BEAUTIFUL CHRISTMAS

424 56 10
                                    

☃️圣诞节快乐 ☃️
🎁

"သူက ကျောင်းသားသစ်လား"

"အင်း ဟုတ်တယ်လေ"

"အမြဲတမ်းအဲ့အတိုင်း နေတာလား ဘယ်သူနဲ့မှစကားမပြောဘဲနဲ့လေ"

"Scholarship ကျောင်းသားဆိုတော့ သူ့ကိုသူတော်တယ်ထင်နေတာနေမှာပေါ့"

"ဟုတ်လောက်မှာ"

ကောင်ငယ်လေး ဘေးနားက ပေါင်းစုံသောအသံတွေနဲ့ အပေါ်ယံကြည့်အကဲဖြတ်နေခြင်းသည် သူ၏ အတန်းဖော်တွေသာ သို့သော် ပြိုင်ပွဲတစ်ခု၏ အကဲဖြတ်ကြမ်းသော ဒိုင်တွေထက် သာလွန်ပါသည်

အမြင်အာရုံကိုဘောင်ခတ်ထားတဲ့ လေးထောင့်ပုံ ပြတင်းပေါက်ကနေ အဆုံးမရှိကောင်းကင်ကြီးကို
လက်လှမ်းမှီသလောက် ငေးမောရင်း နားစည် အတွင်းရိုက်ခတ်လာတဲ့ ဂီတသံက သူ့ရဲ့ နေထိုင်ပုံနဲ့ကွဲလွဲစွာပါဘဲ

Rock ဂီတသံ ခပ်ကြမ်းကြမ်းကို အသံတုန်းမြင့်မြင့်နှင့် နားထောင်နေပုံက နားစည်ကိုသပ်သပ် ဒုက္ခပေးနေသယောင် သူ၏ခန္ဓာဆိုသော်ငြား ပြုမှုနေပုံက
အပြင်ပိုင်းကကြည့်၍ ဆုံးဖြတ်ချက်ပေးနိုင်သော ကောင်လေးမဟုတ်

#

သူ၏ အေးချမ်းရာသည် ကျောင်းဆောင်နောက်က အရိပ်ကောင်းသော သစ်ပင်ကြီးပင်
အဖော်မမက်သော သူ့အတွက် ဒီနေရာသည် ငြိမ်းချမ်းရာပင်

ခုံစောင်းလေးပေါ်ထိုင်ရင်း မျက်လုံးအသာဆင်းကာ
တစ်ယောက်တည်းရှိနေချိန်တိုင်းနားထောင်ဖြစ်သော
musician အချို့ရဲ့ အဆွေးပိုင်းကိုဖွဲ့ ညွှန်းထားတဲ့ ခံစားမှု သီချင်းတွေကိုသာ နားထောင်မိသည်
သူသည် အပြင်ပိုင်းအရ အေးစက်သော်ငြား
စိတ်နှလုံးသားက‌တော့သိပ်နုနယ်ပါသည်

ခံစားလွယ်သူအတွက် သီချင်းစာသားတိုင်းကို စီးမြောချင်သော်ငြား လွယ်ကူစွာဖြစ်ပေါ်လာတတ်သည့် မျက်ဝန်းစပ်က ရည်ကြည်ပေါက်ငယ်တို့ကိုလည်း
လစ်လျူရှုချင်သည်

အများသူငှာရှေ့ သူ၏ ဤပုံရိပ်ကို ဖွင့်မပြချင်
အကြောင်းပြချက်ရေရာစွာမရှိဘဲ စိတ်တ္တဇနာမ်ဖြစ်သော ထိတွေ့ကိုင်တွယ်၍လည်းမရ ပုံဖော်ပြလည်း
မရသည့် ခံစားချက်ကို ခုတုံးလုပ်နေခြင်းပင်
သူမြိုသိပ်ထားသော အကြောင်းအရာတစ်ချို့ကို
သူကိုယ်တိုင်သာ သိပေမည်

Vope Oneshot 💜Where stories live. Discover now