Part - 19

255 24 0
                                    

ဒီ 18 နှစ်ပြည့်မွေးနေ့လေးက ကျွန်မအတွက်တော့ တကယ့်ကို တစ်သက်မမေ့နိုင်စရာနေ့လေးပေါ့ မထင်မှတ်ထားတာတွေပဲ ဆက်တိုက်ဖြစ်ပေါ်လာပြီး အိမ်မက်တောင် မမှတ်ဖူးတဲ့ ကျွန်မရဲ့မင်းသားလေးနဲ့ မွေးနေ့လုပ်ရတယ်

သူ့ဆီကရတဲ့ မက်မောဖွယ်အပြုံးလေးတွေ ဖြူစင်တဲ့ မျက်လုံးအကြည့်လေးတွေနဲ့ ကြည်နူးဖွယ် စကားလုံးလေးတွေကြား ကျွန်မ မျောသွားမိတာ အမှန်ပါ
Baek နဲ့ ကျွန်မ ကိတ်မုန့်စားရင်း cream တွေ လိုက်သုတ်ရင်းနဲ့ အချိန်တွေတောင် တော်တော်လင့်လာခဲ့ပြီ ညနေစောင်းတောင်ရောက်နေပြီပေါ့

You : ပြန်ကြတော့မလား ???

ကျွန်မ စကားလေးကြောင့် သူမျက်နှာလေး နည်းနည်းပျက်သွားတာ သတိထားလိုက်မိပါတယ်
Baek : ပြန်ချင်ပြီလား ???
You : မဟုတ်ပါဘူး ..... ကျွန်မက ဒီနေ့ free ဆိုပေမယ့် ရှင်က schedule တွေ ရှိနေမှာပေါ့ ကျွန်မကြောင့် အလုပ်ချိန်ပျက်သွားမှာစိုးလို့ပါ

Baek : အင်းပေါ့ မှန်တာပေါ့ ..... အလုပ်ပျက်တာ
You : ဟင် ( ငိုမဲ့မဲ့ဖြစ်သွားတဲ့ ကျွန်မ မျက်နှာလေး )

Baek : ဟုတ်တယ် ...... အကောင်းပြောတာ ..... အလုပ်ကိုပျက်သွားတာ ကြာပြီ ခုမှ ပြန်ဝင်လို့မရတော့ဘူး ..... ပြန်ရောက်တာနဲ့ အဆူခံရမယ့် အတူတူ အေးဆေးမှ ပြန်တာပေါ့
You : ကောင်းပြီလေ ...... ဒါဆို ဘာလုပ်ကြမလဲ ???

Baek : မေးစရာရှိတယ် ဖြေပေးမှာလား ???
You : အင်း ..... မေးလေ

Baek : လေဆိပ်အပြန်တုန်းက ဘာလို့မလာခဲ့တာလဲ ??? ပြသာနာ တခုခုကြောင့်လား ဒါမှမဟုတ်
# အိမ်က appa က စိတ်ဆိုးပြီး ပြန်ခေါ်နေလို့ပါ ...... ပြီးတော့ လေဆိပ်အ၀င်ထိ ရောက်ခဲ့ပါတယ် ,,,, မှန်ထဲကနေတောင် ချောင်းလိုက်သေးတယ် # ပြောရင်း ကျွန်မ မျက်ခုံးလေးပင့်ကာ လျှာလေးအသာ ထုတ်လိုက်မိတယ်

~~~ ဘယ်လိုကောင်မလေးလဲ မသိဘူး ........ သူကျွန်မခေါင်းလေးကို အသာပုတ်ပြီး ပြုံးပြတယ်

Baek : အော် ဒါနဲ့ ခုမှ သတိရတယ် ..... မင်းအသက် ၁၈ နော် ..... ငါက ၂၂ ...... ၅ နှစ်ကွာတယ် အဲဒါကို ဘာလို့ ရှင်နဲ့ ကျွန်မလို့ ပြောရတာလဲ ??? တခြားခေါ်စရာမရှိဘူးလား ???

When will he know that I Love him?-_-Where stories live. Discover now