*114* ဂုဏ်ပြုလက်ဆောင်

9K 1.6K 37
                                    

"ယွမ်ချန်..ရုန်ယိ မတွေ့ရတာကြာပြီနော်..ရှင်တို့နှစ်ယောက်ရော အဆင်ပြေကြရဲ့လား"
သူတို့ကြားမှာ ဘာမှမဖြစ်ပျက်ခဲ့သလိုမျိုး ကော်ချိုင်ချင်းက ပိုင်ယွမ်ချန်ကို သူမရဲ့ဂုဏ်ပြုလက်ဆောင်ကို ထုတ်ပေးလာ၏။
"ယွမ်ချန်...ရှင်တောင်သခင်နေရာကို ဆက်ခံနိုင်တာကိုဂုဏ်ပြုပါတယ်...ရှင့်ဆီကခွင့်ပြုချက်မတောင်းလိုက်ဘဲ ဒီနေရာကိုလာခဲ့လိုက်တဲ့အတွက်လည်း ကျွန်မတောင်းပန်ပါတယ်..ရှင်ကျွန်မကို ငြင်းတော့မငြင်းဘူးမလား"

ပိုင်ယွမ်ချန်က ပုံမှန်အတိုင်းဘဲ ပြန်ပြောလိုက်သည်။
"မငြင်းပါဘူး...ငါ့မှာလည်း မင်းနဲ့ သေချာဖြေရှင်းရမဲ့ကိစ္စတွေရှိသေးတယ်"

"ဒီနေ့က ရှင့်ရဲ့နေ့လေ..လူတိုင်းက ရှင့်ကို ကိုယ်တိုင်ကိုယ်ကျဂုဏ်ပြုပေးဖို့စောင့်နေကြတယ်...ရှင် အရင်ဆုံးဧည့်သည်တွေကိုဧည့်ခံလိုက်ပါ ကျွန်မက ပွဲပြီးသွားတဲ့အထိစောင့်နိုင်ပါတယ်"
ကော်ချိုင်ချင်းရဲ့အပြုအမူတွေက သဘာဝကျကျနဲ့ ကျက်သရေရှိနေပြီး အိမ်ရှင်အစစ်ကဲ့သို့ပင်..သူမက သိမ်မွေ့တဲ့အပြုံးလေးတစ်ပွင့်ပန်ဆင်ထားပြီး သူမတို့ရဲ့လက်ထပ်ပွဲကို ပျက်စေခဲ့တဲ့ရုန်ယိကို တွေ့နေရတာတောင်မှ ဘာမကျေမနပ်အမူအယာမှပြမလာချေ။

ရုန်ယိတောင်မှ သူမရဲ့ရင်းရင်းနှီးနှီးအပြုအမူတွေကြောင့် အံ့သြသွားရသည်။ သူ့ကိုမြင်တွေ့ပြီးနောက် သူမက သူ့ကိုနည်းမျိုးစုံနဲ့ထိခိုက်အောင်မလုပ်ခဲ့ရင်တောင်မှ အနည်းဆုံးတော့ ခက်ထန်တဲ့အမူအယာတော့ရှိနေမှာဘဲလို့ တွေးထားခဲ့ပေမယ့်လည်း အဲ့အစား သူမက သူတို့ကို ဘေးအိမ်ကရင်းနှီးတဲ့အိမ်နီးချင်းအစ်မတစ်ယောက်လိုမျိုး သိမ်သိမ်မွေ့မွေ့လေးပြုံးပြနေလေသည်။

ပိုင်ယွမ်ချန်လည်း သူမပြောသလိုဘဲ တွေးလိုက်ပြီး
"ကောင်းပြီလေ...ပွဲပြီးသွားတော့မှဘဲ..နေရာတစ်နေရာမှာထိုင်ပြီး စကားကောင်းကောင်းပြောကြတာပေါ့"

ကော်ချိုင်ချင်းက ရုန်ယိကို ဖျတ်ခနဲတစ်ချက်ကြည့်လိုက်ပြီး
"အကယ်၍ ရှင်စိတ်မရှိရင် ကျွန်မ ရုန်ယိနဲ့ စကားခဏလောက်အရင်ပြောလို့ရမလား"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now