Part 2

220 5 0
                                    

"နှောင်ကြိုးမဲ့သော"
အပိုင်း နှစ်

ခရီးတလျှောက်လုံး ကိုယ့်မျက်နှာကို တချက်အညိုးမခံ ဓာတ်ပုံရိုက်လဲ ပိုစ်လဲ လုပ်ပြမလှမချင်း သေချာ ထိုင်ရိုက်ပေးလို့ ကိုယ်တကယ်ပျော်ပြီး အဲ့လို ချစ်သူမျိုး ရရင် ကောင်းသားအထိတောင် တွေးမိစေတယ်။

သူနဲ့ရင်းနှီးမှူ ပိုတိုးတယ်လို့ ထင်ခဲ့ပေမယ့် အလုပ်ထဲရောက်တော့ ထုံးစံအတိုင်း အေးတိအေးစက်သာ။အကူညီလိုလို့သွား တောင်းတိုင်းတော့ သူက အစအဆုံး ကူညီပေးစမြဲ။

ကိုယ်လဲ သူ့ပုံစံအနေအထားကို သိသွားပြီ မို့ လိုမှသွားပြောပြီး သူရီပြရင်ကိုယ်ရီပြလိုက်တယ်။ကိုယ့်ဖာသာ တ‌ယောက်ထဲ နေနိုင်အောင်သာပိုကြိုးစားမိတယ်။

တရက် နက်ဖန် သူ့မွေးနေ့လို့ရုံးမှာ ပြောသံကြားမိလို့ သူ့ကျေးဇူးတွေလဲ ရှိတာမို့ ကိုယ်လက်‌ ဆောင် ပေးချင်တာနဲ့ မယောင်မလည် သူအနားသွားပြီး စကားစရှာနေတုံးသူက

"နင် ဘာအကူညီတောင်းချင်လို့လဲပြောလေ။နင်ငါ့အနားရစ်သီရစ်သီလာလုပ်နေတာကြာပြီ။ပြောစရာရှိတာ ပြော" လို့မေးလာလို့
ကိုယ်က

"နင့်ခန္ခာကိုယ်အရွယ်အစားနဲ့‌ တူတဲ့ ကောင်လေးတ‌စ်ယောက်ကို ငါအကျီပေးမလို့ နင် ဘာ sizeဝတ်လဲ"လို့ မေးရဲသွားတယ်။သူက

"နင်ငါ့ပေးဖို့လား။မလိုဖူး" လို့ တုံးတိတိပြောတာမို့ ကိုယ်လဲ

" နင် ဘယ်သူက ပေးမယ်ပြောမိလိုလဲ။ငါ့ မြန်မာပြည်က သူငယ်ချင်းအတွက်" လို့ ပြန်ပြောမိလိုက်တယ်။သူက "ဪ ကြည့်ရတာ နင့်ရီးစားတော့မဟုတ်လောက်ဖူး။နင်ကြိတ်‌ ကြိုက်နေတဲ့သူ" လားတဲ့‌လေ။ ကိုယ်လဲ ပြန်ပြောနေရင် ကြာမှာမို့ နင် "M ဆိုဒ်မလား။ဒါလေး ဖြေဖို့ ဈေးကိုင်နေသေး"လို့ ပြောပြီး ထွက်လာတော့မှ သူက

"နင် စိတ်ဆိုးသွားတာလား။စော်ရီးပါဟာ။နက်ဖန်ငါ့ မွေးနေ့မလို့ နင်လက်ဆောင် ပေးမှာ ထင်မိတာ။ငါ M ဆိုဒ်ဝတ်တာ။ဆိုဒ်သေးရင်တော့ L မှတော်မယ်" လို့ နောက်က အပြေးလိုက်လာပြီး ရှင်းလို့ ကိုယ်လဲ

"အဲ့ဆို အပြန်ငါ့နောက်လိုက်ခဲ့ပေး။ဈေးမှာ အကျီ‌ ရွေးမလို့။ငါတခါမှ မဝယ်ဖူးတော့ လွဲမှာစိုးလို့။ပြီးရင် ငါ နက်ဖန် အိမ်မှာပဲ နေမှာ။ ဒီတပတ်လုံး လေ့လာထားဝာာ‌ တွေ ငါ သေချာ ပြန်မစုဖြစ်သေးလို" လို့ ရွဲ့ပြီး ဖြေတော့ သူ မျက်နှာ ညိုးကျသွားကာ

"နင်လာခဲ့ပါဟာ နင် လာမယ်ထင်လို့ မွေးနေ့ကိတ်တောင် သေချာရွေးထားဝာာ။အပြန်ကျရင်လဲ နင်ကြိုက်တဲ့ ရေခဲမုန့် ကျွေးဖို့ ငါဆိုင်ရှာထားတယ်ဟ။ဆိုင်က ရှယ်ပဲ။ပုံရိုက်လို့လဲကောင်း ရှုခင်းလဲ လှတယ်" ဟု အတင်းပြောနေတော့တာ။

ကိုယ်လဲ စချင်တာနဲ့ "ဈေးသာနင်လိုက်ရွေးပေးနော်။ နက်ဖန်တော့ ငါအာမမခံဖူး။လာဖြစ်အောင်တော့ ကြိုးစားကြည့်မယ်"လို့ ပြန်ပြောလိုက်တယ်။

အဲ့နေ့က ဈေးသာလိုက်လာတာ မျက်နှာက စူပုပ်ပြီး ကြက်ကြီးလည်လိမ်ထားတဲ့ရုပ်နဲ့ ။အကျီ‌ရွေးပေးဆိုလဲ နင်ကြိုက်တာသာဝယ်ဆိုပြီး ရွေးမပေး။ ဝတ်ခ်ိုင်းတော့လဲ မကြည်မသာ။သူ့ကြည့်ပြီး သနားလာတာနဲ့

