Part 5

150 7 0
                                    

"နှောင်ကြိုးမဲ့သော"
အပိုင်း ၅
"ရဝပ်"

ဒီကောင်မလေးကို စတွေ့ တွေ့တုံးက ကြောက်ရွံ့ထိတ်လန့်နေတဲ့ပုံနဲ့စက်ရုံထဲ ဝင်လာတာ နောက်ဘေးဘီလဲ မကြည့်။

ဝပ်တို့ စက်ရုံ လမ်းမကြီးအတိုင်းမသွားပဲ နောက်ဖေးလမ်းကြားထဲ ဝင်သွားလို့ ဝပ်တောင်ထူးဆန်းသွားသေး။သူမ ဘာသွားလုပ်တာပါလိမ့်။

ဝပ်လဲ ကိုယ့်အလုပ်မဟုတ်တာနဲ့ လမ်းမတန်းကနေ ဌာနဖက်ချိုးကွေ့ သွားလိုက်တယ်။မကြာပါဖူး မမမိုင် ဖုံးဖြေနေတဲ့အသံကြားရတာပဲ။

"Hey, please calm down and tell me slowly now where are you?? Don't worry , I will come to you and please sit there ok ok I am coming "ဆိုတော့ ဝပ်တောင် ထူးဆန်းသွားတာ။ ဘယ် tourist စက်ရုံလာပါလိမ့်‌ ပေါ့။

မမမိုင် အပြင် ထွက်သွားပြီး တော်တော်နဲ့ ပေါ်မလာလို့ ဝပ်တောင် ဘယ် tourist ကများ ထိုင်းလာ မျက်စိလည်နေသလဲလို့ တွေးပြီး ရီချင်နေတာ။

ခဏနေ မမမိုင်ပြန်လာတော့မှ ဟိုကောင်မလေးပါ ပါလာတာမို့ ဪ သူမက ဘယ်နိုင်ငံကပါလိမ့်။

ဝပ် အခုမှ သူမကို သေချာ အကဲခတ်ကြည့်တော့ တော်တော် ဝမ်းနဲသွားတဲ့ပုံ။ မျက်နှာက ဖြူစွတ်ပြီး သွေးရောင်မရှိ။ ဘာတွေ တွေးပြီး ကြောက်စရာရှိလဲဆိုပြီး ထူးဆန်းနေမိသေး။

ဝပ်လဲ စက် error စစ်နေရင်းမို့ သူမကို ထပ်မကြည့်နိုင်တော့ပါဖူး။

နောက်နေ့လဲ သူမ ဝပ် ရှေ့က စက်ရုံ ထဲ ခြေလှမ်းသွက်
သွက်နဲ့ ဝင်သွားတာ ထပ်တွေ့တော့ ဝပ် ပိုသတိထားမိသွားတာ။

အဲ့မှ သိလိုက်တာ ဝပ်တို့ ကားအတူတူ စီးလာတာပဲဗျ။

နေ့လည် ထမင်းစားနား တော့ canteen မှာ ထိုင်ရင်း သူမကို ဘာရယ်မဟုတ် ရှာမိလိုက်တော့ သူမက သူ့ထမင်းဗူးနဲ့သူလာပြီး canteenမှာ ထိုင်စား နေတယ်။

သူမရဲ့ မြန်မာ ဟင်းတွေကို မမမိုင်ဆီ စားမလားမေးပြီး မမမိုင်က ခေါင်းလဲငြိမ့်ပြရော သူမ မျက်နှာလေး ဝင်းလက်သွားတာ ဝပ်ငေးကြည့်မိရင်း ဝပ်ပါ အလိုလို ပြုံးမိသွားတာ။

ထူးဆန်းလွန်းစွာ သူမ ပြုံးတာ မြင်ရတဲ့အခါ ဝပ်ရင်ထဲ တော်တော်‌ လေးအေးချမ်းသွားသလိုပါပဲ။

အဲ့လိုနဲ့ ထမင်းစားချိန်တိုင်း သူမကို ရှာကြည့်မိတာ အလုပ်တခု ဖြစ်သွားတယ်။

သူမ ပျော်နေရင် ဝပ်ပါ အလိုလို လိုက်ပျော်ရတာဗျ။သူမက ဝပ်ကို ရှိမှန်းတောင် သိပုံမရ။

ဝပ်ကတော့ ထူးဆန်းစွာ သူမဝယ်စားတတ်တဲ့ မုန့်လေးတွေ အအေးလေးတွေ ကို ဝပ် အလိုလိုမှတ်‌ နေမိတယ်ဗျ။

