The Last Present

379 53 10
                                    

နောက်ဆုံးလက်ဆောင်တဲ့
#

ဒါဟာနောက်ဆုံးလက်ဆောင်ပါတဲ့

အရာရာဟာ အနည်းငယ်ဆီပြောင်းလဲသွားတယ်
ငယ်ဘဝရဲ့အမှတ်တရလေးတွေမှာ မင်းဟာငါ့ရဲ့အချစ်ဦးအဖြစ်ပါဝင်ခဲ့တယ်

ဆုပ်ကိုင်ခဲ့ဖူးတဲ့လက်ချောင်းသွယ်သွယ်လေးတွေဟာ ခုများဖြင့် တစ်စုံတစ်ယောက်ရဲ့ လက်ဖဝါးနုနုလေး‌ကို ငြင်သာစွာနဲ့ ‌ဆုပ်ကိုင်ပေးထားသလို
မှီခိုဖူးတဲ့ ပုခုံးထက်မှာ ထိုတစ်စုံတစ်ယောက်ကိုဘဲ
လဲလျောင်းစေသည်

ရင်ခွင်ကျယ်ကြီးဟာ ငါ့အပိုင်လို့သတ်မှတ်ဖူးလောက်အောင် ချစ်‌ခြင်းတွေကို ဒီရင်ခွင်ကြီးကို အားပြုမှီတည်ကာဆိုဖူးသည်

ဆင်တူဝင်ဆင်ခဲ့ဖူးသော နောက်ဆုံးအမှတ်တရမှ အထက်တန်းနောက်ဆုံးနှစ်ဖြစ်သလို ထိုကာလမှာပဲပစ်ပယ်ဖို့ထိဆုံးဖြတ်ခဲ့တဲ့အရာတွေကိုလည်း ပြန်တည့်မတ်ခဲ့ဖူးသည်

အချစ်ငှက်ငယ်လေးတွေတစ်တီတူးနေကြပြီး အရိပ်ကောင်းသောသစ်ပင်ကြီးအောက်က ခုံတန်းငယ်လေးမှာ ရှိခဲ့ဖူးသည့် အမှတ်တရများစွာထဲကမှ အထူးခြားဆုံးဟူသော ခရစ်စမတ်ရက်မြတ်လေးမှာ
ချစ်ခွင့်ဆိုသူအား တိကျသော အဖြေတန်ပြန်ပေးခဲ့ခြင်းလည်း ရှိခဲ့ဖူးသေးသည်

ခုများဖြင့် တစ်ချိန်က အမှတ်တရများကို
တမ်းတရင်းသာ

ပြောင်းလဲသွားသော အချိန်တွေအလိုက် အသက်‌တွေလည်းမငယ်တော့သလို တိကျသောအခြေအနေတစ်ခုကိုလည်း သူတို့ရောက်ခဲ့လေပြီ
သူ့ရဲ့နှလုံးသားလေးကလည်း ဟိုး...အမြင့်တစ်နေရာမှာ တောက်ပစွာနဲ့တည်ရှိနေလေရဲ့ လှမ်းမော်ကြည့်လျှင်တောင် သိပ်မြင့်မားလွန်းတာ ဆွတ်ခူးနိုင်ဖို့ဟူသည် ဝေးလှစွာသော အနေအထားတစ်ခု

ဘယ်အရာတွေကဘယ်လိုပြောင်းလဲသွားလဲမသိပေမဲ့ သူ့အပေါ်ကို ကျတော်ကတော့စွဲလမ်းရင်းဘဲ

#

အတွေးများဆွတ်ပြန့်ရင်း ကော်ဖီလေးတစ်ငုံသောက်ကာထိုင်နေလိုက်တယ် ဂျောင်ကျကျ‌ဝိုင်းတစ်နေရာမှာထိုင်နေတာသော်လည်း
ရှေ့က လူတစ်ချို့ရဲ့အံ့ဩသော အသံများတစ်စိုးတစ်စိကြားနေရတာကြောင့် တစ်ခုခုဖြစ်နေပြီလို့တော့ထင်မိသည်
သို့သော် ...

Vope Oneshot 💜Where stories live. Discover now