Become my perfect stranger

798 77 5
                                    

Pre Happy Hope day
You are always our Vitamin🐿️
And Sunshine you are my light to create my Future ❤️📈📈

အချိန်အတော်ကြာရပ်တန့်နေတဲ့ သုံးဆယ်ကျော်လူကြီးရဲ့ နှလုံးခုန်သံက ဆယ်ကျော်သက်လေးလိုမြန်ဆန်လာတယ်
မင်းတစ်ယောက်တည်းကြောင့်

내 심장 박동 my heartbeat📈📈📈

#

"ဟ...ဒီမှာလူတစ်ယောက်လုံးလာနေတာမမြင်ဘူးလား"

"ခများကရော လက်တစ်ဖက်ကဖုန်းကြည့်ရင်းလာပြီးတော့။ ခများကြောင့် ကျတော်အခုမှဝယ်လာတဲ
ကိတ်လေး ပျက်စီးသွားပြီ ဘာပြန်လုပ်ပေးမလဲပြော"

(ဒီလူရှေ့မှာ ကတ်ကတ်လန်ပြန်ပြောနေတဲ့ ရှဉ့်ပေါက်လိုအကောင်ပေါက်စ တကယ် လက်လန်တယ်
ကိုယ့်ထက်အတော်ငယ်မယ့်ပုံကိုများ လူကိုခများတဲ့)

"ဒီမှာ ချာတိတ် မင်းရဲ့ မဖြစ်စလောက်ကိတ်မုန့်ကိုလာပြောမနေနဲ့ ငါကအလုပ်ကိစ္စအတွက်ဖုန်းကြည့်နေတာ
မင်းလို ညကြီးမင်းကြီး မိဘတွေကိုအားမနာ လျှောက်သွားနေတာမဟုတ်ဘူး။ ပြီးတော့ငါမင်းထက်အသက်အများကြီး ကြီးတယ်"

"ခများ....အသက်ကြီးတော့ဘာလုပ်ရမှာလဲ
လူတစ်ယောက်အကြောင်းသေချာမသိဘဲ စွတ်ပြောနေတာ ပြီးတော့ကျွန်တော် လျှောက်သွားအလေလိုက်နေတာမဟုတ်ဘူး အလုပ်လုပ်နေတာ ဘယ်မိဘမှလည်းမရှိတာမို့လို့စိတ်ပူစရာမလိုဘူး သိလား
ဒီကိတ်မုန့် ကျတော့်ရဲ့ မွေးနေ့ကိတ်ဗျသိရဲ့လား
ဟင့်....."

(ကိုယ်လဲထင်ရာတွေစွတ်ပြောနေတာ သူများမွေးနေ့ထိ စိတ်ဆင်းရဲစရာပေးနေပါလား
Kim Tae Hyung ရေ ဟင်း.......
ကိုယ်ကအလေလိုက်တယ်မပြောမိပါဘူး......
အရှေ့က အကောင်ပေါက်လေးက မျက်ရည်တွေဝဲနေပြီ)

" အာ... တောင်းပန်....တောင်းပန်တယ်
ငါမှားတယ် ထားပါတော့ မွေးနေ့မှာ ငိုမနေနဲ့ နောက်ဘဝထိရုပ်ဆိုးသွားမယ်"

(ရုပ်ဆိုးမှာအတော်ကြောက်တယ်ထင်တယ် ချက်ချင်းတိတ်သွားတယ်)

"ဒီမှာ ဘာကိုရုပ်ဆိုးရမှာလည်း ကျတော်ချောတာကျတော်သိတယ်
သူများမွေးနေ့မှာ ‌စော်ကားပြီးရင်းစော်ကားတဲ့လူ အခုမှတွေ့ဖူးတော့တယ် ခများကဘယ်လောက်ကြီးတာမို့လို့ ချာတိတ်လာခေါ်နေတာတုန်း
ကျတော်က စီးပွားရေးတက္ကသိုလ်‌ေနာက်ဆုံးနှစ်ကျောင်းသားဗျ သိလား"

Vope Oneshot 💜Where stories live. Discover now