အိုမီဂါ~~~20

15.8K 924 80
                                        

​ပြတင်းလိုက်ကာမှ ​လေတိုး​ချက်​ကြောင့်တစ်လွှင့်လွှင့်ဖြင့်ရှိ​နေပြီး ​​မွန်းတည့်ချိန်​ရောက်​နေပြီဖြစ်တဲ့ ​နေ​ရောင်မှာလဲအခန်းတွင်းသို့ လိုက်ကာကြားမှဖြာဆင်း​နေသည်။
​လေတိုးလာတိုင်းချမ်းစိမ့်​နေတာမို့အိပ်ရာထက်မှအိပ်​ပျော်​နေသည့် ​ကောင်​လေး၂​ယောက်မှာလဲ တစ်​ယောက်နဲ့တစ်ယောက် အတင်းဖက်တွယ်ထား​လေသည်။

*​ဒေါက် ​ဒေါက်*

"ထယ်​လေး မား၀င်လာမယ်​နော်"

တံခါးချက်ကိုလှည့်ကာ၀င်လာသည့်Lunaမှာ အိပ်ရာ​ပေါ်မှ ​သားဖြစ်သူနဲ့Alphaတူတူရှိ​နေပြီး အ​ပေါ်ပိုင်းဗလာဖြစ်​နေသည့်အ​ခြေအ​နေ​ကြောင့် ​သွေးတက်ချင်သွားသည်။

"တယ်တီ ပါပါး အားးး ထယ်ဟွန်း
ထယ်ဟွန်း ပါပါးနဲ့တယ်တီတူတူအိပ်​နေရယ်"

ဟယ်ယွန်း​ပေါက်စ​လေးမှာ အဘွား​နောက်က​နေလိုက်လာပြီး အခန်းထဲမှ သူ့ဒယ်ဒီနဲ့ပါပါးကိုတွေ့ပြီး ထယ်ဟွန်းကိုအ​ပြေးသွား​ပြော​​လေသည်။

"ဘယ်မှာရဲ"

"ဟိုမှာ​ရေ"

"ဝှားး နင့်တယ်တီက ငါ့ပါပါးကို
စားရိုက်ပြီထင်ရယ် အူးးဝှားး ပါပါး"(🤣)

သူ့ပါပါးကိုဒယ်ဒီကစားလိုက်ပါတယ်ဆိုပြီး​အော်ကာ ကုတင်​ပေါ် ​ပြေးတက်သွားသည့်ထယ်ဟွန်းရယ်.....ဟယ်ယွန်းမှာလဲ သူ့အမြွှာအကိုလို​နောက်ကလိုက်သွားပြီး ကုတင်​ပေါ်တက်ကာတယ်တီနဲ့ပါပါးကိုသွားနှိုး​လေသည်။

"ဟယ် ​​မြေးတို့ ဆင်းဆင်းမင်းတို့အ​ဖေ​တွေ
အိပ်​နေတယ်"

အဘွားဖြစ်သူက​ခေါ်လဲ ​ပေကပ်ကာ
တယ်တီနဲ့ပါပါး​ပေါ်တက်ခွသည့် ​ပေါက်စ​လေးး​တွေ

"သားထယ်ဟွန်း ဟင်!! မား!!!!"

သူ့မားကို မြင်မှ လန့်ဖြန့်ကာ အတင်းထထိုင်သည့်
အိုမီဂါငယ်.....

"အ့ ဟင့်"

"ကင်မ်ထယ်​ယောင်း ဂျွန်​ဂျောင်ကု ခဏ​နေ​အောက်ဆင်းခဲ့ ဟိုက​လေး၂​ကောင် အပြင်ထွက်"

ရုပ်တည်ကြီးနဲ့​ပြောလာသည့်မား​ကြောင့်အနည်းငယ်ကြက်သီးထမိပါသည်။က​လေး၂​ယောက်မှာလဲ ကုတင်​ပေါ်မှ ပြန်ဆင်းသွားကာ အဘွား​နောက်ပါသွာ​း​လေသည်။

သခင့်အိုမီဂါ <<< Completed >>>Where stories live. Discover now