တစ်နေ့ သူမ နဲ့အတူ ကားအတူတူ စီးမိရင်း ဈေး ဝင်မယ်တွေးနေတုံး သူမလဲ မှတ်တိုင်မှာ ဆင်း‌လိုက်တာတွေ့လိုက်ရတယ်။

ဝပ်လဲ ဖိနပ်ဆိုင်တန်းသွားပြီး ဖိနပ်ရွေးနေတုံး ဘေးနားက အဒေါ်ကြီးက

"ဒေါ် ပက်တို့ နိုင်ငံခြားသူနဲ့တွေ့တာ ရွာလည်နေပြီထင်တယ်။ကလေး Englishစာ ရရင် ကူညီပေးစမ်းပါဦး" ဆိုပြီး လာပြောတာနဲ့ ခေါင်းငြိမ့်ပြပြီး အဲ့ အဒေါ်ကြီး ညွှန်ပြရာမျက်စောင်းထိုးဆိုင်နားက အကျီဆိုင်ထဲ ဝင်သွားတော့ သူမ ကိုး။

သူမက အကျီတထည်ကိုင်လိုက်

"It is 280 baht, right and this one is 330. Total 610baht "(ဒီတစ်ထည်က ၂၈၀ ဘတ် နောက်တစ်ထည်က ၃၃၀ ဘတ်။အားလုံး‌ ပေါင်း ၆၁၀ဘတ်မလား) ဆိုပြီး calculator လေးနဲ့ပေါင်းပြ နေတာ ဆိုင်ရှင် အဒေါ်ကြီးကို။

ဆိုင်ရှင် အဒေါ်ကြီးကလဲ ဟုတ်တယ်လေ ငါ ပြန်အမ်းပြီးပြီ လို့ ထိုင်းလိုတွေ ပြော။

သူမကလဲ ဖုံးထုတ်ပြီး တခုခုကို ရှာနေဟန်မို့ အကဲခတ်နေရင်း သူမ လက်ထဲမှာ ဘတ်၁ရာတန် ၂ ရွက်နဲ့အ‌ကြွေတွေပဲ ကိုင်ထားတာ တွေ့လို့ အမ်းတာ မှားတယ်ဆိုတာ သဘောပေါက်မိတယ်။

အဲ့ဒါနဲ့ အဒေါ်ကြီးကို သူမ ပေးတဲ့ ပိုက်ဆံဘယ်လောက်လဲ မေးပြီး ကြားဝင်ဖြေရှင်းပေးလိုက်တော့မှ ပြေလည်သွားတယ်။

အဒေါ်ကြီးက တရာ တန် ၃ရွက်ထင်ပြီး အမ်းလိုက်တာ တရွက်လိုသွားဝာာ။

ဝပ် သူမကို အဒေါ်ကြီး ကိုယ်စား တောင်းပန်စကားပြောပေးတော့ သူမက လက်အုပ်လေးချီပြီး ကျေးဇူးတင်ပါတယ် (ခေါ့ပ်ခွန်ခ) ထိုင်းလို ပြောလို့ ဝပ်လဲ သူမ ဒီတလုံးတော့ တတ်ရှာသားပဲလို့။သူမ ကတော့ အဲ့ဒါပြောပြီးတာနဲ့ တန်းထွက်သွားတာ။

ဝပ်က တော့ အတွေးပေါင်းစုံနဲ့ ကျန်ခဲ့တာ။ နောက်နေ့ ကားမှတ်တိုင်မှာ သူမနဲ့ထပ် တွေ့မှ သူမလဲ ဒီအနားတဝိုက်‌ နေတာ ဖြစ်မယ် တွေးတုံး သူမက ကားပေါ်တက်သွားဝောာ့ နံပတ်မှားစီးပြီ လို့ သိလိုက်ပြီး ဝပ်လဲ အဲ့ကားပေါ်တက်လိုက်မိတယ်။

မီး ပွိုင့် ကျော်တော့ သူမ မျက်နှာ လှမ်းကြည့်ချိန် သူမလဲ သတိထားမိပုံ နောက်မှတ်တိုင်ရောက်တော့ ဆင်းဖို့ပြင်လို့ ဝပ်လဲ လိုက်ဆင်းရရော။

