မိုးတွေအဆက်မပြတ်ရွာသွန်းနေပြီး
လျှပ်စီးတွေလဲအဆက်မပြတ်လက်နေတဲ့
မိုးကောင်းကင်နဲ့ လပြည့်ည.......
ဆေးရုံကြီးတစ်ခုလုံးအမှောင်ကျသွားတယ်
ကြောက်ရွံအော်ဟစ်တဲ့အသံတွေက
မိုးခြိမ်းသံနဲ့အတူရောနှောလျက်......
မကြာလိုက်မီးတွေအကုန်ပြန်လင်းလာပြီး
ရုတ်ရုတ်သဲသဲဖြစ်သွားတဲ့ ဆေးရုံ......
အော်ပရေးရှင်းအခန်းရှေ့
ကနာမငြိမ်ဖြစ်နေသည့်ကောင်လေးတစ်ယောက်
"သားရယ် စိတ်အေးအေးထားပါ
အမေတို့မြေးလေးက ချောချောချူချူနဲ့
ထွက်လာမှာပါ"
အမေရဲ့စကားကိုကြားသော်လဲ
သူ့စိတ်ကနာမငြိမ်နိုင်
သူဟာမကြာခင်ကလေးအဖေဖြစ်တော့မှာ
ခြေးချောင်းလက်ချောင်းသေးသေးလေးတွေနဲ့
ကလေးလေးတစ်ယောက်ကိုသ
သူ့ရဲ့ကမ္ဘာထဲဆွဲသွင်းရတော့မည်။
ခြေချောင်းသေးသေလေးတွေနဲ့
မြေကြီးပေါ်လမ်းလျှောက်တော့မည်။
မွေးလာမဲ့သူ့ရဲ့သမီးလေးကလဲ
ကျိန်းသေပေါက်
သူ့အတိုင်းTrue Alphaဖြစ်မှာ.......
Nurseတစ်ယောက်ထွက်လာတော့
ယောက္မခဖြစ်သူကပြေးသွားသည်။
ဂျောင်ကုနောက်ကပြေးလိုက်တော့
ယောက္ခမကမျက်နှာမကောင်း
"ဟန်ဘာဖြစ်လို့လဲအမေ"
"ဘာမှမဖြစ်ပါဘူး သားမတ်လေးရဲ့
သွေးလိုလို့ပါ အမေသွေးသွင်းတဲ့နေရာ
လိုက်သွားလိုက်အုံးမယ်"
"ဆရာမ ဟန့်ကိုကောသမီးလေးကိုကော
သေချာပေါက် ခေါ်လာပေးပါ"
သူ့လက်တွေတုန်နေသလို
မျက်ရည်တွေလဲ ကျနေတယ်.....
အသွေးအသားငယ်ကိုဆုံးရှုံးရမှာ
သေမတတ်ကြောက်ပါသည်။
တစ်ချိန်ကသူဆိုတဲ့မာနကြီးတဲ့Alphaက
Beta nurseမရှေ့မှာ
မျက်ရည်တွေကျနေတယ်တဲ့......
ဒီအဖြစ်အပျက်တွေကို
အုတ်နံရံအကွယ်ကကြည့်နေတဲ့
အိုမီဂါကောင်လေး.....
မျက်၀န်းအိမ်တွေမှာလဲ
မျက်ရည်တွေကအစ်ထွက်လို့.....
လက်ကဆေးအိတ်ချိတ်တဲ့တိုင်ကိုကိုင်ကာ
တစ်နေရာဆီသို့ထွက်လာခဲ့သည်။
Nurseမနဲ့ချစ်ရသောသခင်Alphaရဲ့
ယောက္ခမပြောနေတာတွေနားထောင်ပြီး
သူ့စိတ်ထဲတစ်ခုခုကိုဆုံးဖြတ်ချက်ချခဲ့တယ်
ပြီးတော့ အနံ့ပေါင်းစုံရောနေတဲ့ ဆေးရုံထဲကနေ
လက်ကဆေးချိတ်ကိုဖြုတ်ကာ
အဖြူအနှီးပွေ့လေးကိုပိုက်ပြီး
ဘယ်သူမှမမြင်အောင်ထွက်လာခဲ့သည်။
ပြီးတော့ ကားနက်လေးပေါ်သို့
