1month later~~~
"မနက်ဖန်နားရက်ရတာမို့လစာထုတ်ချင်တဲ့လူတွေနာမည်နဲ့ပိုက်ဆံလာထုတ်လို့ရတယ်"
အန်တီဆောရဲ့စကားကြောင့်အိမ်စေအကုန်နီးပါးပိုက်ဆံထုတ်ရန်တန်းစီနေကြသည်မှာ ပျော်စရာကြီးပင်
အိုမီဂါလေးကတော့ အပေါ်ထပ်ကသူ့သခင်ဆီတွင် လစာထုတ်ရမည်ဖြစ်သည်။အပေါ်ထပ်ကိုပြေးတက်လာပင်မဲ့အခန်းတစ်ခန်းရှေ့မတ်တပ်ရပ်ပြီးလက်ပိုက်ကြည့်နေသည့်သခင့်အမျိုးသမီး
"ကင်ထယ်ယောင်း ဟက် မကြာခင်နင့်ရဲ့ကျရှုံးခန်းကလာတော့မှာ"
မကြားချင်ယောင်ဆောင်ကာသူနဲ့သခင့်အခန်းထဲသို့သာ၀င်လာလိုက်သည်။သခင်ကကုတင်ပေါ်တွင်ထိုင်ပြီး
Laptop၁လုံးနဲ့အလုပ်ထိုင်လုပ်နေသည်။သူ့သခင်ကခုချိန်ထိ သူ့နားမှာဘဲနေတာ.....သခင့်ကြောင့်သာသူ့ကိုဘယ်သူမှထိခိုက်အောင်မလုပ်တာ
"သခင်"
"အွန်းအိုမီဂါလေး"
"မနက်ဖန်နားရက်ရတယ်"
"အဲ့တော့"
သူ့ကိုမကြည့်ဘဲအလုပ်ကိုဘဲ အာရုံရောက်နေတာမို့ဆက်မပြောတော့ဘဲအခန်းထဲကသာထွက်လာလိုက်သည်။သခင်ကသူ့အပေါ်ဆိုတစ်ခါတစ်လေအေးတိအေးစက်နဲ့အခန်းပြင်ကိုရောက်လာပြီးမကြာသူ့ကိုနောက်ကနေချီပိုးလိုက်သည့်သခင်.......
"ပြောစရာရှိတာပြီးအောင်မပြောဘဲ ထွက်ပြေးတယ်ပေါ့"
အခန်းထဲပြန်ခေါ်လာပြီးကုတင်ပေါ်ချပေးကာပြောတော့ အိုမီဂါလေးမျက်နှာကဆူပုတ်လို့.....
"သခင်အလုပ်ရှိနေတာကို လုပ်ပါကျွန်တော့ကိုဂရုမစိုက်ပါနဲ့"
"မရှိဘူး ကိုယ့်ကိုဘာပြောမို့လဲ မနက်ဖန်နားရက်ရတယ်ဆိုလား"
"အွန်း အဲ့တာ ကျွန်တော့ကိုလဲလစာပေးမို့ပြောထားတယ်လေ"
"ဟုတ်ပါပြီရော့"
သခင်ကသူ့ပိုက်ဆံကတ်ကို လက်ထဲထည့်ပေးသည်။
"ဒါမလိုချင်ဘူး ပိုက်ဆံ၅၀၀၀ဘဲလိုချင်တာ"
"ဒါကတစ်သက်လုံးစာအတွက် လစာ"