သူမကတော့ ဘေးဘီ မကြည့် ထုံးစံအတိုင်း ခပ်သွက်သွက်လျှောက်နေတာ။

ဖြတ်သွားတဲ့အဖွားက သူမကို တခုခုမေးနေပုံ သူမကလဲ ဖြေနေပေမယ့် ဟိုက သူမကို လမ်းမေးနေတာ မသိဖူးလား အဖွားကို လမ်းညွှန်ပေးလေ လို့ ထပ်ထပ်ပြောနဲ့ ဝပ် မနေသာတော့ပဲ သွားကူညီရပြန်ရော။

သူမက မှတ်မိနေတဲ့မျက်ဝန်းရယ် ကျေးဇူးတင်တဲ့ပုံစံလေး လုပ်ပြပေမယ့် ဝပ်ခပ်တည်တည်ပဲ နေပြလိုက်တော့ သူမလဲ တန်းထွက်သွားရော။

အဖွားကို ညွှန်‌ပြီး လို့ပြန်လှည့်ကြည့်ချိန်ကျတော့ သူမက taxi ပေါ် တက်သွားပြီ။

ရုံး ရောက်တော့ သူမကို မမမိုင် ထပ် မိတ်ဆက်ပေးမှုနဲ့ သိခဲ့ရပြီး သူမ ကြည့်ရတာ အခုမှ တယောက်တည်းသွားလာဖူးပုံရတယ်။

ညဖက်ဆိုလဲ မပြန်ရဲ သူငယ်ချင်းလဲ ရှိပုံမရပဲ တယောက်ထဲ နေနေတတ်တဲ့ သူမကို ဘေးကကြည့်ပြီး ဝပ် ထူးဆန်းရတာ အကြိမ်ကြိမ်။

တခါတလေ သူမ လိမ်နေတယ် ထင်မိတဲ့အခါရှိပေမယ့် သူမကတော့ ပကတိ အရိုးခံ အတိုင်းဖြစ်နေပုံမို့ သူမနဲ့ ရင်းနှီးအောင် လုပ်မယ်လို့ တွေးပြီး ခရီး ထွက်ဖို့ ခေါ် လိုက်တယ်။

သူမ နဲ့ ခရီး အတူထွက်ကြည့်တော့မှ သူမ ပတ်ဝန်းကျင်အစိမ်း လူစိမ်းမလို့ သူမ ကြောက်နေပေမယ့် ရင်းနှီးလွယ် ပွင့်လင်းလွန်း‌သော မိန်းခ‌လေး တစ်ယောက်။

သူမကို ခရီးကအပြန် ဝပ်အရင်အတိုင်းပဲ ခပ်တည်တည်နေတော့ သူမ ဝပ်ကို ထပ်လာမ‌ ခေါ် ရဲတော့ပဲ ငြိမ်သွားရှာတယ်။

ဝပ်လဲ နဂိုထဲက ဒီလို နေတတ်သူမို့ သူမ အကူညီလာ‌ တောင်းရင် လုပ်စရာရှိတာ တော့ လုပ်ပေးဖြစ်လိုက်တယ်ဗျ။

စကားတော့ ထပ်မ‌ ပြော ဖြစ်ကြ။ ဝပ်မွေးနေ့ မရောက်ခင် နေ့က သူမ ကောင်လေးအတွက် အကျီလိုက်ဝယ်ပေးဖို့အကူညီ တောင်း‌ တော့ ဝပ်လဲ စိတ်ထဲ မကျေမနပ်ဖြစ် ဒေါသတွေလဲ ထွက်နဲ့။

သူမက ဝပ်ကို စပြီး သူမကောင်လေး လို့ပြတဲ့
အကောင့်ကို ဝင်ရှာမိတဲ့အထိ ဝပ် လွတ်‌သွားတာ။

အဲ့ည ဖုံးဆက်တော့ သူမက ဝပ်မာန ကို ထိ အောင် ထပ်ပြောလိုက်သေးတာဗျ။

သူမကို အပျော်မထားဖို့တဲ့လေ။ ဝပ် သူမကို တကယ်အံ့ဩနေမိတာ ဒီခေတ်ကြီးမှာ အပျော်ထားတာ အတည်ထားတာ ရှိမှ မရှိတာ။ကြိုက်ရင် တွဲမယ် မကြိုက်ရင် ပြတ်ပဲဗျ။