"ငါလာမယ် နင်မျက်နှာကြည်ကြည်လင်လင်နဲ့‌ နေ။ အကျီကောင်းကောင်းဝတ်ပြ"ဆိုမှ ထီပေါက်သလို မြူးတူးပျော်နေတာ။ အကျီလဲ ဝတ်ပြီးရော အကျင့်ယုတ်စွာ

"အဲ့ကောင်က အသားမဲရင် အနီသာယူ"
တဲ့လေ။ကိုယ်လဲ စိတ်တိုစွာ

"အေး နင့်ထက် ဟိုက ချောတယ်။ဘာဝတ်ဝတ်လှမှာ" လို့ ပြောတော့ စူပုတ်ပြီး

"အဲ့ဆို ဂေး နေတာပဲ ဖြစ်မယ်။နင် မကြိုက်နဲ့တော့" လို့ပြောပြန်ရော။အဲ့‌နေ့က ပြန်လမ်းလဲ

"နင်က မလည်မဝယ်နဲ့အရမ်းလဲရိုးတာ။ငါ စိတ်ပူလို့ဓာတ်ပုံငါ့ပြစမ်းပါ။ငါ သေချာကြည့်‌ ပေးမယ်။သူ့အကောင့်ရှိရင် ငါ့ပေး" ဆိုပြီး အတင်းလုပ်နေလို့ ကိုယ်လဲ

"နင်ဒီနေ့ ဆေးစားမှားလာတာလား။‌ အေးဆေးနေပါ"လို့ ပြောလဲ မရ။ ကားပေါ်မှာ လူတွေက ကွက်ကြည့်ကွက်ကြည့် လုပ်နေကြတာမို့ ကိုယ်လဲ စိတ်ကူးပေါက်ရာ အကောင့်ထဲက လူတယောက်ပုံ ထိုးပြလိုက်ရော။

သူက တော့ အလုပ်ရသွားခါ တလမ်းလုံးကိုယ့်ခရက်(ရှ်)လို့ပြလိုက်တဲ့အကောင့်ကို အကုန် မွှေနှောက်ရှာနေပါရော။ကိုယ်ကား‌ ပေါ်က ဆင်းခါနီးမှ

"ငါညကျ ဖုံးဆက်မယ်။နင်ကိုင်နော်"တဲ့။ညလဲ ရောက်ရော ဖုံးတကယ်ဆက်ပါရော။ပုံမှန်ဆို ဆက်‌လေ့ရှိတာမဟုတ်။ဖုံးစကိုင်လိုက်တယ်ဆိုရင်ပဲ

"နင့် ခရက်(ရှ်)က ကောင်မလေး အရှူပ်အရှင်းကင်းမယ့်ပုံပါပဲ။နင်ကြိုက်တာ‌ သေချာရင် ငါသွား ပြော ပေးမယ်" လုပ်ရော။ကိုယ့်မယ် မြတ်စွာဘုရား သေပါပြီ ငါ နေ့လည်က ဘယ်သူ့အကောင့်ထိုးပြမိလိုက်လဲဆိုပြီး လန့်သွားရတယ်။ဘာဆက်လုပ်ရမလဲ စဉ်းစားနေတုံး"နင် လိမ်ရင်လဲ ပီပြင်အောင်လိမ်။နင်ပြတဲ့သူက သူ့ကောင်မလေးနဲ့ပုံတင်ထားတယ်။ relationship သာ မတင်ထားရသေးတာ" ဟုပြောတော့ ကိုယ်လဲ ရှက်ရမ်း ရမ်းခါ

"အေး နင်သိရင်လဲ ပြီးတာပဲ။ ငါနက်ဖန်မလာတော့ဖူး။" လို့ ပြောပြီး ဖုံးချပစ်လိုက်ရော။သူက တကယ်စိတ်ဆိုးသွားတယ်ထင်ကာ လာပေးပါ လို့စာတွေ ဆက်တိုက်ပို့ပါလေရော။

မနက်ကျမှ ပြန် ပြောမယ်လို့ ပို့လိုက်တာတောင် တောက်လျှောက် ပို့နေတုံးမို့ ကိုယ်လဲ မနေသာတော့ပဲ

"နင် လုပ်နေပုံက နင့်ကောင်မလေးကို စိတ်ကောက်လို့ ချော့နေပုံကြီး။နင် ငါ့များကြိုက်‌ နေလို့လား။ငါက နင်သိတဲ့အတိုင်း ဘာမဆို အလေးအနက်ထားတဲ့သူမို့ ငါ့လာ အ‌ပျော်မတွဲနဲ့‌နော်" လို့ တည့်မေးလိုက်တော့ သူ ပြန်မဖြေနိုင်ပဲ ဖုံးချသွား‌ ရော။

ကိုယ်လဲ ကိုယ့်ဖာသာ စိတ်မထိန်းနိုင်ပဲ မေးပြီးမှ ရှက်လိုက်တာဆိုတာလေ။နောက်အတွေးတခုလဲ ဝင်မိသွားတယ်။သူတကယ်ကြိုက်တာမဟုတ်လောက်ဖူးဆိုပြီး။အဲ့အ‌ တွေး ဝင်မိသွားသလို နက်ဖန်မသွားတော့ဖူးဆိုတဲ့ ဆုံးဖြတ်ချက်လဲ ချမိလိုက်တယ်။အဲ့‌ နေ့က ဝမ်းနဲမှူပေါင်းစုံ အ တွေးပေါင်းစုံနဲ့ တညလုံးအိပ်မရခဲ့ဖူး။

နှောင်ကြိုးမဲ့သော, S1-2 CompleteWhere stories live. Discover now