*116* ရုန်ချီနဲ့နောက်တစ်ကြိမ်ပြန်တွေ့ခြင်း

9.3K 1.6K 42
                                    

ထင်ထားသလိုပင် နောက်ထပ်နာရီအနည်းငယ်အတောအတွင်းမှာဘဲ ကျိုရွှီဂိုဏ်းတစ်ဂိုဏ်းလုံး ဒီအကြောင်းကို သိရှိသွားကြတော့၏။

သူ့မြေးဆီကနေ ဒီအကြောင်းပြန်ကြားလိုက်ရတဲ့အခါ အစောင့်ခေါင်းဆောင်ရှောင်မှာ ထိုင်ခုံပေါ် အပုံသားထိုင်ချမိသွားတော့သည်။ အနာဂတ်မှာ ဂိုဏ်းထဲကလူတိုင်းက သူ့ရှောင်မိသားစုကလူတွေရယ် သူတို့နဲ့ပတ်သတ်ဆက်နွယ်နေတဲ့သူတွေရယ်ကို ဖယ်ကျဥ်ကြတော့မည်ပင်။ သူတို့အတွက် ဂိုဏ်းထဲမှာ နောက်ထပ် နေရာရှိတော့မှာမဟုတ်တော့..။

ရုန်ယိခေါင်းပေါ် အညစ်အကြေးတွေလောင်းချခဲ့တဲ့ တပည့်တွေလည်း သူတို့ရဲ့နောက်ပြောင်ပြီးလုပ်လိုက်တဲ့ အပြုအမူလေးတစ်ခုက ဒီလိုကပ်ဆိုးကြီးကိုဆောင်ယူလာစေလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့မိကြပေ။ သူတို့ကိုယ်တိုင်သာမကဘဲ ရှောင်မိသားစုကိုပါ ဆွဲချသွားခဲ့သည်ပင်။

ဒါပေမဲ့ သူတို့ကို အံ့အားအသင့်သွားစေဆုံးကတော့ လုံးဝကိုသုံးစားမရတဲ့အမှိုက်တစ်စလို့ သူတို့သတ်မှတ်ထားခဲ့တဲ့သူက လူတိုင်း လိုချင်လွန်းလို့ တိုက်ခိုက်နေကြရတဲ့ မွမ်းမံခြင်းအင်းကွက်တွေကို ပြုလုပ်တဲ့သူဖြစ်နေတာကိုပင်။ အရင်က ရုန်ယိအပေါ် သူတို့ရဲ့သဘောထားကို ပြန်စဥ်းစားကြည့်လိုက်မိတဲ့အခါ ဘာလို့များ သူတို့အရင်က ရုန်ယိကို ကောင်းကောင်းမဆက်ဆံခဲ့ရတာလဲဆိုပြီး နောင်တမရတဲ့သူမရှိပေ။

ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေအားလုံးမှာလည်း အဆင့်၃ မွမ်းမံခြင်းအင်းကွက်တွေကို သူတို့မျက်လုံးနဲ့ကိုယ်တိုင် မြင်တွေ့ချင်ကြပေမဲ့လည်း ဘယ်လိုဘဲဖြစ်ပါစေ သူတို့က လူတိုင်းရဲ့အမြင့်မှာနေသားကျနေပြီဖြစ်တဲ့ အကြီးအကဲတွေဖြစ်နေတာကြောင့် သူတို့ကိုယ်သူတို့ နှိမ့်ချကာ ရုန်ယိကို လာမတွေ့နိုင်ကြပေ။ သူတို့့အတွက် မွမ်းမံခြင်းအင်းကွက်တွေပြုလုပ်ပေးဖို့ လူငယ်မျိုးဆက်တစ်ယောက်ကို မည်ကဲ့သို့ သွားတောင်းဆိုရပါမည်နည်း..။ ဒါကြောင့် ဂုဏ်ပြုပွဲကိုသွားခဲ့တဲ့ တပည့်သားမြေးတွေကိုသာ သူနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးတည်ဆောက်ဖို့နဲ့ လိုအပ်ရင် မျက်နှာသာရဖို့ပါဆောင်ရွက်ကြဖို့သာ ပြောလိုက်ရတော့သည်။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now