ဝပ်မှာ လက်ရှိကောင်မ‌လေး ရှိနေတာသာ သူမသိရင် ဝပ်ကို သူမ အနားတောင်အကပ်ခံပါ့မလား။

ဝပ်က လှည့်ဖျားပြီး သူမကိုတွဲမှာ မဟုတ်သလို အခု ကောင်မလေးကိုလဲ ဝပ်ချစ်လို့ မိဘတွေတောင် ပေးသိထားတာဗျ။

ထူးဆန်းနေတာက ဝပ်ရဲ့စိတ် ဘာလို့ သူမအတွက် အမြဲ စိုးရိမ်နေပြီး လိုက်ဂရုစိုက်မိနေတာလဲ။

ဝပ်တခါတလေ ထိန်းချုပ်လို့ မရ ဖြစ်နေတဲ့ ဝပ်စိတ်ကို ဝပ်ဖာသာ မေးခွန်းထုတ်ကြည့်တော့လဲ မသေချာ။ သူမကို ချစ်တယ်လို့ အတိအကျ ပြောမရနေပဲ သူမကို ပျော်စေချင်နေမိတဲ့ စိတ်နဲ့ ပူပန်စိတ်က ထိန်းမရခဲ့တာမို့ ဝပ်ဆုံးဖြတ်ချက်ချလိုက်တယ် ဝပ်စိတ် အလိုရှိတိုင်း မလုပ်ပဲ ထိန်းချုပ်ပြီး ဝပ်ကိုယ်ဝပ် သေချာ ဆန်းစစ်အဖြေရှာ
ကြည့်မယ်။

ဝပ်‌ကြောင့် မိန်းခလေး နှစ်ယောက် မနစ်နာစေချင်သလို ဝပ်ကိုယ်တိုင်လဲ မသေချာတဲ့အနေအထားမို့ စိတ်ထဲရှိတာ လုပ်ရင်း အဖြေရှာမယ်ဆိုပြီး။

သူမက အခု နောက်ပိုင်း တစ်ယောက်တည်း ပိုရ‌ အောင်လုပ်ပြီး ဝပ်ကိုလဲ ရှောင်‌လာ တော့ ဝပ်ကလဲ ယောကျာ်းမာနထိလို့ သူမ အနားမသွားခဲ့ဖူး။

သူမအပေါ်စိုးရိမ်စိတ်က တော့ ထိန်းချုပ်မရ နေတော့ သူမဘာဖြစ် နေလဲ အဝေးကနေ ကြည့်နေဖြစ်တယ်။

နီးစပ်ရာအကိုတယောက်ကိုတော့ သူမကို ဂရုစိုက်‌ ပေးဖို့အပ်ထားရတယ်။

ဝပ်ချစ်သူယင်ယင်ကလဲ နဂိုထဲက အေးတဲ့ မိန်းခလေးလဲ ဖြစ် ဝပ်ကိုလဲ နားအလည်နိုင်ဆုံး‌သူ ဖြစ် တာမို့ သူမ အကြောင်း ယင်ယင်ကိုအစောကြီး ထဲက ရှင်းပြထားခဲ့တာ။

ယင်ယင်ကလဲ အေးဆေး နေတတ်သူပေမယ့် ဝပ်ပါးစပ်က ပထမဆုံး မိန်းခလေး တစ်ယောက်ကြောင်းထုတ်ပြောတာများလာတော့ သူမလဲ ဝပ်ကို အကဲခတ်ချင်တာကြောင့်ထင်တယ် အလုပ် အတူသွား အတူပြန် လုပ်ကြမယ်ပြောလာတော့ ဝပ်လဲ ရတယ်အေးဆေး သွားကြမယ်ပေါ့။

ဝပ်လဲ ယင်ယင်ကို စိတ်ရှင်းစေချင်တာမို့ နဂိုထဲကတောင် သူမနဲ့ ပတ်သတ်တာ အကုန် ကြိုပြောထားတာဗျ။
ကျူးလစ်ဝှိုက်
၂၆.၉.၂၀၂၁.

နှောင်ကြိုးမဲ့သော, S1-2 CompleteWhere stories live. Discover now