*115* မင်းကငါတို့ကိုသေအောင်ဖိအားပေးနေတာဘဲ

9K 1.6K 20
                                    

အင်းကွက်ရေးဆွဲတာကိုသိတဲ့တပည့်က ထိုအင်းကွက်ပုံစံတွေကိုကြည့်ကာ ခဏလောက်စဥ်းစားကြည့်နေပြီးမှ
" အထည်နဲ့အလှပြင်ပစ္စည်းဆိုင်မှာ ပစ္စည်းပြတ်သွားတဲ့အထိရောင်းရတဲ့ မွမ်းမံခြင်းအင်းကွက်တွေပေါ်က ဟာနဲ့ နည်းနည်းဆင်တူနေတယ်"

ချက်ချင်းဘဲ ခန်းမထဲမှာ ဆွေးနွေးပြောဆိုသံတွေပြည့်နှက်သွား၏။

"မင်းပြောတာ မွမ်းမံခြင်းအင်းကွက်တွေက အင်းကွက်ပုံစံတွေနဲ့လား...သေချာကြည့်ကြည့်တော့ တူသလိုလိုဘဲကွ...ဆွဲထားတဲ့ပုံကနေ ရေးထားတဲ့စာလုံးတွေကထိ အတော်လေးတူတာဘဲ"

"ဒါက တစ်ကယ်ဘဲ မွမ်းမံခြင်းအင်းကွက်တွေလား"

"ပိုင်ယွဲ့တောင်က တပည့်ကတော့ ရုန်ယိက ဂိုဏ်းချုပ်ရှေ့မှာ မွမ်းမံခြင်းအင်းကွက်တွေကို သူလုပ်တာပါဆိုပြီး ဝန်ခံသွားတယ်လို့ပြောတာဘဲ.. သူ ဂိုဏ်းချုပ်ကို လိမ်ပြောရဲမယ်လို့ ငါတော့မထင်ဘူး"

လူတိုင်းက အံ့သြစွာနဲ့ ရုန်ယိကို အာရုံစိုက်ပြီးကြည့်လာကြသည်။ တစ်ယောက်က မျှော်လင့်တကြီးနဲ့ မေးကြည့်လိုက်သည်။
"ဆရာဦးလေးရုန် မွမ်းမံခြင်းအင်းကွက်တွေ ဘယ်လိုလုပ်ရလဲဆိုတာ တစ်ကယ်သိတာလား"

ရုန်ယိ ပြန်မဖြေရသေးခင် ရှောင်ရှင်းကျန့်က ချက်ချင်း ငြင်းဆိုလိုက်၏။
"ဒါတွေက မွမ်းမံခြင်းအင်းကွက် မဖြစ်နိုင်ဘူး အထည်နဲ့အလှပြင်ပစ္စည်းဆိုင်က မွမ်းမံခြင်းအင်းကွက်ပုံစံက ဒါနဲ့လုံးဝမတူဘူး"

တွေ့ဖူးတဲ့တပည့်တစ်ယောက်ကလည်း ခေါင်းငြိမ့်ပြီး ထောက်ခံလိုက်သည်။
"ဒါက တစ်ကယ်ဘဲမတူဘူး..အထည်နဲ့အလှပြင်ပစ္စည်းဆိုင်မှာက တိုက်ခိုက်ရေးအင်းကွက် ၊ အကာအကွယ်အင်းကွက် ၊ တောင့်ခဲအင်းကွက်နဲ့ မွမ်းမံခြင်းအင်းကွက်ဆိုပြီး လေးမျိုးဘဲရှိတာ..နောက်ပိုင်းမှ တစ္ဆေကျင့်ကြံသူတွေအတွက် အင်းကွက်တစ်မျိုးကို ရောင်းချလာတာ"

ရှောင်ရှင်းကျန့်နဲ့ အတူပါလာတဲ့တပည့်တစ်ယောက်က လှောင်ရယ်သံနဲ့
"ငါထင်တာတော့ ဆရာဦးလေးရုန်က ဆရာဦးလေးပိုင်ကို ပျော်အောင်လုပ်ပေးဖို့အတွက် မွမ်းမံခြင်းအင်းကွက်ပုံစံကို လိုက်တုပြီးလုပ်ထားတာဘဲဖြစ်မယ်..ဘာဘဲဖြစ်ဖြစ် ဆရာဦးလေးရုန်ကိုလည်း အပြစ်တင်လို့တော့မရပါဘူးလေ.."

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now