Life goes on

1.7K 92 4
                                    

တော်သေးတာပေါ့ ကျွန်တော်တို့အချစ်တွေအခုထိမပြောင်းလဲသေးလို့.........

#


မနက်ခင်း...
သိပ်ကိုလှပတယ် ကျွန်တော်တစ်ယောက်တည်းပိုင်ဆိုင်ထားတဲ့ ကိုယ်ပိုင်နေရောင်ခြည်လေးအနားမှာရှိနေလို့ နွေးထွေးတယ် အို....အရာအားလုံးပြည့်စုံတယ် သူတစ်ယောက်တည်းကြောင့်

"hyung ထတော့လေ နေမြင့်နေပြီ"

"အင်း"

"အင်းမနေနဲ့ ကိုးနာရီထိုးတော့မယ်-

"ဟင်.... အချိန်က အဲလောက်တောင်ရောက်သွားပြီလား"

"ဒါပေါ့ hyung ပေါက်စလေးရဲ့"

"လူကိုဘာလဲ ‌ေပါက်စနဲ့
သူလူကောင်ကြီးတယ်ဆိုတိုင်းသူများကို"

ဒီလိုဘဲသာယာတဲ့‌ေန့လေးတွေဖြတ်သန်းဖို့ ကိုယ်တို့နှစ်ယောက်လုံးထိုက်တန်တယ်။
ဘယ်လောက်ပင်ပန်းခဲ့လဲကိုယ်တွေသာအသိဆုံး
ကိုယ်လိုမိဘမဲ့ တစ်ကောင်ကြွက် ရည်မှန်းချက်ပျောက်နေသူကို hyung ကပြောင်းလဲပေးခဲ့တာ သူ့မိဘတွေတောင်အတိုက်အခံလုပ်ပြီး ကိုယ့်ကိုရွေးချယ်ခဲ့တာ

Hyung ကအခု သူဝါသနာပါတဲ့ designer တစ်ယောက်ဖြစ်နေပြီ
                          Hope တဲ့ ‌
ခန့်ညားတယ်ဆိုတာထက် လှတယ်ဆိုတာပိုမှန်မယ်ထင်တယ် ဒီလို နာမည်ကြီး designer ကို တစ်ခါမြင်ရုံနဲ့ စွဲမက်စရာကောင်းလောက်တယ်။ ဒါပေမယ့် သူ့က ကျတော့်အပိုင်ဆိုတာ တစ်လောကလုံးသိပြီးသား
ဒါနဲ့တင် Kim Tae Hyung တို့ ဂုဏ်ယူစရာ😎
ကျတော်လား
အင်း.....
ကျတော်လည်းအခုနာမည်ရတဲ့ ပန်းချီဆရာတစ်ဦးဖြစ်နေပြီ အဓိက ကတော့ အိမ်ထောင်ဦးစီးကြီး ဖြစ်နေပြီပေါ့
                       thv

ဆိုတဲ့ ကိုယ့်ရဲ့ ပန်းချီကားတိုင်းရဲ့အောက်မှာပါတဲ့နာမည်ထဲမှာ h ဆိုတဲ့စာလုံးကိုအကြိုက်ဆုံးဘဲ ဘာလို့လဲဆိုတော့ hope ဆိုတဲ့ ကျတော့်ရဲ့မျှော်လင့်ချက်လေး hyung ကိုပြောချင်တာမို့လို့

"ဘာတွေပြုံးနေတာလဲ ယောင်း"
ဟုတ်တယ်လေ ကိုယ့်ကိုကြည့်ပြီးဘာမှမပြောဘဲပြုံး‌ေနတာမို့လို့

Vope Oneshot 💜Where stories live. Discover now