part -18

75 4 0
                                    

နှောင်ကြိုးမဲ့သော
အပိုင်း၁၈

ဝပ်နဲ့ သူမ စကား ပြန်ပြောဖြစ်ပြီး သိပ်မကြာမှီ သူမ လိုင်းသုံးခြင်းမရှိတော့သလို ယင်ယင်တို့နဲ့လဲ လုံးဝ ဆက်သွယ်ခြင်းမရှိတော့ပါတဲ့လေ။

သူမသည် တစ်ခါမျှ သည်လောက် လိုင်းမသုံးပဲ မနေဖူးတာမို့ ဝပ် အားတိုင်း သူမအကောင့် ဝင်ကြည့်ကာ သူမ သတင်းကို နားစွင့်နေမိသည်။

သူမသည်တော့ လုံးဝ ပျောက်ချင်းမလှပျောက်သွားကာ ဝပ် သူမကို ဖုန်းလဲမဆက်ရဲတော့ မျှော်တော်‌ယောင် ဘဝဖြင့်သာ လည်ပင်းရှည်အောင် မျှော်နေမိသည်သာ။
ဝပ်သည် သူမ ကို အမှန်တကယ် စိတ်ပူစိုးရိမ်နေမိပြီ။

ဝပ် သူမကို တစ်ချိန်က လုပ်ခဲ့ဖူးသော အဆက်အသွယ် ဖြတ်တောက်မှူကို အခု ဝပ်တဖန် ပြန်လည် ခံစားရနေပြီလေ။

ဝပ်နဲ့ သူမ မတူတာက သူမသည် တခါတရံ မာကြောသလောက် တခါတရံ အလွန် စိတ်ပျော့ ဝမ်းနဲတတ်ကာ ထို ဝမ်းနဲမှူကို အပြင်ကို ထုတ်မပြတတ်သည့် မိန်းကလေးဖြစ်မှန်း ဝပ် ယင် ရှင်းပြတာ နားထောင်ရမှ အနဲငယ်နားလည်နိုင်ခဲ့တာ။

အရင်ကတော့ ဝပ် ထင် ခဲ့တာက သူမသည် ဝပ်ကို ချစ်တယ်သာ ပြောခဲ့တာ။
သူမ တကယ်ချစ်တာ သူမတကယ် ချစ်တာ သူမ မိသားစုနဲ့ သူမတို့ရဲ့ ဓလေ့ထုံးစံတို့ကိုသာ။

ထို့အပြင် ဝပ် သူမကို ချစ်မှန်းသိ တော့ သူမသည် ဝပ်ကို အမြဲ ပစ်ထား ချေမိုး ဆက်ဆံခဲ့တာဟု။

အခု သူမကို ဆက်သွယ် မရမှ ယင်ယင့်ဆီ ဖုံးဆက်မေးကြည့် တော့မှ သူမသည် ဝမ်းနဲနေလျှင် အားလုံးကို အဆက်အသွယ်ပြတ်ကာ တစ်ယောက်တည်း နေတတ်သူမှန်း သိခဲ့ရပါသည်။

ယင်ယင်သည် ဝပ်ကို
"ဝပ်.. မိန်းကလေးတွေနဲ့ ယောကျာ်းလေးတွေက အချစ်ကို ခံစားနားလည်ပုံချင်း မတူဖူးဟ.. နောက် ငါတို့ မိန်းကလေးတွေကျ မိသားစုကို အရမ်းတွေးတတ် ငဲ့ညှာတတ်၊ တစ်ခုခုဆို ငါတို့ ဘေးနားရှိနေသူ အကုန်လုံးကို အဆင်ပြေချင်စိတ်နဲ့ ကြိုးစားမိတတ် အနစ်နာခံတတ်ကြတယ်... သဘာဝကိုက မိခင်စိတ်ရှိသူမို့ နင်တို့ တွေးမထင်ထားလောက်အောင် ချစ်တဲ့သူတွေကို ပိုပေးဆပ်တတ်ကြတယ်... အရာရာကို မြိုသိပ်နိုင်စွမ်း အရှိဆုံးသူ‌ တွေဟာ မိန်းမသား‌ တွေပဲ ဝပ်... ဖူ ဝပ်ကို သွားဖို့ မတားတာဟာ ဝပ်ကို မချစ်လို့ မဟုတ်ပဲ အဲ့ဒါ သူမရဲ့ ချစ်သူကို ကောင်းစေချင်တဲ့စိတ်ကြောင့်လေ... ဝပ်ကို ယင် ရှင်းပြမယ်လုပ်တိုင်း ဝပ်က အရှင်းကို မခံလို့ ယင်လဲ ပြောခွင့် မရခဲ့ဖူး...တစ်ခုပဲ ‌ပြောချင်တယ် ဝပ်... သူမကို ချစ်ရင် သူမချစ်တဲ့သူတွေကို သူမ ပေးဆပ်တာ ဝပ် သည်းခံနိုင်မလား အရင် စဉ်းစား... သူမက ယင်တို့နဲ့ မတူ ပိုမြိုသိပ်နိုင်တော့ သူမ ငြိမ်နေရင် ဝပ် ဂရုစိုက်ပေးမှ ဝပ်တို့ နှစ်ယောက် ပြေလည်မှာ" ဟု အကြံပေးပါတော့သည်။

နှောင်ကြိုးမဲ့သော, S1-2 CompleteWhere stories live. Discover now