*117* သူကအစ်ကို့ရဲ့ယောက်ဖ

8.7K 1.6K 56
                                    

ရုန်ချီမှာ သူ့ကို တစ်ယောက်ယောက်က 'ဒုတိယအစ်ကို' လို့ခေါ်တာကိုကြားလိုက်ရတဲ့အခါ တောင့်တင်းသွားရပြီးနောက် လုံးဝမှောင်မည်းနေတဲ့နေရာမှာရပ်နေတဲ့ လှပတဲ့ရှေးခေတ်ဝတ်စုံဝတ်ဆင်ထားတဲ့ လူငယ်လေးတစ်ယောက်က သူ့ရှေ့မှာပေါ်လာတာကိုတွေ့လိုက်ရတာကြောင့် သူအတော်လေးထိတ်လန့်သွားရသည်။

"မင်း....မင်း ဘယ်သူလဲ.."
သူ ကြောက်ရွံ့ထိတ်လန့်စွာနဲ့ နောက်ကိုခြေလှမ်းပြန်ဆုတ်လိုက်ပြီး
"ပြီးတော့ ဒါကရော ဘယ်နေရာကြီးလဲ"

"ဒုတိယအစ်ကို...ကျွန်တော်ပါ ရုန်ယိလေ.."
ရုန်ယိ စိတ်လှုပ်ရှားစွာနဲ့ ရှေ့တိုးကာ ရုန်ချီရဲ့လက်မောင်းကိုဆွဲကိုင်လိုက်သည်။

"ရုန်ယိ..ရှောင်ယိလား...မင်းပြောတာ မင်းက ငါ့ရဲ့ညီ ရှောင်ယိလို့လား..."
ရုန်ချီက သူ့လက်ထဲကနေ ရုန်းလိုက်ပြီး
"ငါ့ကိုလာလိမ်မနေနဲ့..ငါ့ညီက မင်းနဲ့လုံးဝမတူဘူး.."

ရုန်ယိ တွေဝေသွားကာ ပတ်ဝန်းကျင်ကိုပြန်ကြည့်လိုက်မိသည်။ သူကအခုထိ ဂူထဲမှာဘဲရှိနေသေးပြီး  ခေတ်သစ်ကို အချိန်ပြန်ကူးပြောင်းသွားတာ မဟုတ်သေးပေ။ ဒါပေမယ့် ဘာလို့များ ရုန်ချီက သူ့ရှေ့မှာရပ်နေတာကို မြင်တွေ့နေရတာလဲ...ဘာတွေဖြစ်ပျက်နေတာလဲ...

သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားလိုက်ပြီးနောက် နောက်ကိုခြေလှမ်းအနည်းငယ်ပြန်ဆုတ်ကာ ရုန်ချီကို သတိအနေအထားနဲ့ကြည့်လိုက်၏။ ဒါက သူထင်ယောင်ထင်မှားဖြစ်နေတာဖြစ်ရင်ဖြစ် မဟုတ်ရင် တစ်စုံတစ်ခုက သူ့ရဲ့ဒုတိယအစ်ကိုပုံဟန်ဆောင်ပြီး သူ့ကိုချည်းကပ်ဖို့ကြိုးစားနေတာဘဲဖြစ်ရမည်။

"ဒါက ဘာနေရာကြီးလဲလို့...ငါက ဘာကိစ္စနဲ့ ဒီနေရာကိုရောက်လာရတာလဲ.."
ရုန်ချီက သူ့ဖုန်းက မီးကိုဖွင့်ပြီး ပတ်ပတ်လည်ကိုလိုက်ကြည့်ရင်းနဲ့ ထိတ်လန့်တုန်လှုပ်စွာ ပြောလာသည်။
"ငါ့ဘာသာ ငါ့အိမ်ကဧည့်ခန်းထဲမှာနေနေတဲ့ဟာကို.. ဘာလို့ ဒီနေရာမှာပေါ်လာရတာလဲ.. ရှောင်ယိ...ဦးလေးကျု...ရှောင်ရှင်းရှင်း.. မင်းတို့ဘယ်မှာလဲ.."

ဘယ်သူမှပြန်ဖြေလာတာကိုမကြားရတဲ့အခါ သူပိုလို့တောင်ကြောက်ရွံ့လာတော့၏။
"ရှောင်ယိ..မင်း ငါ့ကိုခြောက်ဖို့ မှော်အတတ်တွေသုံးလိုက်ပြန်ပြီမလား..ငါကြောက်တတ်တာ မင်းသိတယ်နော်..ငါမခံနိုင်တော့ဘူးလို့..မင်းလုပ်ထားတာတွေ ပြန်ရုတ်သိမ်းလိုက်တော့ကွာ..မဟုတ်ရင်..မဟုတ်ရင်... ငါငိုချလိုက်တော့မှာနော်.."

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now