Part - 1

870 46 1
                                    

လှပသော မနက်ခင်းမှာ အဖြူရောင်သတို့သားဝတ်စုံလေးကို ဝတ်ဆင်ကာ စင်မြင့်ထက်မှာ မတ်တပ်ရပ်၍ စောင့်နေ၏ ။

ထိုသူကတော့ Exo အဖွဲ့ထဲမှ အဖော်ရွေဆုံးဖြစ်သည့် Baekhyun သာဖြစ်သည်။ ထိုချိန်တွင် အဖြူရောင်ဂါဝန်လေး ဝတ်ဆင်ထားသည့် သတို့သမီးလေးကို Exo ၏ leader suho ကလက်ချိတ်ကာ ခေါ်ဆောင်သည်။ အဖြူရောင်သတို့သမီးလေးမှာ suho ကိုလက်တွဲကာ တိမ်လွှာနုနုပေါ်တွင် ခြေဖဝါးနုနုလေးက လျှောက်လှမ်းလာသည့်ဟန်ဖြင့် လျှောက်လှမ်းလာသည်။ သတို့သား Baekhyun နားသို့ရောက်သောအခါ suho ကသတို့သမီးလေး၏လက်ကို Baekhyun အားကမ်းလိုက်သည်။ Baekhyun သတို့သမီးလေးကို ခေါ်ဆောင်ကာ စင်မြင့်ပေါ်သို့ တက်လှမ်းလာသည်။

ဘုန်းတော်ကြီးရောက်လာပြီး ကျမ်းစာအုပ်ကို လှန်ပြီး လက်ထပ်ကျမ်းစာအလား မေးမြန်းလေသည်။ လက်ထပ်ကျမ်းစာဖတ်ပြီးသောအခါ မင်္ဂလာမောင်နှံ နှစ်ပါးလက်ထပ်လက်စွပ် လဲလှယ်ဝတ်ဆင်ကာ Baekhyun ကပုဝါလေးကို လှန်လိုက်သည်။

ထိုချိန် အလင်းတန်းတခုဖြာကျလာပြီး

?? : Baekhyun ! Baekhyun ! Yaa ! Byun Baekhyun !

Baekhyun မျက်လုံးဖွင့်လိုက်ရာ

baek : အားးးးးးးးးးးးးးး
?? : ဘာဖြစ်တာလဲ ? ထတော့ ။ 6 နာရီထိုးနေပြီ
baek : ဟာ xiumin hyung ! ကျွန်တော့်ကိုဘာလို့နှိုးလိုက်တာလဲ ။ ဒီမှာ ကျွန်တော့်သတို့သမီးပုဝါ လှန်တော့မလို့ဟာကို

xiumin : အောင်မယ် အဲ့ပုဝါကိုနောက်မှလှန် ။ လေယာဉ်ထွက်ချိန်ကဟ7 နာရီ။ နောက်ကျတော့မယ် မြန်မြန်ထ
baek : nae nae
xiumin : တစ်ခြားသူတွေကို သွားနှိုးလိုက်ဦးမယ်

xiumin တံခါးဖွင့်၍ထွက်မည်ပြုခိုက် နောက်ပြန်လှည့်ကြည့်ရာ baekhyun ခေါင်းအုံးလေးပိုက်၍ ပြန်အိပ်နေသည်ကို xiumin မြင်သွားသဖြင့်
xiumin : Yaaa ~~~ Byun Baekhyun!
baek : nae~~ nae~~~ ကျွန်တော်အခုထပြီ

Baekhyun ခုတင်ပေါ်က ဆင်းတော့မှ xiumin ထွက်သွားသည်။

baekhyun : ပေါက်စီရဲ့လော်စပီကာ ပြင်းချက် 9လောက်ရှိတယ်။ ငါ့သတို့သမီးလေးက ဘူလဲသိဝူး အဟီ ...... ချောလားမသိဘူး

chanyeol ရေချိုးခန်းထဲမှ ထွက်လာ၍
chanyeol : အင်း ဘီလူးချောချောတယ် XD
baek : မင်းနော် ~~~~~~

When will he know that I Love him?-_-जहाँ कहानियाँ रहती हैं। अभी खोजें