*118* ဒါငါမဟုတ်ဘူးလား

8.8K 1.6K 23
                                    

ရုန်ယိ သူ့မျက်နှာသူ ခပ်ကြမ်းကြမ်းပွတ်ပစ်လိုက်သည်။
"ငါ့အစ်ကိုက ပုံထဲကလူကို သွားလိုက်တဲ့အထိ မတုံးအဖို့တော့မျှော်လင့်ရတာဘဲ.."

သူမအောင်မြင်ခဲ့ရင်တော့ အဆင်ပြေပါသည်။ ဒါပေမဲ့ သူအောင်မြင်သွားခဲ့ရင်တော့..အင်း... သူချစ်ရတဲ့လူက သူ့ဒုတိယအစ်ကိုနဲ့ ကြည်နူးသွားလာနေမှာကို သူ သည်းခံပြီးထိုင်ကြည့်မနေနိုင်ပေ။

ကျစ်..သူအတွေးတွေလွန်နေတာဘဲ ဖြစ်လိမ့်မည်။ ခေတ်သစ်မှာ နောက်ထပ် ယင်ကျင်းရဲ့တစ်ယောက် ထပ်ရှိနေဖို့ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ..။

ရုန်ယိ အစောပိုင်းက သူ့မိသားစုရဲ့ဧည့်ခန်းပုံကိုတွေ့နေရတဲ့ ကျောက်တုံးနံရံကို ထိကိုင်ကြည့်လိုက်သည်။
"ငါ ထင်ယောင်ထင်မှာ ဖြစ်နေတာတော့ မဖြစ်နိုင်ဘူး.."

ဒီနေရာက ကမ္ဘာနှစ်ခုကို ဆက်သွယ်ပေးထားတဲ့နေရာဖြစ်ပြီး ရုန်ဝေ့ယိကာကွယ်စောင့်ရှောက်ထားတဲ့ နေရာလည်းဖြစ်ပေလိမ့်မည်။ ဒါဆို ခေတ်သစ်ရဲ့တည်ရှိနေမှုကို သူသိရှိထားဖို့က အတော်လေးကို ဖြစ်နိုင်ချေများ၏။ အကယ်၍ တစ်ခြားကျင့်ကြံသူတွေသာ ဒီနေရာကိုရှာတွေ့သွားခဲ့မယ်ဆိုရင် ခေတ်သစ်ကမ္ဘာက ဘယ်လိုဖြစ်လာလိမ့်မလဲဆိုတာ သူတစ်ကယ်ကို ပုံဖော်မကြည့်နိုင်တော့..။

ရုန်ယိ ဒီနေရာမှာဘဲ နောက်ထပ်နာရီဝက်နီးပါး စောင့်နေခဲ့ပေမယ့်လည်း သူ့မိသားစုဧည့်ခန်းက ထပ်ပြီးပေါ်မလာတော့တာကြောင့် သူအရှေ့ကိုသာ ဆက်သွားလိုက်တော့သည်။ ထို့နောက် အကူအညီတောင်းနေတဲ့အသံကို ထပ်မကြားရတော့ဘဲ ရေစီးနေသံတွေကိုသာ ကြားနေရတော့လေသည်။

အခုချိန်မှာ သူတို့ကို အကြီးအကဲတွေက လျှို့ဝှက်နယ်မြေတွေက မှတ်တမ်းဗွီဒီယိုတွေကို အတင်းကြည့်ခိုင်းခဲ့တာအတွက် အတော်လေး ကျေးဇူးတင်နေမိသည်။ ဒါကြောင့်သာ သူ ထောင်ချောက်တွေကို အလွယ်တကူရှောင်ရှားနိုင်နေတာဖြစ်၏။ ပန်းပွင့်တွေ မြက်ပင်တွေ ဒါမှမဟုတ် တစ်ချို့ပိုးကောင်တွေလိုမျိုးပေါ့ အကယ်၍ သူတို့ပေါ်ကို မတော်တဆနဲ့သာ တက်နင်းလိုက်မိမယ်ဆိုရင် အစုလိုက်အပြုံလိုက်ကြီးထွက်လာကာ လူကို အရှင်လတ်လတ်ဝါးစားသွားကြပေလိမ့်မည်။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now