Part - 23

267 28 3
                                    

# အော် ဘာလိုလိုနဲ့ ညအချိန်တောင် ရောက်ခဲ့ပြီ ကျွန်မတို့ training ရက်လဲ တစ်ရက်နောက်ဆုတ်ခဲ့ရသလို SM ရှေ့မှာလဲ baekhyun fan တွေက ၀ရုန်းသုန်းကားနဲ့ပေါ့ တစ်နေ့လုံး ဘယ်ကနေ ဘယ်လိုဖြစ်သွားမှန်းတောင် မသိလိုက်ပဲ ဖြစ်ပျက်သွားခဲ့တာတွေ အတွက် နားလည်ရခက်ခက်နဲ့ပဲ ကျွန်မ အခန်းထဲက အသာထွက်ပြီး အဆောင်နား လမ်းလျှောက်ထွက်မိတယ် #

ကျွန်မတို့ အခုလက်ရှိနေရတာက SM Entertainment main building ကြီးရဲ့ အနောက်ဘက် ခြံအကျယ်ကြီးမှာပေါ့ အဲမှာဆို studio ခန်းအကျယ်ကြီးတွေနဲ့ SM staff တွေအတွက် နေရာပေးထားတယ်

စိတ်ညစ်ညစ်နဲ့ တစ်ယောက်တည်း လမ်းလျှောက်လာရင်း EXO studio ခန်းမဆောင်ကြီးရဲ့ အနောက်ဘက်နား လူလဲ တော်တော်ပျက်တဲ့နေရာလေးတစ်ခု ကျွန်မရောက်သွားမိတော့

You : ဟယ် ........... ခွေးလေးပါလား ????
ကျွန်မမြင်လိုက်ရတာ နီညိုရောင် သစ်သားအိမ်လေးထဲက ဖြူ စွတ်စွတ် ခွေးလေးတစ်ကောင်
ခွေးလေးက အမွေးစုတ်ဖွားလေးနဲ့ အရမ်းချစ်ဖို့ကောင်းသလို ကျွန်မကိုလဲ သူခင်တဲ့ပုံပဲ အမြီးလေးတနှံနှံနဲ့ ကျွန်မနားကို ပြေးလာတယ်လေ

You : annyeong ........ ခွေးဖြူ လေး ........ မင်းက ကိုရီးယားကခွေးဆိုတော့ ကိုရီးယားလိုပဲ နှုတ်ဆက်ရမှာပေါ့နော် ......... မင်းနာမည်ဘယ်လိုခေါ်လဲ ......... ချစ်ဖို့ကောင်းလိုက်တာ
ကျွန်မကလဲ ခွေးလေးခေါင်းကနေ ကျောထိပွတ်ပေးရင်း ခွေးဖြူလေးကလဲ ခေါင်းလေးငုံရင်းပေါ့

ထိုစဉ် # သူ့နာမည်က JiJi #
နောက်ကလာတဲ့ စကားသံကြောင့် ကျွန်မ လှည့်ကြည့်လိုက်မိတော့
ကောင်လေးတစ်ယောက် , ၀တ်စားထားတာကတော့ သာမန်ပါပဲ အရပ်ကမြင့်မြင့် အသားက baek လောက်နီးနီးဖြူပြီး မျက်နှာက တော်တော်သန့်တယ်

Boy : မင်းက လူသစ်ထင်တယ် ဒီမှာမင်းကို တစ်ခါမှ မမြင်ဖူးဘူး ငါက HyunSeuk ပါ မင်းက ........
You : ah nae ......... ကျွန်မက training အသစ် (......) ပါ ဒါနဲ့ ခွေးလေးနာမည်က JiJi တဲ့လား ? လှလိုက်တာ ........ ရှင်မွေးထားတာလား ???

Boy : အင်း ဟုတ်တယ် ............. နောက်တစ်ယောက်နဲ့ အတူတူမွေးထားတာ .......... JiJi က SM တခုလုံးမှာ ကျွန်တော်တို့ နှစ်ယောက်ကိုပဲ မဟောင်ပဲ ခင်လို့လေ ......... ခုတော့ မင်းကိုပါ မဟောင်ပါလား သူက
You : အင်း ဟုတ်တယ် သူကအရမ်းချစ်ဖို့ကောင်းတာပဲနော် .......... ကျန်တဲ့သူ အားလုံးကို ဟောင်တယ်တဲ့လား ? .... လူရွေးပြီး ခင်တာပေါ့

When will he know that I Love him?-_-Where stories live. Discover now