားတယ်။
ကိုယ့်ကိစ္စလို့ မထင်မိတော့ ကိုယ်ကtranslator မှာ English to Thai ဆက် ရှာနေတုံး သူက

"မင်း ဘယ်လောက်ပေးလိုက်တာလဲ"ဆိုပြီး ထိုင်းသံ‌ ရောတဲ့ English လိုနဲ့ လာမေးတော့ ကိုယ်က ကြောင်နေတာ။သူက နားမလည်ဖူးထင်ပြီး ထပ်မေးမှ

"ငါ့ကို‌ မေးတာလား"လို့မေးတော့ခေါင်းငြိမ့်ပြတာနဲ့ ပြန်အမ်းငွေလိုနေသေးကြောင်း ပြောလိုက်ရတယ်။ ထူးဆန်းစွာ ကိုယ့်ရဲ့မြန်မာသံ‌ စစ်စစ်Englishကို သူနားလည်တာ။ သူဝင်ရှင်းပေးတာနဲ့အဆင်ပြေသွားတော့တယ်။ ဈေးသည်က ငွေတွက်တာလွဲသွားတယ်ဆိုပြီး သူက ကြားဝင်တောင်းပန်ပေးပြီး ကိုယ်လဲ ကျေးဇူးတင်ပါတယ်ပြောကာချာခနဲလှည့် ထွက်ခဲ့လိုက်တယ်။

နောက်ရက် ကားဂိတ်မှာ ကားစောင့်တော့ သူ့ကို ထပ်တွေ့တယ်။သူက ခပ်တည်မို့မို့ ကိုယ်လဲ နှုတ်မဆက်တော့ပဲ ကားလာ‌ တော့ပေါ်တက်လိုက်တယ်။ဖြစ်ချင်တော့ ကားက အရောင်တူပြီး နံပတ်မတူတာ သတိမထားမိပဲ တက်လာမိရော။မီးပွိုင့်အချိုးမှာ ဘယ်မချိုးပဲ တည့်တည့်ဆက်သွားနေတော့ ကိုယ်သိလိုက်ပြီ ကားမှားပြီဆိုတာ။လမ်းကို သေချာမှတ်ပြီး နောက်မှတ်တိုင်မှာဘဲလ်တီး ဆင်းလိုက်တယ်။

နှောင်ကြိုးမဲ့သော, S1-2 CompleteWhere stories live. Discover now